ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ဓမ္မဂင်္ဂါချောက်တွန်းသဖြင့် ဒုက္ခရောက်နေရရှာသော ကိုနော

Posted 2:40 AM by ကိုနော in Labels:
 `ကိုနော ရေ..လာခဲ့တော့...တပည့်ဖြစ်မယ့်ဆရာရောက်နေပြီ´
`တကယ်လာတာလား....ချက်ခြင်းကြီးဗျာ´
ဓမ္မဂင်္ဂါကြီးတိဗက်တက္ကသိုလ်မှာဆရာဖြစ်နေတာအားလုံးသိနေကြမှာပါလေ...။ဂုဏ်ယူစရာပါပဲ။သူကိုယ်တိုင် ကြွားလိမ့်မယ်လို့ယူဆရပါဖြင့်အကျယ်တ၀င့်မပြောတော့ပါ..။ခက်တာကသူဆီမှာစာသင်နေသောဂုရုဂျီတစ်ဦး
ကိုကိုနောဆီသို့(စေတနာနှင့်ဆင်ဆင်တူသောသဘောတရားဖြင့်)လမ်းကြောင်းပြောင်းပေးလိုက်ခြင်းတည်း။

တိဗက်တက္ကသိုလ်မှပါဠိပါမောက္ခကြီးဆုရန္ဒရကူးမားရ်ကိုတပည့်အဖြစ်လက်ခံမိချေပြီတည့်။ဂုရုဂျီဆုရန္ဒရကူး
မားရ်သည်သြစတေးရီယားရောက်နေသောဆရာတော်ကြီးဘဒ္ဒန္တဇာဂရာဘိဝံသ၏တပည့်ဖြစ်သည်။သူနေထိုင် ရာဆရာများဆောင်သို့သွားသင်ပေးရသည်။သူကတစ်နေ့(၃)နာရီတောင်းသည်။ကိုနောလည်းအမိရွှေပြည်၌
ဆရာဖြစ်ခဲ့ဖူးသူပီပီမိနစ်ကိုးဆယ်သာပေးနိုင်ကြောင်း, အလုပ်အလွန့်အလွန်များလှကြောင်းပြောရသည်။

စမ်းချောင်းသီရိဝေလာဆရာတော်၏အဘိဓမ္မတ္ထသရူပဒဿနကျမ်းကိုကုလားလိုပြန်ရှင်းပြရသည်။ကျမ်းစာ၏ မြန်မာစာအရေးအသားအခက်အခဲ,သင်ပြသူ၏ကုလားစကားအခက်အခဲ,ပူပြင်းသောရာသီဥတုအခက်အခဲစ သည်များကိုကျော်လွှားပြီးနေ့စဉ်မနက်ကိုးနာရီမှဆယ့်တစ်နာရီအထိ ကုန်းရုန်းလှုပ်ရှားနေရသည်။

အင်္ဂလိပ်လိုဖတ်နိုင်ပါလျက်,ကုလားလိုရေးထားသောစာအုပ်များစွာရှိပါလျက်မြန်မာလိုရေးထားသောစာအုပ် ကိုစိတ်ဝင်စားသဖြင့်ဂုဏ်ယူမိသည်။မြန်မာပြည်ဖြစ်အဘိဓမ္မာဆိုင်ရာစာအုပ်များတွင်အညံ့ဆုံးစာအုပ်ကိုဘာ
သာပြန်ပေးနေရသဖြင့်အတော်စိတ်ဓာတ်ကျမိသည်။ထိုစာအုပ်သည်အင်္ဂလိပ်ဘာသာပြန်နှင့်တွဲထားသဖြင့်တိ
ဗက်တက္ကသိုလ်စာကြည့်တိုက်သို့ရောက်နေခြင်းဖြစ်သည်။

ဓမ္မဂင်္ဂါကြီးကစေတနာယောင်ယောင်ဂျောက်တွန်းထားသော်လည်းပါမောက္ခကြီးနှင့်နေ့စဉ်စကားပြောနေရသ
ဖြင့်အဆင့်အတန်းမြင့်မားသောကုလားစကားတတ်ဖို့အလားအလာကောင်းလှပေသည်။(အဟဲ...အဲအဲ)
ဘ၀တွင်ဆရာဖြစ်ကြောင်းအသက်သေထူရသည်မှာမလွယ်ကူလှပေ။တပည့်ဖြစ်ရသည်ကပိုမိုအဆင်ပြေသည်
။တပည့်တွင်လုပ်ပိုင်ခွင့်များစွာရှိသည်။ပျင်းပိုင်ခွင့်ရှိသည်။ဆိုးပိုင်ခွင့်ရှိသည်။တစ်ခုတော့သတိပြုရပေမည်။ ဆရာဟူသည်တခါတလေလူပါးဝတတ်သည်။သို့ဖြစ်၍မူလဆီးဘန်နီဆရာတော်၏ဆုတောင်းအတိုင်းနာနာဆု
တောင်းကြဖို့လိုအပ်လှသည်။
`တရားမကြိုက်, အမှားလိုက်, ဆရာမိုက်နှင့်လွဲစေသော်´တဲ့...။
ကဲ...ကဲ....တောင်းတိုင်းပြည့်ကြစေဗျား....။
ကိုနောသည် လက်ရှိအနေအထားတွင် ဆရာ၏ဆရာ ဆရာ့ဆရာဖြစ်နေပေ၏ဟူလို...။

ကိုနော
၆.၄.၂၀၁၀







0 comment(s) to... “ဓမ္မဂင်္ဂါချောက်တွန်းသဖြင့် ဒုက္ခရောက်နေရရှာသော ကိုနော”

0 comments: