သမီးဟာ
ငှက်ကလေးတစ်ကောင်ဖြစ်တယ် ၊
နောက်တော့...... မြစ်တစ်စင်း ဖြစ်လာတယ် ၊
ကောင်းကင်ပြာလည်း ဖြစ်လာပြန်ရော ....
ဖေဖေကြီးကကော ဘာလဲဟင်....?
ဖေဖေကြီးဟာ
မိုးစိုစိုလည်း သွားရဦးမယ် ၊
နေပူပူလည်း သွားရဦးမယ် ၊
မုန်တိုင်းထန်လည်း သွားရဦးမယ် ၊
ဖေဖေ့အိပ်မက်က စာအုပ်ကြားမှာဆိုတော့
နူးညံ့တဲ့စကားလုံးတွေကြားမှာ သမီးလည်းရှိနေတယ် ၊
ဘာကြောင့် ပုန်းနေလဲ သိလား ဖေဖေ...?
ဖေဖေ့ဆီမှာ ထီးမှ မရှိတာ ။
ဖေဖေ...သမီးလေ
အရာရာကို နားလည်ချင်ပြီ ၊
အရာရာကို ပြောတတ်ချင်နေပြီ ၊
သမီး ကိုယ်တိုင် ပျံသန်းကြည့်ရတော့မလား?
သမီးလေ..
လနဲ့အတူ သွားနေတယ် ၊
လေနဲ့အတူ ပြန်လာတယ် ၊
မိုးရွာတဲ့အရပ်မှာတော့
ရေးချိုးနေလိုက်တယ် လေ....။
ကိုနော
၁၃.၈.၂၀၀၈
(က၀ိတာအဂ်ျကလ် ကဗျာစာအုပ်မှ ၀ိမလ်ကူးမား(ရ်)၏ ဧက် နန်ဟီးဆီ လရကီး ကီ ဒါယရီကို ပြန်ဆိုသည်။)
0 comment(s) to... “သမီးငယ်လေးရဲ့ ဒိုင်ယာရီ”
0 comments:
Post a Comment