သရက်သီးများ မမှည့်တော့...
ဖရဲသီးများလည်း မရဲတော့မယ့်နေ့တွေ
မဝေးတော့ဘူး……၊
ဘုံဘေဒီဇင်ဘာတွေ ဒေလီရောက်လာမယ့်….
ကတ်ရှမီးယားပန်းသီးတွေ ဟိုက်ဒရာဘတ်ကနေ ရောက်လာမယ့် ညတွေ
မဝေးတော့ဘူး….၊
ဆာရီကို ဂျပန်ကီမိုနိုလို ၀တ်ဆင်ကြမယ့်
အခမ်းအနားတွေ
မဝေးတော့ဘူး….၊
လူစည်ကားတဲ့ ဈေးထဲက ပစ္စည်းနဲ့ပိုက်ဆံအိတ်တွေလို
အိမ်တွေမှာ အထီးတည်းနေကြတဲ့အခါ….
အားလုံးကို မိတ်ဆွေခေါ်ပြီး
ဘယ်သူနဲ့မှ မိတ်ဆွေမဖြစ်ကြတဲ့အခါ…
ဒီနေ့ ပန်းတွေရဲ့နာမည်တွေ မေးပြီး
မနက်ဖြန် မေ့သွားတဲ့အခါ…
အဲဒီလို အချိန်မှာတွေမှာ
ငါ့ကလေးတွေ ဘယ်မှာ ရှိနေကြမလဲ....ဆိုတာ
ဘယ်သူသိနိုင်မလဲ….
ကိုယ်လည်း တကယ်မသိဘူး….။
ဒါပေမယ့်
ကလေးတွေကတော့
ကလေးဘ၀မှာပဲ ကလေးလို တွေးနေကြလိမ့်မယ်….။
ကိုနော
၂၀.၃.၂၀၁၀
[က၀ိတာ အဂ်ျကလ်ကဗျာပေါင်းချုပ်မှ အိန္ဒုဂျိုင်း၏ ဗဟွတ် ဒူးရ် နဟီး ကို ပြန်ဆိုပါသည်။]
2 comment(s) to... “မဝေးတော့ဘူး”
2 comments:
မဝေးတော့ဘူး ကိုနော
မဝေးတော့ဘူးဆိုတာ ဝေးတာပဲ။ အင်း ရှုပ်ပြီးတာကို ထပ်ရှုပ်ကြဦးစို့။ သံသရာကိုပဲ အလွမ်းတွေထဲ မျှောကြစို့။
မဝေးတော့ဘူး။
Post a Comment