ဂျိန်းကြောင်ဘွဲ့တံဆိပ်တော်ရ-အဇာတသတ် ဘဒ္ဒန္တ အရှင် ဦး ဆရာတော် ကိုနော
`ကိုနော....ကုလားတွေနဲ့ စကားမပြောတာ အတော်ကြာပြီနော်...။´
`အေးဗျာ...မမဝေအထူထုတ်..အဲ...အဲ...အထူးထုတ်မဂ္ဂဇင်းတော်ကြီးမှာလည်းနည်းနည်းပါးပါးဝင်ဖွနေရသေး
တယ်ဆိုတော့....ကိစ္စများမြောင်...ရဟန်းဘောင်တဲ့ကွာ..မှန်သလိုလိုတော့ရှိသား...နောက်ပြီးတစ္ဆေကလည်း
ကိုက်ချင်ချင်ရယ်.....´
`လုပ်ပီ...သင်္ကြန်ကလိုပါသေးတယ်´
`စကားမစပ် ဓမ္မဂင်္ဂါကြီးရဲ့ အတွင်းသား ဖတ်ဖြစ်လား...?
`အတွင်သားကို တူးဖြိုခြင်းလား, ဖတ်ဖြစ်ပါတယ်...ကောင်းတယ်ဗျ....။´
`ဟာ...မင်းကလည်းသူ့ဟာမကောင်းတာမှမရှိတာကွာ...ဒါနဲ့မင်းကိုနည်းနည်းမေးကြည့်လို့ရမလား...?
`ကြီးကြီးကျယ်ကျယ်ဗျာ...အခွင့်တွေဘာတွေတောင်းလို့....ပြီးရင်ပြောချင်ရာပြောမှာကိုသိနေတဲ့ ဥစ္စာ´
`လူကြီးလူကောင်းတွေဆိုတော့တောင်းရသပေါ့ကွာ....လူကြီးလူကောင်းတွေအခွင့်တောင်းပြီးမှမေးရမယ်လို့
ဥပဒေရှိတယ်မဟုတ်လား...?
`ခင်ဗျား သဘောပါပဲ လေ...၊´
`ကဲ ဒီလိုဆို မေးပြီ ကိုပိန် ရေ...´
`လျှာရှည်လိုက်တာဗျာ...´
`ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာဘွဲ့တွေ ရထားလဲဗျ...´
`ဗိုလ်ချုပ်ဘွဲ့ရတာမကြားဖူးဘူး...လွတ်လပ်ရေးဖခင်ကြီးလို့တော့အမြတ်တနိုးခေါ်ကြတယ်...´
` ဟုတ်ပီ...အိန္ဒိယရဲ့လွတ်လွပ်ရေးဖခင်ကြီး(နိုင်ငံ့ဖခင်ကြီး)ကကောဘယ်သူလဲ..?
`ဟာ...အဲဒါကခင်ဗျားပိုင်နက်လေဗျာ...ကိုနောကကုလားတွေနဲ့စကားပြောတယ်မဟုတ်လား..?
`ဒါဆို...ဒီလိုမှတ်ထားဗျ...မဟတ္တမဂန္ဓီကြီးကိုယုဂပုရိသ(တစ်ခေတ်တစ်ယောက်ထွန်း),ရဋ္ဌပိတာ(နိုင်ငံ့ဖခင်),
ဗာပူ(ဘဘကြီး)လို့အမြတ်တနိုးခေါ်ကြတယ်ဗျ...။´
`အော်.....အမြင်ဆုံးဘာရတ်ရတန်(ဘာရတရတနာ)ဘွဲ့နဲ့ဘယ်ကမြင့်လဲ...?
`့ဟာ..တခြားစီကွာ....ဘာရတ်ရတန်ကအစိုးရကပေးတာ...ဟိုနာမည်တွေကပြည်သူတွေပေးတာလေ...´
`ဟုတ်ပါပြီတဲ့...ဟုတ်ပါပြီ...ထင်သားပဲ...ပြောချင်ရာပြောမယ်ဆိုတာ...ဒါနဲ့အတွင်းသားနဲ့ဘာဆိုင်လဲဗျ...?
`လာမယ်လေ...မလောပါနဲ့...အိန္ဒိယရဲ့ပထမဆုံးသမ္မတဘယ်သူလဲ...ဟေ့..?
`ဒါကတော့လူတိုင်းသိတယ်ကွာ...ဒေါက်တာရာဂျင်ဒရာပရာဆာဒ်ဗျာ..´
`အေး...သူ့ကိုလည်းပြည်သူတွေကနာမည်သုံးမျိုးနဲ့ခေါ်ကြတယ် ...´
`လင်းစမ်းပါဦး...ခပ်ကျဉ်းကျဉ်း´
`တတိယ...ဗီဟာ(ရ်)ဂန္ဓီကွာ,ဒုတိယ....ဒေရှ်ရတန်(ဒေသရတနာ)ကွာ,ပထမ...ဘာဖြစ်မယ်ထင်လဲ...?
`ဟိုက် ရှားဘား ကိုယ် ဘယ်သိမလဲ...ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းပေါ့...´
`မအံ့သြနဲ့နော်...အဇာတသတ် (အဇာတရှတ်တရု) တဲ့ကွ...´
` သြော ဟော် ဘယ့်နှာကြီးတုန်း....ပေးစရာနာမည် ရှားလို့ကွာ...´
` အဲဒါကြောင့် ပြောတာပေါ့...အတွင်းသားကို ဖတ်ပြီးပြီလားလို့....´
`အေး..ဟေ...ရေးတေးတေးတော့ဖြစ်လာပြီ...ဒါဆို အဇာတသတ်...ယှဉ်နိုင်တဲ့ရန်သူမရှိဆိုတာမှန်ပြီပေါ့´
` အင်းပေါ့...´
`ဒါဆို...အဋ္ဌကထာကိုဘယ်လိုလုပ်မလဲ...?
`အေး..ကိုယ်ကလည်းပါရဂူမဟုတ်သေးတော့မပြောတတ်ဘူး,မစ္စတာပါရဂူတော့ပြောနိုင်လောက်တယ်...
ထင်တာပဲ....ကိုယ့်အမြင်ကတော့အဋ္ဌကထာဆိုတာအဋ္ဌကထာပဲကွ...´
`ဟိုက် ရှင်းလိုက်တာ...´
`ဒါဆို..အဲဒါထားလိုက်..ကိုနောကအဘိဓာန်ပေါင်းစုံခေါင်မြီးခြုံအိပ်နေသူဆိုတော့တိတိကျကျလေးလုပ်ပါဦး´
`ကောင်းပြီ..စာရှိတဲ့အတိုင်းပြောမယ်ကွာ..HINDI..ENGLISHအဘိဓာန်က(one)havingnoenemy(born),
without...adversary..or..equalလို့ဆိုသကွာ......ဗြူဟစ်ဟိန္ဒီအဘိဓာန်ကြီးကကုလားလိုပြောရမလား´
`ဟာ ဖေါက်ပြီ ဒီက ကောင်းကောင်းနားထောင်နေတာ..´
`ရန်သူမရှိသူ တဲ့.....ရာ့ဂ်ျပါလ်ဟိန္ဒီအဘိဓာန်ကြီးကလည်း ဒီအတိုင်းပဲ´
`ထူးတဲ့ အဘိဓာန် မရှိတော့ဘူးလား...?
` ရှိသေးတယ်ဗျို့...အိန္ဒိယသမိုင်းအဘိဓာန်(ဘာရတိယ ဣတိဟာစ် ကို့ရှ်)တဲ့...´
`လုပ်ပါဦး...ဘာတဲ့လဲ...?
` အဇာတသတ်ဟာ ဂျိန်းရော,ဗုဒ္ဓရော နှစ်ဦးလုံးကို ကိုးကွယ်ပါသတဲ့..´
` ဟုတ်... ဟုတ်ပါ့မလား ကိုနောရဲ့...´
` မပြောတတ်...စာကတော့ ဆိုတာပဲကွာ...´။
`ဒါနဲ့ အဇာတသတ် ကိုနော ဖြစ်ရောလား...?
` ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီလိုပဲ ထွင်နေကြတာပဲ မဟုတ်လား....။
`ဒါပေါ့ ဒါပေါ့.............။
ကိုနော
၁၄.၃.၂၀၁၀
`
ဒီကဗျာဟာ အသစ်မဟုတ်ဘူး
ဇာတ်ကွက်ကလည်း အဆန်းမဟုတ်ဘူး
လောကမှာ အသစ်အဆန်းဆိုတာ ဘာမှ မရှိဘူးလေ...။
ဟဲ ဟဲ ကိုယ်ကတော့ လူသစ်လေးပေါ့...၊
ကိုယ်နဲ့အတူ လောကကြီးလည်း
အတွေ့အကြုံအသစ်တွေတိုးပွားနေလေရဲ့....၊
အဖြစ်အပျက်တွေ ဘယ်လောက်ဟောင်းဟောင်း
ကိုယ်က အခုမှ သိရတာ.....။
[၃.၂၀၁၀-ထုတ် ဟတ်စ်မဂ္ဂဇင်းမှ ပူဇာခိတ်လန် ၏ မယ် နယီး ဟူန် ကို ပြန်ဆိုပါသည်။]
ကိုနော
၁၃.၃.၂၀၁၀
နှစ်ပေါင်း(၁၂၀)ကျော်က သိမ်ကျောက်စာ
ကိုနော၏ဇာတိ ထားဝယ်မြို့၏ အရှေ့ဘက်(၁၀)မိုင်အကွာတွင်ရှိသော သင်းကျွန်းရွာသည် သရက်ချောင်း မြို့နယ်ရှိ ရွာပေါင်း(၄၇)ရွာတွင်ပါဝင်သော ရွာကြီးတစ်ရွာဖြစ်သည်။ မိမိသည် သင်းကျွန်းသို့ တစ်နှစ်တစ် ခေါက် ရောက်မြဲဖြစ်သည်။ယခုတစ်ခေါက် သင်းကျွန်းရောက်ရသည်မှာ အဖိုးတန်လှသည်။ရှေးဟောင်းသိမ် ကျောက်စာတစ်ချပ်ကိုဖတ်ရှုလေ့လာလိုက်ရ၍ဖြစ်သည်။
ထိုကျောက်စာသည် နှစ်ပေါင်း(၁၂၀)ကျော်ပြီဖြစ်သော်လည်း အပြည့်အစုံရှိနေသည်။ တင်ပြပုံကောင်းသည်။ အချက်အလက်ဝေဆာသည်။ ဂုဏ်ယူစရာအကြောင်းအရာများဖြစ်သည်။အသိနောက်ကျခြင်းအတွက်နောင် တရမိနေသည်။(ဟာသလည်း မြောက်သေးရဲ့)
ထိုကျောက်စာသည် သင်းကျွန်းရွာ၏ အနောက်တောင်ဘက် ဗောဓိကုန်းစေတီတော်နှင့် ရတနာတန်ဆောင် သိမ်တော်၏ အမှတ်အသားဖြစ်သည်။ သင်းကျွန်းရွာမှ ပညာတတ် ရဟန်းပုဂ္ဂိုလ်,လူပုဂ္ဂိုလ် များစွာပေါ်ထွက် သော်လည်း ထိုကျောက်စာကို စိတ်ဝင်တစားမရှိခဲ့ကြ။ ရွာကိုဦးဆောင်နေကြသောဆရာတော်အဆက်ဆက် ကလည်း မေ့လျော့နေခဲ့ကြသည်။ အံ့သြဖွယ်ရှိပါပေစွ။ မည်သို့ပင်ဖြစ်စေ မပျက်မစီးထိန်းသိမ်းထားနိုင်သော သင်းကျွန်းရွာကို ကျေးဇူးတင်ထိုက်လှပေသည်။ သုတေသီများလေ့လာနိုင်ရန် စိတ်ဝင်စားစရာကောင်းလှ သော ထိုကျောက်စာကို မူရင်းသတ်ပုံအတိုင်း အပြည့်အစုံ တင်ပြလိုက်ပါသည်။
Subscribe to:
Posts (Atom)
