ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ဘာသာဋီကာ အဆိုအမိန့်များ

Posted 2:40 AM by ကိုနော in Labels:
ရောင်ခြည်တော်
ဦးခေါင်းတော်မှထွက်၍အထက်ဦးထိပ်၌အစုဖြစ်၍ထင်းရှားသောအရောင်တော်အစုသည်ကေတုမာလာမည်
၏ဟုဆိုကြ၏။ထိုကိုပုံသဏ္ဌာန်ပေါ်အောင်ယခုခေတ်ဆင်းတုတော်များ၏ဦးထိပ်တော်၌စုနေသောအရောင်ပုံ
ကိုထုလုပ်ကြ၏။သို့သော်ထိုအရောင်ပုံသည်များသောအားဖြင့်ဆံပင်တော်အရောင်ကဲ့သို့ညိုမှောင်နေရကား
တချို့က`ယောင်ပုံ=ယောင်ထုံးပုံ´ဟုထင်မှားကြလေသည်။ထိုသို့မထင်မှားရလေအောင်ဦးထိပ်တော်၌
အရောင်အ၀ါစုနေပုံကိုပြလျှင်သာ၍သဘာဝကျပေလိမ့်မည်။(ပါရာဇိကဏ်ဘာသာဋီကာ-၁-၂၂၁)

ဘုရားသာသနာပြုလိုသူသည်
ဘုရားအယူဝါဒကို နားလည်မှ မှန်ကန်စွာပြုနိုင်၏၊ယခုခေတ်သာသနာပြုအစိုးရများလည်း ဘုရားရှင်၏
အလိုတော်ဖြစ်သောဝိနည်းကို နားလည်ပြီးမှ သာသနာကိုချီးမြှောက်သင့်ကြ၏၊သို့မဟုတ်လျှင်
`အနာတလွဲ ဆေးတလွဲ´ဖြစ်၍ ဆေးအတွက် ၀န်လေးတတ်သည်။ (ပါရာဇိကဏ်ဘာသာဋီကာ-ပ-၂၅၅)

အဂတိလိုက်မှုဟူသည်
တရားဆုံးဖြတ်ရာဌာန,အများဆိုင်ပစ္စည်းကို ဝေဘန်ရာဌာနတို့၌သာဖြစ်နိုင်၏၊ကိုယ့်ပစ္စည်းကို မိမိနှင့်ရင်းနှီး
သူအား အကောင်းပေးခြင်း,မရင်းနှီးသူအားအညံ့ပေးခြင်းသည်အဂတိလိုက်ခြင်းမဟုတ်။
(ပါရာဇိကဏ်ဘာသာဋီကာ-ပ-၆၉)

ကျမ်းဂန်နှင့် ညီ၏, မညီ၏
ကျမ်းစာတစ်မျိုး၌အလေ့အလာများသူ,တတ်ကျွမ်းသူသည်(ဘယ်အရာမဆို)မိမိစာပေနှင့်ညီညွတ်မှအမှန်ဟု
ယူဆတတ်၏၊ကျမ်းစာနှင့်ညီညွတ်တိုင်းလည်း မှန်ချင်မှ မှန်သည်။တချို့နေရာ၌ကျမ်းစာကိုယ်က လွဲနေတတ်
သေး၏၊ထိုကြောင့်`အမှာကံ ပိဋကတန္တိယာ သဒ္ဓိံ သမေတီတိ မာ ဂဏှိတ္ထ´ ...
ထိုအယူဝါဒသည် ငါတို့ကျမ်းစာနှင့် ညီညွတ်၏ဟု သဘောကျ၍ အတည်မယူလိုက်ကြနှင့်´ဟုဘုရားရှင်
မိန့်ကြားတော်မူသည်။(ပါရာဇိကဏ်ဘာသာဋီကာ--၁-၁၂၈)








0 comment(s) to... “ဘာသာဋီကာ အဆိုအမိန့်များ”

0 comments: