သဒ္ဓမ္မောပါယန(သာမန်လူသား နိဗ္ဗာန်သွား)မဟာကဗျာကျမ်းကြီးနှင့်ပတ်သက်၍
ပညာရှင်များသို့ပန်ကြားခြင်း
ပညာရှင်များသို့ပန်ကြားခြင်း
သဒ္ဓမ္မောပါယန(သာမန်လူသားနိဗ္ဗာန်သွား)မဟာကဗျာကျမ်းကြီးကိုသီဟိုဠ်ပြည်သားအဘယဂိရိဝါသီစက္က၀တ္တီ
ဘွဲ့ရအရှင်အာနန္ဒာမထေရ်ပြုစုခဲ့သည်။မူလဋီကာဆရာရှင်အာနန္ဒာဟုတ်/မဟုတ်လေ့လာဆဲဖြစ်သည်။ ထောက်ပြပါကကောက်ရသည်ဟုသဘောပိုက်ပါမည်။(၁၂)ရာစု၌ဆင်ဟလီအက္ခရာဖြင့်ပြုစုထားခြင်းဖြစ်သည်။
ဤသည်မှာပညာရှင်အများစုလက်ခံထားသောအချက်ဖြစ်သည်။အငြင်းပွားဖွယ်အချို့ရှိသော်လည်းအကာဖြစ်
၍လက်ရှောင်လိုက်သည်။အကယ်၍အကျယ်တ၀င့်သိရှိလိုပါကလည်းတင်ပြပေးရန်ဝန်မလေးပါချေ။
ဘွဲ့ရအရှင်အာနန္ဒာမထေရ်ပြုစုခဲ့သည်။မူလဋီကာဆရာရှင်အာနန္ဒာဟုတ်/မဟုတ်လေ့လာဆဲဖြစ်သည်။ ထောက်ပြပါကကောက်ရသည်ဟုသဘောပိုက်ပါမည်။(၁၂)ရာစု၌ဆင်ဟလီအက္ခရာဖြင့်ပြုစုထားခြင်းဖြစ်သည်။
ဤသည်မှာပညာရှင်အများစုလက်ခံထားသောအချက်ဖြစ်သည်။အငြင်းပွားဖွယ်အချို့ရှိသော်လည်းအကာဖြစ်
၍လက်ရှောင်လိုက်သည်။အကယ်၍အကျယ်တ၀င့်သိရှိလိုပါကလည်းတင်ပြပေးရန်ဝန်မလေးပါချေ။
ဤကျမ်းကို(၁၈၈၉)ခုနှစ်တွင်ရိုမန်အက္ခရာဖြင့်P.T.Sကထုတ်ဝေပြီးဖြစ်သည်။(ခြေသွက်လက်သွက်ရှိလိုက်တာ နော်)။ကိုနောကြည့်ရှုနေသောဒေ၀နာဂရီအက္ခရာမူမှာကိုနောတို့ဆရာဆန်စ်ကရစ်တက္ကသိုလ်ပါဠိဌာန
ပါမောက္ခဟောင်းပရော်ဖက်ဆာဒေါက်တာဗြဟ္မဒေ၀နာရာယန်းရှားရမားကရိုမန်အက္ခရာမှဒေ၀နာဂရီသို့
အက္ခရာဖလှယ်ပြီးဟိန္ဒီဘာသာပြန်ဆိုထားသောမူဖြစ်သည်။(ဆင်ဟလီမူမှာလက်ရေးမူဖြစ်န၍ရိုမန်မှဖလှယ်
ရခြင်းဖြစ်သည်။)
ပါမောက္ခဟောင်းပရော်ဖက်ဆာဒေါက်တာဗြဟ္မဒေ၀နာရာယန်းရှားရမားကရိုမန်အက္ခရာမှဒေ၀နာဂရီသို့
အက္ခရာဖလှယ်ပြီးဟိန္ဒီဘာသာပြန်ဆိုထားသောမူဖြစ်သည်။(ဆင်ဟလီမူမှာလက်ရေးမူဖြစ်န၍ရိုမန်မှဖလှယ်
ရခြင်းဖြစ်သည်။)
ဤကျမ်းကို..ကိုနောကမြန်မာအက္ခရာသို့ဖလှယ်ပြီးမြန်မာပြန်ဆိုပါမည်။(ဟီ..ဟိ...ဆရာကြီးဖြစ်ရချေသေး။) ဤကျမ်းသညfမြန်မာအက္ခရာဖြင့်မရှိသေးဟုယူဆရသည်။မြန်မာအက္ခရာဖြင့်(ရှိ/မရှိ)သိသောပညာရှင်များ ဆွေးနွေးတင်ပြပေးကြပါရန်တောင်းပန်လျှောက်ထားပါသည်။ကိုနောပျင်းနေသရွေ့စောင့်ဆိုင်းပါမည်။
ကျမ်း၏သိမှတ်ဖွယ်ရာအချုပ်နှင့်မြန်မာပြန်ဆိုမည့်အစီအစဉ်ကိုတင်ပြရန်လိုအပ်ပေသည်။သို့သော်...ဆရာ့
ဆရာကြီးတို့၏စတိုင်(လ်)ဖြင့်မိန့်မိန့်ကြီးပြုံးလျက်ခေါင်းမြီးခြုံကာတစ်ရေးတစ်မောမှေးနေလိုက်ရပေသည်။
ဆရာကြီးတို့၏စတိုင်(လ်)ဖြင့်မိန့်မိန့်ကြီးပြုံးလျက်ခေါင်းမြီးခြုံကာတစ်ရေးတစ်မောမှေးနေလိုက်ရပေသည်။
`အလုပ်မရှိ, ငုံးတိတိနှင့်
နှုံးချိ မဲ့ယောင်, အူကြောင်ကြောင်ကို
နောင်လည်း မလို, အခုလည်း ပို၏´တဲ့..။
(အိပ်မက်ထဲမှာ)
ကိုနော
၉.၃.၂၀၁၀
ငါ ရောက်လာတာ ငိုဖို့မဟုတ်ဘူး…၊
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
တစ်ကိုယ်လုံး ခုတ်လှီး,
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
တစ်ကိုယ်လုံး ခုတ်လှီး,
သွေးချောင်းစီးလည်း ကျေနပ်တယ်…။
အလို…..
သူတို့တစ်တွေ
ကြော့ရှင်းလို့ပါလား...၊
ငါ့မှာတော့...
မှန်မကြည့်ရဲတာ ကြာလှပေါ့….။
သွေးတွေလည်း ပေးရဲတယ်...၊
ခန္ဓာနဲ့လည်း ရင်းရဲတယ်.....၊
ကမ္ဘာမြေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီးတာတောင်မှ
ရှင်သန်ခွင့်ထက်
ပို မမျှော်ဘူး….။
မှတ်ချက်။ ။ ပုံပါအပင်သည် စွန်ပလွံပင်ဖြစ်သည်။ ကိုနောတို့ ကျင်လည်ရာ ဗီဟာ(ရ်)နှင့်ယူပီပြည်နယ် များတွင် ထန်းပင်ကဲ့သို့ အရည်ထုတ်ယူသောက်သုံးကြသည်။ သို့သော် စွန်ပလွံကား ပင်စည်ကို အလှီးခံရ သည်။ (ကျွတ် ကျွတ်....ကျွတ်...အဟွတ်)
ကိုနော
၈.၃.၂၀၁၀
ကြိုတင်လျှောက်ထားတောင်းပန်ခြင်း။
ကဗျာတစ်ပုဒ်ရေးမိပြန်ချေပြီ။ဤကဗျာမျိုး တင်သင့်/မသင့် နုနယ်သော ကိုနောအနေဖြင့် ခွဲခြားနိုင်စွမ်းမရှိခဲ့ ချေ။သမာဓိကြီးမားကြသော ရှင်,လူ,ရဟန်းပုဂ္ဂိုလ်များအနေဖြင့် အမြင်မတော်သည်များကို ဆုံးမပါက ဆု လာဘ်အဖြစ်ခံယူပါမည်။ကိုနောသည် သာသနာပြုပုဂ္ဂိုလ်မဟုတ်၊၀ါသနာအရ ကလောင်သွေးဆဲခပ်ကြောင် ကြောင် ဘလောဂ့်ဂါတစ်ဦးသာဖြစ်ပါကြောင်းရိုးသားစွာဝန်ခံအပ်ပါသည်။
မထင်မှတ်ပဲ ပေါက်သွားတဲ့ ဇာတ်ထုပ်
အခုတော့ ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့် ကခဲ့မိတာကိုး....။
`တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်,
သားရေနွယ်တဲ့ ရှာတုန်း....၊
ချောင်အနီးမှာလ,
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်း.....လိုက်ခဲ့ဦး.....။´
(၀ါး...ဟား...ဟား....ဟီး ဟီး...ဟဲဟဲ...ခစ်ခစ်...ခစ်...အဟစ် အဟစ်)
ရယ်ရတယ် ဟေ့.....၊
ကိုယ်ကတော့ မရယ်နိုင်
တမှိုင်မှိုင်ပေါ့...၊
အသိနဲ့သတိကို ဆွဲစပ်
တွဲကပ်ဖို့ ကြိုးစား
အာရုံကို ဆွဲစု
အလုပ်တစ်ခုထဲ သော့ခတ်ထားလိုက်
ပစ္စုပ္ပန်ကို မျိုချလိုက်
အတိတ်တွေဟာ မိတ်ဆွေ မဟုတ်လားကွယ်...?
`ဆယ်နှစ်ကျော် ပျိုးခဲ့တဲ့အပင်
အခုမှ ဖူးပွင့်စ
ကိုယ့်ကို ချက်တဲ့ ဖိုချောင်ယံအတွက်
ရှင်သန်ခဲ့တဲ့ မြေယာအတွက်
အသီးလေးတော့ ကြွေချင်သေးတယ်,
အစဉ်အလာအရ
မင်းမှာလည်း အခြားရှိဦးမှာပါ....၊´
`ဒီကောင်လေးက အေးပါတယ်´
သတင်းစကား ချိုလား ခါးလား...?
နှလုံးသားက ငိုလား ပြုံးလား....?
လက်ကိုင်တရား တောင်သွား မြောက်သွား....။
လွတ်သွားတဲ့ ငါးက ကြီးလိုက် သေးလိုက်.....၊
ကိုယ့်အလုပ်က ပူလိုက် အေးလိုက်.....၊
ရှေ့ခရီးက မြင်လိုက် ၀ါးလိုက်.....၊
ကိုယ့်ပန်းတိုင်က ဖြူလိုက် မဲလိုက်.....၊
ပုထုဇဉ်ဘ၀ ဖုတ်လှိုက် ဖုတ်လှိုက်....။
အခုတော့ ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့် ကခဲ့မိတာကိုး....။
`ဦးနော ဒီကလေ...
မျိုသိပ်ရတာ မနည်းမနော
စောင့်ခဲ့ရတာ ဖတ်ဖတ်မော
သင်္ကြန်မတိုင်ခင် ပြတ်ပြတ်ပြော
ခင်လေးအသက် အစိတ်ပြည့်ပြီရှင့်...။´
`တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်,
သားရေနွယ်တဲ့ ရှာတုန်း....၊
ချောင်အနီးမှာလ,
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်း.....လိုက်ခဲ့ဦး.....။´
(၀ါး...ဟား...ဟား....ဟီး ဟီး...ဟဲဟဲ...ခစ်ခစ်...ခစ်...အဟစ် အဟစ်)
ရယ်ရတယ် ဟေ့.....၊
ကိုယ်ကတော့ မရယ်နိုင်
တမှိုင်မှိုင်ပေါ့...၊
အသိနဲ့သတိကို ဆွဲစပ်
တွဲကပ်ဖို့ ကြိုးစား
အာရုံကို ဆွဲစု
အလုပ်တစ်ခုထဲ သော့ခတ်ထားလိုက်
ပစ္စုပ္ပန်ကို မျိုချလိုက်
အတိတ်တွေဟာ မိတ်ဆွေ မဟုတ်လားကွယ်...?
`ဆယ်နှစ်ကျော် ပျိုးခဲ့တဲ့အပင်
အခုမှ ဖူးပွင့်စ
ကိုယ့်ကို ချက်တဲ့ ဖိုချောင်ယံအတွက်
ရှင်သန်ခဲ့တဲ့ မြေယာအတွက်
အသီးလေးတော့ ကြွေချင်သေးတယ်,
အစဉ်အလာအရ
မင်းမှာလည်း အခြားရှိဦးမှာပါ....၊´
`ဒီကောင်လေးက အေးပါတယ်´
သတင်းစကား ချိုလား ခါးလား...?
နှလုံးသားက ငိုလား ပြုံးလား....?
လက်ကိုင်တရား တောင်သွား မြောက်သွား....။
`တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
သာအေးက အသာလေး ကျွေးနိုင်တယ် ခင်လေး
သူ့ဆိုက်ကားလေး ရှိနေသရွေ့ပေါ့....၊
မင်း နေကောင်းရင်ပြီးတာပဲ.....။´
လွတ်သွားတဲ့ ငါးက ကြီးလိုက် သေးလိုက်.....၊
ကိုယ့်အလုပ်က ပူလိုက် အေးလိုက်.....၊
ရှေ့ခရီးက မြင်လိုက် ၀ါးလိုက်.....၊
ကိုယ့်ပန်းတိုင်က ဖြူလိုက် မဲလိုက်.....၊
ပုထုဇဉ်ဘ၀ ဖုတ်လှိုက် ဖုတ်လှိုက်....။
မှတ်ချက်။ ။မြန်မာဘာသာဖြင့်ရှိနှင့်ပြီးသော အကြောင်းအရာတစ်ခုကို တိုက်ရိုက်မြန်မာပြန်ဆိုပါသည်။
ဤအကြောင်းအရာကို တကယ့်အဖြစ်အပျက်ဟု တစ်စုံတစ်ယောက်က ထင်မြင်ယူဆပါက ကိုနော၏တင်ပြပုံညံ့ဖျင်းမှုကြောင့်သာဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။ တိုက်ဆိုင်မှုတော့မရှိလောက်ဟု ယူဆရပါကြောင်း။ကြိုးစားနေပါဦးမည်။ အားပေးနေခြင်းကို အထူးလေးစားပါသည်။
ကိုနော
၇.၃.၂၀၁၀
အိပ်ရင်တော့ မက်မှာပေါ့´တဲ့
မအိရဲ့ကဗျာ,မှန်လိုက်ဘိခြင်း…။ခက်တာက….
ကိုယ်က ကောသလရယ်
အိပ်မက်တွေက တောင်ရောက် မြောက်ရောက်
ကိုယ့်ကို ပြန်ပြန်ခြောက်လို့…..။
ဒီအရွယ်ရောက်မှ
အသားသာ နာပါစေ
အားနာလို့ မဖြစ်ချေတော့
မင်းမကြိုက်လည်း ငါ ငြင်းတယ်…..။
`ခုနစ်အိမ်ကြား ဘုရားဝတ်ပြုတတ်သူမဟုတ်ဘူး…၊´
`ထမင်းစားချိန် အိမ်လည်တတ်သူမဟုတ်ဘူး…...၊´
`တောင်းခံခြင်းနဲ့ရန်မဖြစ်ဘူး…၊´
`အသနားခံခြင်းကို လက်ကိုင်မပြုဘူး…၊´
`ကဗျာမဆန်သူမဟုတ်ဘူး…၊´
`ကဗျာဆရာမဟုတ်ဘူး….၊´
`အဆိုကျော်မဟုတ်ဘူး…၊´
`သီချင်းစာသား မဟုတ်ဘူး…၊´
`ဦးဝင်းတင်မဟုတ်ဘူး…၊´
`၈၈ နောက်ပိုင်းမွေးဖွားသူ မဟုတ်ဘူး…၊´
`သာမညဆရာတော်မဟုတ်ဘူး….၊´
`ဘင်လာဒင်မဟုတ်ဘူး…..၊´
`မင်းသိင်္ခမဟုတ်ဘူး…၊´
`ဖြူဆရာတော်မဟုတ်ဘူး…၊´
`ကျောင်းမနေဖူးသူမဟုတ်ဘူး….၊´
`ကိုးဘွဲ့ရ ရှင်အာစာရမဟုတ်ဘူး…၊´
`ဥရုဝေလတောကို မသွားဘူး…၊´
`အိပ်,စား,ကာမ မဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူး….၊´
`ငါ ဘာမှမဟုတ်ဘူးဆိုတာ မဟုတ်ဘူး…၊´
ကိုနော
၅.၃.၂၀၁၀
ကိုနော
၅.၃.၂၀၁၀
နွေရာသီဖက်ရှင်တီထွင်သူ ဂျိန်းဘုရားမဟာဝီရ
ဂျိန်းဘာသာအမှတ်တံဆိပ်
(ဤပုံ google မှ ယူသည်။)
ဆွေတမ္ဗရဂိုဏ်းဝင်ရဟန်းများ
(ဤပုံ google မှ ယူသည်။)
ဒိဂမ္ဗရဂိုဏ်းဝင်
ငယ်ငယ်ရွယ်ရွယ်ဖြင့်ကျော်ကြားသော ၀ိမလသာဂရ
ငယ်ငယ်ရွယ်ရွယ်ဖြင့်ကြောင်သွားသော ဂျိန်းတစ်ဝက် နောသာဂရ
ညှိနှိုင်းအတည်ပြုခြင်းကိုသံဂါယနာဟုခေါ်သည်။(သံဃာရတနာမဟုတ်ဘူးနော်။)သင်္ဂါယနာ,သံဂီတိ,သင်္ဂီတိ,
မဟာသံဂီတီဟုလည်းခေါ်ဝေါ်ကြသည်။ဗုဒ္ဓသာသနာတော်၌သံဂါယနာခြောက်တန်ကျင်းပခဲ့ပြီးဖြစ်သည်။ အိန္ဒိယသမိုင်းဆရာများကတော့အိန္ဒိယ၌ကျင်းပသောလေးကြိမ်ကိုသာမှတ်တမ်းတင်ကြ၍သီရိလင်္ကာနှင့်
မြန်မာပြည်တို့တွင်ကျင်းပသောသုံးကြိမ်ကိုခပ်ပါးပါးလုပ်ထားကြသည်။(ဖျောင်း....ဖျောင်း...ဖျောင်း...)
ကိုနောတို့ဂျိန်းသာသနာမှာတော့(ဟဲ..ဟဲ..နွေရောက်တော့မယ်ဆိုတော့ဂျိန်းဖက်ရှင်ကခေတ်စားဦးမှာပဲလေ
ခင်ဗျားတို့လည်းလေ့ကျင့်ထားတယ်မဟုတ်လား..?)သံဂါယနာနှစ်တန်သာကျင်းပနိုင်ခဲ့သည်။
ဘီစီ(၃၂၂မှ၂၉၈)တွင်စထူလ်ဘဒ္ဒရဦးစီး၍ပါဋလိပုတ္တရာ(ပတ္တနား)၌ပထမအကြိမ်းကျင်းပခဲ့သည်။
ဒုတိယအကြိမ်ကိုတော့ခရစ်(၅၁၄)တွင်ဒေရ်ဝဒ္ဓိချမာရှဝန်ဦးဆောင်ကာဝလ္လဘီမြို့၌ကျင်းပခဲ့သည်။
ထိုအကြိမ်၌ပေထက်အက္ခရာတင်ကြသည်။(ဖျောင်း... ဖျောင်း..)
မဟာသံဂီတီဟုလည်းခေါ်ဝေါ်ကြသည်။ဗုဒ္ဓသာသနာတော်၌သံဂါယနာခြောက်တန်ကျင်းပခဲ့ပြီးဖြစ်သည်။ အိန္ဒိယသမိုင်းဆရာများကတော့အိန္ဒိယ၌ကျင်းပသောလေးကြိမ်ကိုသာမှတ်တမ်းတင်ကြ၍သီရိလင်္ကာနှင့်
မြန်မာပြည်တို့တွင်ကျင်းပသောသုံးကြိမ်ကိုခပ်ပါးပါးလုပ်ထားကြသည်။(ဖျောင်း....ဖျောင်း...ဖျောင်း...)
ကိုနောတို့ဂျိန်းသာသနာမှာတော့(ဟဲ..ဟဲ..နွေရောက်တော့မယ်ဆိုတော့ဂျိန်းဖက်ရှင်ကခေတ်စားဦးမှာပဲလေ
ခင်ဗျားတို့လည်းလေ့ကျင့်ထားတယ်မဟုတ်လား..?)သံဂါယနာနှစ်တန်သာကျင်းပနိုင်ခဲ့သည်။
ဘီစီ(၃၂၂မှ၂၉၈)တွင်စထူလ်ဘဒ္ဒရဦးစီး၍ပါဋလိပုတ္တရာ(ပတ္တနား)၌ပထမအကြိမ်းကျင်းပခဲ့သည်။
ဒုတိယအကြိမ်ကိုတော့ခရစ်(၅၁၄)တွင်ဒေရ်ဝဒ္ဓိချမာရှဝန်ဦးဆောင်ကာဝလ္လဘီမြို့၌ကျင်းပခဲ့သည်။
ထိုအကြိမ်၌ပေထက်အက္ခရာတင်ကြသည်။(ဖျောင်း... ဖျောင်း..)
ဂျိန်းဘုရား(၂၄)ဆူရှိသည့်အနက်ရိရှဘဒေ၀သည်ပထမဆုံးပုဂ္ဂိုလ်ဖြစ်၍မဟာဝီရဆွာမိသည်နောက်ဆုံးနှင့်
နွေရာသီဖက်ရှင်ကိုတီထွင်သူဖြစ်သည်။မဟာဝီရသည်ဝေသာလီအနီးကုဏ္ဍလဂရာမ်၌ဘီစီ(၅၉၉)တွင်မွေးဖွား သည်။ငယ်နာမည်ဝဒ္ဓမာနဖြစ်ပြီး,မိဘတို့မှာသိဒ္ဓတ္ထနှင့်တရိရှလာတို့ဖြစ်သည်။မဟာဝီရသည်ယရှိုဒါနှင့်ထိမ်း မြားခဲ့ပြီးသမီးလေးတစ်ယောက်ထွန်းကားခဲ့သည်။
အသက်သုံးဆယ်အရွယ်တွင်အမှန်တရားကိုရှာဖွေရန်တောထွက်ခဲ့သည်။(၁၂)နှစ်ကြာကျင့်ကြံပြီးနောက်
ဇမ္ဘိကဂရာမ်အနီး၊ရိဂျုပါလိကာမြစ်ကမ်းနားသစ်ပင်တစ်ပင်အောက်၌မြင့်မြတ်ဆုံးဉာဏ်(ကေ၀လျ)ကိုရရှိခဲ့ သည်။မြင့်မြတ်ဆုံးဉာဏ်(ကေ၀လျ)ကိုရရှိပြီးနောက်မဟာဝီရသည်ကေ၀လိန်,ဂျိန(အောင်နိုင်သူ),နိရ်ဂန္ထ (အနှောင်အဖွဲ့ကင်းသူ),အရဟတ်(စင်ကြယ်သူ)စသောနာမည်များဖြင့်ထင်ရှားလာသည်။ဘီစီ(၅၂၇)ခု,
အသက်(၇၂)နှစ်ခန့်တွင်ရာဇဂြိုဟ်အနီးပါဝါပူရီ၌ကွယ်လွန်သည်။(ဖျောင်း....)
ဂျိန်းဓမ္မများကိုပြာကရစ်ဘာသာဖြင့်မှတ်တမ်းတင်ထားသည်။မဟာဝီရဟောကြားထားသောတရားများမှာ
မူရင်းအားဖြင့်(၁၄)ကျမ်းရှိသည်။နောက်ပိုင်း၌အင်္ဂ(၁၂)ကျမ်း,ဥပအင်္ဂ(၁၂)ကျမ်းဟုခွဲခြားထားကြသည်။
ထိုကျမ်းများ၌မဟာဝီရ၏ဖြစ်တော်စဉ်များ,ဂျိန်းဓမ္မလမ်းညွှန်ချက်များ,ထိုခေတ်နိုင်ငံရေး,လူမှုရေး,စီးပွားရေး အခြေအနေများပါဝင်သည်။ဂျိန်းဘာသာ၌ဆွေတမ္ဗရ(အဖြူဝတ်)ဂိုဏ်းနှင့်ဒိဂမ္ဗရ(ဘာမှမ၀တ်)ဂိုဏ်းဟုအုပ် စုနှစ်ခုရှိသည်။ဆွေတမ္ဗရဂိုဏ်း၌ရဟန်းမ,ရှိ၍ဒိဂမ္ဗရဂိုဏ်း၌ရဟန်းမ,မရှိချေ။(တော်သေး...ဒယ်..၊ငှယ်...ငှယ်)
သာမာန်နျဂျန်၂၀၁၀-မှထုတ်နှုတ်ပြန်ဆိုသည်။အကြောင်းညီညွတ်ပါကအကျယ်လာပါလိမ့်ဦးမည်။
www.webindia123.com/religion/jainism/principl.htmကိုလည်း ချောင်းကြည့် ဦးပေါ့လေ။
မှတ်ချက်။ ။ဖျောင်းသည်လက်ခုပ်သံမဟုတ်၊လက်ခမောင်းခတ်သံဖြစ်သည်။
ပထမဖျောင်း(၃)သည် ဒီလအတွက်အိမ်လခပေးပြီးသည်ကိုရည်ရွယ်သည်။
ဒုတိယဖျောင်း(၂)သည် ဆန်ငါးကီလိုဝယ်ပြီးသည်ကိုရည်ရွယ်သည်။
တတိယဖျောင်းသည်(၂)ပိုင်းအတွက် မီတာခရှင်းပြီးသည်ကိုရည်ရွယ်သည်။
ကိုနော
၂.၃.၂၀၁၀
(၁)
`ရုံး၏ခွင့်ပြုချက်မရဘဲ သေဆုံးသွားသူ၏
လစာကို မည်သူထုတ်ပေးသနည်း......?´
(၂)
`တို့ကျောင်းနောက်က စိန်ပန်းတော
ပျိုကလေးတွေ လက်နဲ့ ခေါ
ရွှေမော်ဓောမှာ တင်သလေ.....။´
(၃)
`မခင်အေး
ဘီအေ နောက်ဆုံးနှစ်
အမေ့နားပေါက် ဟောင်းလောင်း...။´
ခရီးတစ်ဝက်လမ်းဆုံ
လွှမ်းခြုံခဲ့တဲ့ ဇာတ်လမ်းအကျဉ်း
ခပ်ရှင်းရှင်းပဲ နမ်းလိုက်တယ်...။
တခါတလေ
နေရာလွဲလို့ မှားလား မှားရဲ့...။
တခါတလေ
အဆင်ပြေပါလျက် အဓိပ္ပါယ်မဲ့ခဲ့...။
တခါတလေတော့
အသွင်မလှပေမယ့်
အထင်ကရလည်း ဖြစ်ခဲ့ဖူးတယ်...။
(တော်သေးတယ်ဗျို့)
လက်ကျန်ရှေ့ခရီး
ထီး,အကာ ပါရဲ့လား...?
စီးစရာ သာရဲ့လား.....?
ဟန်ကျနိုင်ပါ့မလား....ဟေ...။
ကိုနော
၁.၃.၂၀၁၀
ဆန်ကုန်သွားသဖြင့် ဘယ်လောက်တန်ဆန်ဝယ်ရကောင်းအံ့ဟုစဉ်းစားနေသောအချိန်
Subscribe to:
Posts (Atom)











