ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ကုလားသင်္ကြန်

Posted 5:16 PM by ကိုနော in Labels:
(ဤပုံ(၂)ပုံကို google မှ ယူသည်။)
 
ယနေ့(ကုလားအလို)တပေါင်းလပြည့်နေ့ဖြစ်သည်။ကုလားလပြည့်သည်မြန်မာလပြည့်ထက်တစ်ရက်နောက်
ကျသည်။တပေါင်းလပြည့်နေ့သည်ဟိန္ဒူများ၏ထင်ရှားသောဟိုးလီ(HOLIသင်္ကြန်)ပွဲတော်နေ့ဖြစ်သည်။ဟိုးလီ ပွဲတော်တွင်နေ့ဘက်၌လတ်ဆတ်လန်းဆန်းသောဆေးများဖြင့်တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်
လိမ်းသုတ်ကြပြီး,ညဘက်၌ထင်းများစုဆောင်းပြီး မီးရှို့ကြသည်။

(၁) ဆေးဖြင့်လိမ်းသုတ်ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်လူသားများသည်ပျင်းရိပျင်းတွဲဖြစ်နေတတ်သည်။သီချင်းတောင် ကျယ်ကျယ်မဆိုချင်ကြ။ထိုပျင်းရိမှုများ,ပပျောက်သွားပြီးအင်အားသစ်များရရှိလာအောင်စင်ကြယ်လန်းဆန်း
သောဆေးများဖြင့် လိမ်းသုတ်ကြသည်။(ပြောတာ...ပဲ)

(၂) ညဘက်မီးရှို့ခြင်း
ဆောင်းအကုန်,နွေအ၀င်ရာသီပြောင်းချိန်တွင်ပတ်ဝန်းကျင်းနှင့်လူ့ခန္ဓာကိုယ်တွင်ဘက်တီးရီးယားပိုးများတိုး ပွားလျက်ရှိသည်။(ယနေ့အပူဒီဂရီ၁၄.၅ဖာရင်ဟိုက်ရှိနေသော်လည်း)အစဉ်အလာအရဟိုးလီညရှို့လိုက် သောမီးကဘက်တီးရီိးယားပိုးများကိုသတ်ဖြတ်ပြီးပတ်ဝန်းကျင်နှင့်ခန္ဓာကိုယ်ကိုကျန်းမာအောင်ကျေးဇူးပြုနိုင်
သည်။ (စာကတော့ ဆို တာပဲလေ..)
[၂၈.၂.၂၀၁၀နေ့ထုတ် COMPACT သတင်းစာမှ ထုတ်နှုတ်ပြန်ဆိုသည်။]

ဤသည်ပင်လျှင်ကိုနောခရေဇီဖြစ်လှစွာသောလက်ယားအဘိဓာန်တော်ကြီး၏ဦးစွာပထမအစပုဒ်ဖြစ်တော့
သည်။
  ကိုနော
၂၈.၂.၂၀၁၀
အိမ်လခပေးရန် ပိုက်ဆံအိတ်လိုက်နေရှာသောအချိန်။



0 comment(s) to... “ကုလားသင်္ကြန်”

0 comments: