ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ရွက်ဆုတ်ဒိုင်ယာရီ

Posted 8:02 AM by ကိုနော in Labels:
 
(၁)
`ရုံး၏ခွင့်ပြုချက်မရဘဲ သေဆုံးသွားသူ၏ 
လစာကို မည်သူထုတ်ပေးသနည်း......?´

(၂)
`တို့ကျောင်းနောက်က စိန်ပန်းတော
ပျိုကလေးတွေ လက်နဲ့ ခေါ
ရွှေမော်ဓောမှာ တင်သလေ.....။´

(၃)
`မခင်အေး
ဘီအေ နောက်ဆုံးနှစ်
အမေ့နားပေါက် ဟောင်းလောင်း...။´

ခရီးတစ်ဝက်လမ်းဆုံ
လွှမ်းခြုံခဲ့တဲ့ ဇာတ်လမ်းအကျဉ်း
ခပ်ရှင်းရှင်းပဲ နမ်းလိုက်တယ်...။

တခါတလေ
နေရာလွဲလို့ မှားလား မှားရဲ့...။
တခါတလေ
အဆင်ပြေပါလျက် အဓိပ္ပါယ်မဲ့ခဲ့...။
တခါတလေတော့
အသွင်မလှပေမယ့်
အထင်ကရလည်း ဖြစ်ခဲ့ဖူးတယ်...။
(တော်သေးတယ်ဗျို့)
လက်ကျန်ရှေ့ခရီး
ထီး,အကာ ပါရဲ့လား...?
စီးစရာ သာရဲ့လား.....?
ဟန်ကျနိုင်ပါ့မလား....ဟေ...။

ကိုနော
၁.၃.၂၀၁၀
ဆန်ကုန်သွားသဖြင့် ဘယ်လောက်တန်ဆန်ဝယ်ရကောင်းအံ့ဟုစဉ်းစားနေသောအချိန်






0 comment(s) to... “ရွက်ဆုတ်ဒိုင်ယာရီ”

0 comments: