ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ကုသိနာရုံ

Posted 9:48 AM by ကိုနော in Labels:
မထုရာရဲ့ မှော်လက်ရာ
ဦးခေါင်းတော် မြောက်ဘက်ထား
တစောင်းဟန် အသားကျလို့ပါလား....။
သြော်.............
ရုပ်ပွား ကျောက်ဆစ်
အချိန်စားတော့လည်း
အဟောင်းဖြစ်ခဲ့ပေါ့.....။

`ဇာတိကိုဆန်
အသက်ကြီးပြန်
ခရီးဒဏ်ပန်းတာကြောင့်
အင်းကြင်းကိုရှာ
မီရာကိုအဖေါ်ပြုမိတယ်ကွယ့်
မင်းတို့တောရွာ´

ကာလာစုံ လူသားတို့
အပူပါးဖို့စိတ်စိုက်
ဖူးထိုက်မှ ဦးခိုက်ရပါသတဲ့....။

ငါလည်း အပူသား
ရင်ခွင်နားကပ်မိပါရဲ့
အငြိမ်းဓာတ်
ကိန်းဝပ်ဖို့ မျှော်မိတယ်....။

လုမ္ဗိနီသွားကြဦးစို့....။

ကိုနော
၂.၂.၂၀၁၀






0 comment(s) to... “ကုသိနာရုံ”

0 comments: