ဒီဘက်ကမ်းက မီးမှိန်မှိန်....၊
ဟိုဘက်ခေါင်းက စိမ်းမှောင်မှောင်
ဒီဘက်ခေါင်းက ထိပ်ပြောင်ပြောင်...၊
ဒီနေရာ ငါအရင်ရောက်တာနော်...။
ငါ့ကျောပေါ် ဘ၀တွေ ပြောင်လက်
တချို့က မှောင်နက်လို့လေ....၊
အခုလည်း ကြည့်ပေါ့....
ဇာတ်ညွှန်းအသစ်နဲ့ ဇာတ်ထုပ်အဟောင်း
ကလို့မှ မပြီးနိုင်ကြ....။
ငါ့ရင်ခွင်မှာ
ဘ၀တွေက လှိုင်းတွေဖြစ်
လှိုင်းတွေက ကျားတွေဖြစ်
တောတွေက လမ်းဖြစ်
လမ်းက ကမ္ဘာဖြစ်
ဖြစ်ချင်ရာ ဖြစ်ကြတော့
နင်တို့တွေ
မလွတ်မြောက်သေးသရွေ့
ငါမသေဘူး...
လှဲလိုက်ဦးမယ်
အေးဆေး....။
ကိုနော
၎.၂.၂၀၁၀
၎.၂.၂၀၁၀
ပါချန်မြစ်ဟူသည် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့်မြန်မာနိုင်ငံ ကော့သောင်းမြို့တို့ကို ခွဲခြားထားသောနယ်ခြားမြစ် ဖြစ်သည်။
0 comment(s) to... “ပါချန်မြစ်”
0 comments:
Post a Comment