ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

အရှက်(၃)

Posted 9:28 PM by ကိုနော in Labels:
ဆုရန်ဂျန် လက်ဘက်ရည်သောက်ချင်စိတ် မပျောက်သေး..၊အိပ်ယာထဲမှထပြီး အပေါက်ဘက်လျှောက်လာ
သည်။မျက်နှာမသစ်ပဲ လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်နေသည်။မာယာ့အသံ မကြားရတော့…၊
ဒီကောင်မလေး ဘယ်ရောက်သွားပြီလဲ…?ဆုရန်ဂျန် အချိန်တော်တော်ကြာအောင် သွားတိုက်နေသည်။
အိမ်မှာ အခုပဲ တစ်ယောက်ယောက်သေထားသလို ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
အခုပဲ မိုးကြိုးပစ်တော့မည်။အားလုံးကိုယ့်သေမင်းကို ကိုယ်စောင့်နေကြသည်။
ဆုရန်ဂျန် လက်ဘက်ရည်သောက်ရနိုး ဆုဓာမိုက် အခန်းလျှောက်လာသည်။ကုတင်ပေါ်၌ ခြေလေးဆန့်ပြီး
အနားယူနေသည်။
`မာယာ ဘယ်မှာလဲ…?´
ဆုရန်ဂျန်အမေးကို ဘယ်သူမှ မဖြေကြ…၊
ကိရန်းမယီ ပြတင်းပေါက်နားတွင် မှိုင်နေသည်။ဘာမှမပြောဘဲ တိတ်တဆိတ်မီးဖိုချောင်ဘက် ထသွားသည်။
ဆုဓာမိုက် မျက်နှာကျက်ကို စိတ်မပါဘဲကြည့်နေသည်။
မျက်လုံးမှိတ်ြပီး တစောင်းလှဲနေလိုက်သည်။
ဘယ်သူမှ သူ့ကို အရေးလုပ်ပြီး မပြောချင်ကြ…၊သူ သိလိုက်ပြီ..သူ လုပ်သင့်တာကို မလုပ်မိ..။
မိသားစုကိုခေါ်ပြီး တနေရာ ထွက်ပြေးကြရမည်…၊သူ ဒီလို မလုပ်ချင်…၊
 
ဆုရန်ဂျန် သိသည်။
မာယာဟာ ဂျဟန်ဂီးရ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ကြိုက်နေတယ်။အခွင့်အရေးရလျှင် သူ့ကို သွားတွေ့
လိမ့်မယ်...၊တစ်ခါ အိမ်က ထွက်သွားတာလည်း ဒီကိစ္စပဲ..။
ပြဿနာတစ်ခုဖြစ်လျှင် ဟိန္ဒူမိသားစုများရဲ့အခြေအနေကို မူစလင်များက မေးမြန်းလေ့ရှိတယ်..။ဒါလုပ်ရိုး
လုပ်စဉ်တစ်ခုပဲ။
ဒီနည်းကို ဂျဟန်ဂီးရ်လည်း သုံးလိမ့်မယ်...၊မာယာက သူ့ကို ကျေဇူးတင်မယ်…၊တစ်နေ့နေ့မှာ မာယာက
လက်ထပ်ဖို့ပြောရင်တော့ ဒီကောင်လေး ဘယ်ယူလိမ့်မတုံး…၊
ဆုရန်ဂျန် အတွေ့အကြုံအရသိနေသည်။သူကိုယ်တိုင်လည်း ပရဗီးနဲ့လက်ထပ်ဖို့ပြင်ဆင်သေးသည်။
ပရဗီးကပြောသည်..၊
`မင်း မူစလင်ဘာသာပြောင်းလိုက်ပါ´တဲ့…၊
`ဘာသာပြောင်းဖို့ လိုအပ်လို့လား…ငါတို့ ကိုယ့်ဘာသာကို ကိုယ်ကိုးကွယ်လို့ရတာပဲ´..။
ဒီအဆိုကိုပရဗီးရဲ့မိသားစုကလက်မခံဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ပရဗီးကိုအိမ်ထောင်ချပေးခဲ့ကြသည်။
ပရဗီးလည်း  ငိုယိုပြီးမင်္ဂလာမဏ္ဍပ်ကိုရောက်ခဲ့ရသည်...။

ဆုရန်ဂျန် စိတ်မကောင်းစွာဖြင့် ၀ရန်တာတစ်ဘက်သို့ ကြည့်လိုက်သည်။ဒါ ငှါးထားတဲ့ အိမ်ပဲ…နေရာလွတ်
မရှိဘူး..လမ်းလျှောက်စရာမြေမရှိဘူး…။
ကိရန်းမယီ လက်ဘက်ရည်ခွက်ကိုင်ပြီး အခန်းထဲရောက်လာသည်။
အမေ့ဆီက လက်ဘက်ရည်ခွက်ကို ယူပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။
`ဒီဇင်ဘာတော့ ရောက်ပြီ..ဆောင်း မရောက်သေးဘူး…ငယ်ငယ်တုန်းကတော့ ဆောင်းရာသီရဲ့မနက်ခင်း
တွေမှာ စွံပလွန်ရည်သောက်ရတယ်´…။
ကိရန်းမယီက သက်ပြင်းအရှည်ကြီးချလျက် ပြောသည်။
`သူများဆီက ငှါးထားတဲ့အိမ်မှာ စွံပလွန်ရည်ဘယ်ကရမလဲ…ကိုယ်တိုင်စိုက်ထားတဲ့ သစ်ပင်ဝါးပင်ရှိတဲ့အိမ်

ကို ရေတန်ဖိုးနဲ့ရောင်းခဲ့ရတယ်…။´

ဆုရန်ဂျန် လက်ဘက်ရည်ခွက်ကို အငမ်းမရယူလိုက်သည်။သူ သတိရလိုက်သည်။စွံပလွန်ပင်လှီးသူသည်
အရည်ကိုမြေအိုးနဲ့ခံရသည(ရှင်သန်ခွင့်...ကြည့်)မာယာနဲ့သူ သစ်ပင်အောက်ရပ်လျက်ခိုက်ခိုက်တုန်အောင်
ချမ်းနေကြသည်။စကားပြောလျှင် ပါးစပ်မှ အခိုးများထွက်နေသည်။သူတို့ ကစားကွင်း,သရက်,သပြေ,ပိန္နဲပင်
တွေရှိတဲ့ ခြံကလေး အခု ဘယ်ရောက်သွားပြီလဲ..`ဒါ မင်းတို့ရဲ့ဘိုးဘွားပိုင်မြေ…ဒီမြေကိုစွန့်ပြီးဘယ်မှမသွား
ကြနဲ့´ဟု အဖေပြောဖူးသည်။

နောက်ဆုံးတော့...ဒီအိမ်ကို ရောင်းရန်အကြောင်းဖန်လာသည်။မာယာ ခြောက်နှစ်အရွယ်တုန်းကပါ..၊
တစ်နေ့…မာယာကျောင်းက ပြန်လာတော့ လူစိမ်းများက သူ့ကိုခေါ်သွားကြသည်။တစ်မြို့လုံးလိုက်ရှာသော်
လည်း သတင်းမရ…၊အမျိုးတွေအိမ်လည်းမသွား…၊အသိအကျွမ်းအိမ်တွေဆီလည်းမရောက်…၊အတော်စိတ်ပူ
ကြရသည်။မာယာပျောက်တဲ့သတင်း ရလိုရငြား ကျောင်းပေါက်သွားပြီး ကလေးတွေနဲ့ရောကာ စုံစမ်းလည်း
မထူး…၊
နှစ်ရက်ကြာတော့ မာယာတစ်ယောက်တည်း အိမ်ပြန်ရောက်လာသည်..။ဘယ်က ပြန်လာတယ်,ဘယ်သူ
တွေခေါ်သွားတယ်ဆိုတာကို မေးမြန်း၍မရ..။နှစ်လလောက်အထိ မာယာ၏အမူအရာများထူးခြားနေသည်။
အိပ်ပျော်နေရင်းလန့်နိုးနေတတ်သည်။လူတွေ့တိုင်းကြောက်တတ်လာသည်။ညညဆိုတစ်အိမ်လုံးကိုစိတ်မချ
ဖြစ်နေသည်။
`မာယာကို ပြန်ပေးဆွဲမည့်အကြောင်း,အသက်ရှင်ချင်လျှင် ပိုက်ဆံပေးရမည့်အကြောင်း´နာမည်မပါသော

စာတစ်စောင်ရောက်လာသည်။ထိုအခက်အခဲကို ရဲစခန်းသွားတိုင်သော်လည်း နာမည်,လိပ်စာလောက်သာ
မှတ်သားပြီး ဘာမှထူးခြားမှုမရှိချေ..။
ကောင်လေးတွေ အိမ်ဝင်းအတွင်းဝင်လာပြီး ခြံကလေးထဲမှ အသီးများခူးကြသည်…၊ဖြစ်ထွန်းနေသောအသီး

အရွက်ပင်များကို ဖျက်ဆီးကြသည်…၊ပန်းများကို ချေဖျက်ကြသည်…၊ဘယ်သူမှ ဘာမှမပြောနိုင်ကြ….၊
ရပ်ကွက်ကလူတွေရှေ့မှာဖြစ်သော်လည်းအကျိုးမထူးချေ…။
သူတို့က`ငါတို့ဘာတတ်နိုင်မှာလဲ´တဲ့…။တစ်ယောက်ယောက်က သူတို့ကိုညွှန်ကြားနေတာပါ..။
ဆုရန်ဂျန်က သူငယ်ချင်းတွေခေါ်ပြီး ပြဿနာကို ဖြေရှင်းချင်သည်။ပြေလည်အောင်လည်းဖြေရှင်းနိုင်သည်။

ဒါပေမယ့် ဆုဓာမိုက်က လက်မခံ…။အိမ်ရောင်းပြီး မယမန်ဆင်းမှ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ထားသည်။
 

အိမ်ရောင်းဖို့ နောက်အကြောင်းတစ်ခု ရှိသေးသည်။ ဤအိမ်နှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရသည်မှာ
အတော်ကြာချေပြီ…၊အိမ်နားက သူဋ္ဌေးအလီဂျာလီက တရားစွဲပြီး ဤအိမ်ကိုသိမ်းပိုက်ဖို့ ကြိုးစားနေသည်။
ဒါကို တားဆီးရန် တရားရုံးသို့ သွားချီပြန်ချီလုပ်နေရင်း အခု ပြဿနာပေါ်လာသည်။
အိမ်ရောင်းမယ့်ကိစ္စကိုဆုရန်ဂျန် အားမပေးပါ…၊သူသည် ကောလိပ်တက်တုန်း သွေးဆူတုန်းလည်းဖြစ်သည်၊

ကျောင်းသားရွေးကောက်ပွဲတွင်လည်း အနိုင်ရထားသည်။ ဒီလူယုတ်မာတွေကို ရင်ဆိုင်နိုင်သော်လည်း
ဆုဓာမိုက်က ရောင်းဖို့ရန်သာ အားသွန်နေသည်။
`ငါတို့ ဒီမြို့မှာ မနေတော့ဘူး…ဒါကာ သွားကြမယ်´တဲ့….။
 

ဒီမြို့မှာ ဆရာဝန်လုပ်ရသည်မှာလည်း အဆင်မပြေလှ…၊တိုင်းရင်းသားဈေးတွင် ညနေဘက်ဆေးဆိုင်ထိုင်
သော်လည်း လူနာမလာကြ….၊လာပြန်တော့လည်း ဟိန္ဒူဆင်းရဲသားနှစ်ယောက်သုံးယောက်…သူတို့ဆီက
ပိုက်ဆံယူရတာလည်း စိတ်မဖြောင့်…။
ဆုဓာမိုက်အားသွန်နေသဖြင့် ဆုရန်ဂျန် ကန့်ကွက်မနေတော့…။အခုထိ ကျယ်ပြန့်တဲ့မြေပေါ်ဆောက်ထားတဲ့

ကိုယ်ပိုင်အိမ်ကို သတိရနေသည်။ထိုချိန်က ဆယ်သိန်းတန်အိမ်ကို နှစ်သိန်းတည်းဖြင့် ဆုဓာမိုက်က ရိုက်စ်
ဥဒ္ဒီးကို ရောင်းလိုက်သည်။ပြီးတော့....ကိရန်းမယီကို ပြောလိုက်သည်။
`သွား..သွား..ပစ္စည်းတွေထုပ်..ထည့်..အဆင်သင့်ပြင်´..။
ကိရန်းမယီယူကြုံးမရထငိုတော့သည်။
`သူတို့တတွေ ဒီနေရာကအမှန်တကယ်ထွက်သွားရမယ်ဆိုတာ´ဆုရန်ဂျန် မယုံကြည်နိုင်လောက်အောင်ဖြစ်

နေသည်..။မွေးကတည်းက သိခဲ့တဲ့ပတ်ဝန်းကျင်,ချက်မြုပ်ရာ,ဗြဟ္မပုတ္တရမြစ်,မိတ်ဆွေသူငယ်ချင်းများကိုခြွဲပီး
မသွားချင်…။
မာယာကလည်းတရှုတ်ရှုတ်ဖြင့်`ဆူဖီယာကိုမခွဲနိုင်ဘူး´ဟုချည်းပြောနေသည်။
ဆိုဖီယာသည် အိမ်နီးချင်းမာယာ၏သူငယ်ချင်းဖြစ်သည်။ညနေတိုင်း အိမ်ဝင်းအတွင်းကစားနေကြဖြစ်သည်။

ဆိုဖီယာကလည်း မာယာကိုခင်တွယ်သည်။
သို့သော်....ဆုဓာမိုက် ဘယ်သူ့စကားမှ နားမထောင်ချေ…။
တကယ်တော့....ငဲ့ကွက်စရာ သူ့မှာ ပိုများသေးသည်။
ဆုဓာမိုက်ခပ်ပြတ်ပြတ်ပြောလိုက်သည်။
`ကျန်တဲ့ဘ၀တစ်လျှောက်..နောက်ဆုံးအချိန်အထိ ကလေးတွေနဲ့အတူ ပိုသေချာတဲ့ဘ၀ကို ဖြတ်သန်းချင်

တယ်´..။
 
`သေချာတဲ့ဘ၀ကို ဖြတ်သန်းဖို့ ဘယ်မှာဖြစ်နိုင်သလဲ….?
ဒါ မဖြစ်နိုင်ဟု ဆုရန်ဂျန် သဘောပေါက်ထားသည်။
ဒါကာမြို့ကိုသွားရဖို့သေချာသွားပေပြီ…၊
ဒါကာမြို့….
လွတ်လပ်သောနိုင်ငံတစ်ခု၏မြို့တော်…
ဆုဓာမိုက် ဒိုတီကိုချွတ်၍ ဘောင်းဘီဝတ်ရတော့မည်…၊
ဆုရန်ဂျန် အဖေ့ဝေဒနာကိုကိုယ်ချင်းစာနိုင်သည်။
သူတို့ကို ထုတ်ဖေါ်မပြောနိုင်သောတံတိုင်းတစ်ခုကာဆီးထားသည်။
ဆုရန်ဂျန် သဘောပေါက်သည်…
ဘယ်လောက်ကြိုးစားကြိုးစား ဒီတံတိုင်းကို ကျော်လွှားဖို့မလွယ်….ဆုဓာမိုက်လည်း မတတ်နိုင်…ဆုရန်ဂျန်

လည်းမတတ်နိုင်…။

ကိုနော
၂၈.၄.၂၀၁၀




















0 comment(s) to... “အရှက်(၃)”

0 comments: