ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။
သိပ်ကိုက်တဲ့ချင်တွေ
Posted 2:09 AM by ကိုနော in Labels:
ထွက်လေ….။
ဝင်လေ…….။
ထွက်လေ….။
နှာသီးဖျားမှာ စိတ်စိုက်
သိပ်ကိုက်တဲ့ ချင်တွေ ၀ဲနေတယ်…။
တိုက်ဆောက် ကားဝယ်
သူကြွယ် သူဋ္ဌေးဖြစ်ချင်တယ်…၊
ကဲ……ဖျမ်း…….အင့်….။
လူတော် လူဇော်
ထင်ပေါ်သူလည်း ဖြစ်ချင်တယ်……၊
ကဲ……ဖျမ်း…….အင့်….။
အိပ်မက်ထဲမှာ တ၀ဲလည်လည်
ခင်လေး လာရင် ကြိုချင်တယ်…..၊
ကဲ……ဖျမ်း…….အင့်….။
သီချင်းလေး တမြမြ
မိတ်ဆွေများနဲ့ ကချင်တယ်…..၊
ကဲ……ဖျမ်း…….အင့်….။
လောကနိဗ္ဗာန် အမေရိကန်
အမြန်မနှေး ရောက်ချင်တယ်……၊
ကဲ……ဖျမ်း…….အင့်….။
နောက်ငါးလကြာ ရွှေမြန်မာ
ဘာတွေဖြစ်မယ် သိချင်တယ်…..၊
ကဲ……ဖျမ်း…….မအင့်(ခစ်...ခစ်..ပျင်းတယ်)….။
ကိုနော
၁၀.၄.၂၀၁၀
(မှတ်ချက်.....ချင်...ဟူသည်ချင်ပင်ဖြစ်ပါ၏။ခြင်နှင့်အသံထွက်တူနေသဖြင့်ကိုက်တတ်သောဟိုအကောင်ကို
အားနာမိပါ၏။)
0 comment(s) to... “သိပ်ကိုက်တဲ့ချင်တွေ”
0 comments: