ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

တစ္ဆေကိုက်တဲ့ သင်္ကြန်

Posted 5:06 PM by ကိုနော in Labels:
ကြိုတင်လျှောက်ထားတောင်းပန်ခြင်း။
ကဗျာတစ်ပုဒ်ရေးမိပြန်ချေပြီ။ဤကဗျာမျိုး တင်သင့်/မသင့် နုနယ်သော ကိုနောအနေဖြင့် ခွဲခြားနိုင်စွမ်းမရှိခဲ့ ချေ။သမာဓိကြီးမားကြသော ရှင်,လူ,ရဟန်းပုဂ္ဂိုလ်များအနေဖြင့် အမြင်မတော်သည်များကို ဆုံးမပါက ဆု လာဘ်အဖြစ်ခံယူပါမည်။ကိုနောသည် သာသနာပြုပုဂ္ဂိုလ်မဟုတ်၊၀ါသနာအရ ကလောင်သွေးဆဲခပ်ကြောင် ကြောင် ဘလောဂ့်ဂါတစ်ဦးသာဖြစ်ပါကြောင်းရိုးသားစွာဝန်ခံအပ်ပါသည်။

 
 
မထင်မှတ်ပဲ ပေါက်သွားတဲ့ ဇာတ်ထုပ်
အခုတော့ ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့် ကခဲ့မိတာကိုး....။

`ဦးနော ဒီကလေ...
မျိုသိပ်ရတာ  မနည်းမနော
စောင့်ခဲ့ရတာ ဖတ်ဖတ်မော
သင်္ကြန်မတိုင်ခင် ပြတ်ပြတ်ပြော
ခင်လေးအသက် အစိတ်ပြည့်ပြီရှင့်...။´

`တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်,
သားရေနွယ်တဲ့ ရှာတုန်း....၊
ချောင်အနီးမှာလ,
မောင်ကြီးကို  တစ္ဆေကိုက်လိမ့်မယ်
မင်း.....လိုက်ခဲ့ဦး.....။´
(၀ါး...ဟား...ဟား....ဟီး ဟီး...ဟဲဟဲ...ခစ်ခစ်...ခစ်...အဟစ် အဟစ်)
ရယ်ရတယ် ဟေ့.....၊
ကိုယ်ကတော့ မရယ်နိုင်
တမှိုင်မှိုင်ပေါ့...၊
အသိနဲ့သတိကို ဆွဲစပ်
တွဲကပ်ဖို့ ကြိုးစား
အာရုံကို ဆွဲစု
အလုပ်တစ်ခုထဲ သော့ခတ်ထားလိုက်
ပစ္စုပ္ပန်ကို မျိုချလိုက်
အတိတ်တွေဟာ မိတ်ဆွေ မဟုတ်လားကွယ်...?

`ဆယ်နှစ်ကျော် ပျိုးခဲ့တဲ့အပင်
အခုမှ ဖူးပွင့်စ
ကိုယ့်ကို ချက်တဲ့ ဖိုချောင်ယံအတွက်
ရှင်သန်ခဲ့တဲ့ မြေယာအတွက်
အသီးလေးတော့ ကြွေချင်သေးတယ်,
အစဉ်အလာအရ
မင်းမှာလည်း အခြားရှိဦးမှာပါ....၊´

`ဒီကောင်လေးက အေးပါတယ်´
သတင်းစကား ချိုလား  ခါးလား...?
နှလုံးသားက ငိုလား   ပြုံးလား....?
လက်ကိုင်တရား တောင်သွား မြောက်သွား....။

`တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
သာအေးက အသာလေး ကျွေးနိုင်တယ် ခင်လေး
သူ့ဆိုက်ကားလေး ရှိနေသရွေ့ပေါ့....၊
မင်း နေကောင်းရင်ပြီးတာပဲ.....။´

လွတ်သွားတဲ့ ငါးက ကြီးလိုက် သေးလိုက်.....၊
ကိုယ့်အလုပ်က ပူလိုက် အေးလိုက်.....၊
ရှေ့ခရီးက မြင်လိုက် ၀ါးလိုက်.....၊
ကိုယ့်ပန်းတိုင်က ဖြူလိုက် မဲလိုက်.....၊
ပုထုဇဉ်ဘ၀ ဖုတ်လှိုက် ဖုတ်လှိုက်....။

မှတ်ချက်။        ။မြန်မာဘာသာဖြင့်ရှိနှင့်ပြီးသော အကြောင်းအရာတစ်ခုကို တိုက်ရိုက်မြန်မာပြန်ဆိုပါသည်။
                     ဤအကြောင်းအရာကို တကယ့်အဖြစ်အပျက်ဟု တစ်စုံတစ်ယောက်က ထင်မြင်ယူဆပါက ကိုနော၏တင်ပြပုံညံ့ဖျင်းမှုကြောင့်သာဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။ တိုက်ဆိုင်မှုတော့မရှိလောက်ဟု ယူဆရပါကြောင်း။ကြိုးစားနေပါဦးမည်။ အားပေးနေခြင်းကို အထူးလေးစားပါသည်။

ကိုနော
၇.၃.၂၀၁၀


























3 comment(s) to... “တစ္ဆေကိုက်တဲ့ သင်္ကြန်”

3 comments:

Crystal said...

ပြောင်မြောက်လှပါကြောင်း၊ စကားမစပ် သစ်ပင်တစ်ဖက်မှာ ထိုင်နေတာ ဘယ်သူလေးတုန်း။



ကိုနော said...
This comment has been removed by the author.


ကိုနော said...

ဟဲ..ဟဲ..ပေါ်ကုန်တော့မှာပဲ..အင်း အဲ..အဲဒါ...
ပပ၀င်းခင်...လေ..။