ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

နှင်းဆီ(အဖြူ)

Posted 7:54 PM by ကိုနော in Labels:
 ရဲမှ နှင်းဆီခေါ်ကြလေမလား…?
မတူနိုင်တာကို နားလည်ပေးပါ…၊
သင်းတို့လိုပါပဲ…..
ရှင်သန်ဖို့
အကြင်နာတွေ မျှော်လင့်ဆဲပါ….။

ကိုယ့်မှာလည်း
အပွင့်ချပ် အစုံအလင်
လက်နက်တွေ တပုံတပင်ပါလေ….၊
အလှအပတော့
ဇာချဲ့ မပြောချင်ဘူး
သင်းတို့ပေးတဲ့ အမှတ်အတိုင်းရှိစေ…..။

ပွင့်မိချေပြီ…..
မပန်ချင်ရင် ခေါင်းတွေရွှေ့ထား….
ဆူးကြောက်ရင် ဒူးထောက်နေကြ….။
ခေတ်ကတောင်းဆိုလာရင်
ကိုယ့်လက်နက်တွေ ဖြုတ်သိမ်းဖို့
ဆွေးနွေးမယ်……။

ကိုနော
၎.၆.၂၀၁၀
မှတ်ချက်.....နှင်းဆီဗေဒ မကျွမ်းကျင်ပါ....အလှနဲ့ဆူးကို တွဲမြင်မိသဖြင့် ရင်ဖွင့်လိုက်တာပါ...သဘာဝနဲ့အံချော်နေပါက တည့်မတ်ပေးကြပါရန်....။



1 comment(s) to... “နှင်းဆီ(အဖြူ)”

1 comments:

မော်ကွန်းသစ် said...

ကာလာစုံ အကုန် ပန်မှာပဲ။ ကတုံးမို့ ပန်ဖို့မလွယ်ရင် စိတ်ကြိုက် တစ်ယောက်ကို အငှါးပန်ဖို့ ပေးတော့မယ်။