ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

လူယာ

Posted 8:24 AM by ကိုနော in Labels:
 အစိမ်းရွက်ကို
အဖြူခြယ်…
အမာ,အပျော့ပစ္စည်းတချို့ပေါင်းစပ်….
တတောက်တောက်နဲ့
ဝါးလို့ ကောင်းသား….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။

တချို့ကျတော့…
အဖြူထည်ကို
အညိုနုရောင် ဆင်မြန်းပေး
အမာထည်တွေ တပ်ဆင်…
အပျော့ထည်တွေ ရိုက်သွင်းထား…
ဝါးကြည့်လိုက်တယ်…
နှစ်လေးဆယ်….၊
ရဲသွေးတော့ နီပါရဲ့…
ရွံ့စရာကောင်းလိုက်တာ…
`ထွီ….´။
ကင်ဆာတောင်ဖြစ်နေလောက်ပြီ...။

ကိုနော
၎.၆.၂၀၁၀




1 comment(s) to... “လူယာ”

1 comments:

မော်ကွန်းသစ် said...

ထွီ စရာတွေများလှပါလား။ ဘာလိုလို ညာလိုလို ဟိုစပ်စပ် ဒီစပ်စပ်သမားတွေ ထွီကွာ။