ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ရှင်သန်ခွင့်

Posted 5:34 PM by ကိုနော in Labels:
ငါ ရောက်လာတာ ငိုဖို့မဟုတ်ဘူး…၊
အရိပ်ရမှ သိပ်လှတယ်ထင်ရင်
လည်ကိုသာ လှီးကြတော့
ငါ့သွေးက ရွှေမဖြစ်တောင်
ရေထက်တော့သာတယ်….။
 တစ်ကိုယ်လုံး ခုတ်လှီး,
သွေးချောင်းစီးလည်း ကျေနပ်တယ်…။

အလို…..
သူတို့တစ်တွေ
ကြော့ရှင်းလို့ပါလား...၊
ငါ့မှာတော့...
မှန်မကြည့်ရဲတာ ကြာလှပေါ့….။

သွေးတွေလည်း ပေးရဲတယ်...၊
ခန္ဓာနဲ့လည်း ရင်းရဲတယ်.....၊
ကမ္ဘာမြေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီးတာတောင်မှ
ရှင်သန်ခွင့်ထက်
    ပို မမျှော်ဘူး….။

မှတ်ချက်။         ။ ပုံပါအပင်သည် စွန်ပလွံပင်ဖြစ်သည်။ ကိုနောတို့ ကျင်လည်ရာ ဗီဟာ(ရ်)နှင့်ယူပီပြည်နယ် များတွင် ထန်းပင်ကဲ့သို့ အရည်ထုတ်ယူသောက်သုံးကြသည်။ သို့သော် စွန်ပလွံကား ပင်စည်ကို အလှီးခံရ သည်။ (ကျွတ်  ကျွတ်....ကျွတ်...အဟွတ်)

ကိုနော
၈.၃.၂၀၁၀








0 comment(s) to... “ရှင်သန်ခွင့်”

0 comments: