ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ကမ္ဘာ့ဖလား

Posted 10:36 AM by ကိုနော in Labels:
 အလှမ်းမမီတာ
ဝမ်းမနည်းဘူး…
ကိုယ်ကမှ ခြေစစ်ပွဲမအောင်ခဲ့တာ….။
`အားနည်းသူ လမ်းဖယ်စတမ်း´ခေတ်မှာ
မင်းဘက်က မျှတပါတယ်လေ…။

မင်းအချစ်ကို ဆွတ်ခူးမယ့်
အကောင်းဆုံးအသင်းကို အားပေးဖို့
ငါ့လက်တစ်စုံ
တခုပ်တရ ဆေးကြောထားတယ်….။
လုပ်ပွဲတွေ ကင်းရှင်းအောင်တော့
မင်းလေး တာဝန်ယူပေါ့….။

စိုးရိမ်မိတယ်….
ဂုဏ်ယူရုံသက်သက်
မင်းအချစ်တွေ
ဧည့်ခန်းထဲ ပြသခံထားရမှာကို…..။

စိတ်ချ….
နောက်ဘ၀ ကမ္ဘာ့ဖလားမှာ
ကိုယ် ဗိုလ်စွဲရစေ့မယ်…
နောက်ပြီး…
ကိုယ့်ရင်ခွင်ဟာ
ဧည့်ခန်းတစ်ခု မဖြစ်စေရဘူး….။

ကိုနော
၃.၆.၂၀၁၀


0 comment(s) to... “ကမ္ဘာ့ဖလား”

0 comments: