ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ငါဘယ်သူလဲ

Posted 1:25 AM by ကိုနော in Labels:

ရုတ်ရုတ်သဲသဲ…..တစ်မြို့လုံးမီးလုံးကြီးအောက်ရောက်နေသည်။ရပ်ကွက်အားလုံးပွက်လောရိုက်နေကြသည်။
ခေါ်မကြား..အော်မကြား..။ အားလုံး စိုးရိမ်ထိတ်လန့်အော် ဟစ်နေကြသည်။
ရပ်ကွက်တစ်ခုဆီပုန်းလျှိုးကွယ်လျှိုးအရဲစွန့်ကာ သူ တိုးလာခဲ့သည်။ခန္ဓာကိုယ်ကိုဖုံးကွယ်စရာဘာမှမရှိ တော့...။

`ဟေ့ မင်းဘယ်သူလဲ?
မာကြောလှသောအသံကြောင့်လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။အလန့်တကြားနောက်ဆုတ်လိုက်မိသည်။ ရှေ့မှာ အန္တရာယ်…။
သွေးစွန်းဓားရှည်ကိုင်ထားသောလူသန်ကြီးတစ်ယောက်ခုတ်ဖို့ပိုင်းဖို့အသင့်အနေအထား…။
`မကြားဘူးလား.. မေးနေတာ.. မင်းဘယ်သူလဲ? ဟိန္ဒူလား မွတ်စလင်လား?
စိတ်မရှည်ဟန်ထပ်မေးနေသည်။သူ စိုးထိတ်စွာစိုက်ကြည့်နေမိသည်။
`မင်းမှာ ပါးစပ်မပါဘူးလား?ပြောလေ....မင်းဘယ်သူလဲ? အလ်လာ(ဟ်)ကိုကိုးကွယ်တာလား,ဘဂ၀န်ကိုကိုး ကွယ်တာလား?
ဓားသမားအသံပိုကျယ်လာသည်။
`အလ်လာ(ဟ်)ကို`
လွှတ်ကနဲထွက်သွားသည်။
အလ်လာ(ဟ်)အသံကြားတော့ ဓားသမားပျော့သွားသည်။
`ကိုယ့်အမျိုးတွေပဲ..ကောင်လေး..နားထောင်..ဒီကနေအမြန်ထွက်သွား..ပုန်းပြီးသွား..ဟိန္ဒူတွေမင်းကိုသတ် လိမ့်မယ်။`
သူ အမှောင်ထဲတိုးဝင်လိုက်သည်။စမ်းတ၀ါးဝါးနှင့် ရှေ့တိုးလာခဲ့သည်။
ခပ်လှမ်းလှမ်းအရောက်တွင်တုန့်ကနဲရပ်လိုက်ရပြန်သည်။ ရှေ့မှာ အန္တရာယ်..။
`မင်းဘယ်သူလဲ?ဟိန္ဒူလား....မွတ်စလင်လား? ဘဂ၀န်ကိုကိုးကွယ်တာလား? အလ်လာ(ဟ်)ကိုကိုးကွယ် တာလား?
အသံမှာကြောက်စရာကောင်းလှသည်။
ကြောက်စိတ်များမိုးထိနေပေပြီ။
`ဘဂ၀န်ကို`
ဘယ်လိုထွက်သွားသည်မသိ။
`ဟေ မင်းဒီမှာ ဘာလာလုပ်နေတာလဲ? ထွက်သွားစမ်း..မွတ်စလင်တွေ တွေ့လိုက်လို့ကတော့ မင်း သေပြီ သာမှတ်..။`
အားလုံး အမှောင်ထုထဲ နစ်နေဆဲဖြစ်သည်။

ကိုနော
၁၈.၁.၂၀၁၀
(၂၀၀၈-ခုနှစ်ဖေဖေါ်ဝါရီလထုတ်,ခုဗ်ဆူရတ်အန်ဒဂ်ျမဂ္ဂဇင်းမှအန်ကူး(ရ်)ဆက်ဆေနာ၏ မယ်ကွန်း(န်)ဟူ(န်) ကို ပြန်ဆိုပါသည်။)



0 comment(s) to... “ငါဘယ်သူလဲ”

0 comments: