ခူးချင်လို့တော့ မဟုတ်ပါ...။
နေ လေ မိုးတွက်, မညှိုးပျက်ရန်, စောင့်ရှောက်ပြန်လည်း,
ခူးရန်တော့ဖြင့် မရွယ်ပါ....။
တိရစ္ဆာန် ပိုးမွှား, မဖျက်စားဖွယ်,သတိဆွယ်လည်း,
ခူးမယ်တော့ဖြင့် မကြံပါ...။
ပင်ထိပ်မှာ စက်
ပင်ထက်မှာ လန်း
ပင်နန်းမှာ စံ
ပင်ယံမှာ ၀င့်
ပင်မြင့်မှာ ကြွား
ပင်ဖျားမှာ ပျော်
ပင်ပေါ်မှာ မွှေး
ပန်းကလေးဟာ
ခွင့်ရေးရှိသမျှ, တည်ပါစေ......။
သဒ္ဓမ္မမဏ္ဍိုင်ဆရာတော်
ကဗျာကလေးက ညက်နေတာပဲ၊ကိုနောရေးတာ မဟုတ်မှန်းသိသာလွန်းတယ်၊
ကိုနော
၃.၂.၂၀၁၀
0 comment(s) to... “ဥယျာဉ်မှူးရဲ့ဆန္ဒ”
0 comments:
Post a Comment