ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ဘူးသီးမသီးဘူး

Posted 4:47 AM by ကိုနော in Labels:
 ဘူးသီးမသီးဘူး
ပြန်ရေးစမ်း
ဘူးသီး မသီးဘူး
မဟုတ်သေးဘူး….ပြောင်းပြန်ရေးစမ်း….
ဘူး သီး မ သီး ဘူး
ဘယ်လိုရေးရေး ရသဟ….။

ကြမ်းရှ နွမ်းလျတဲ့ ဒို့ဘ၀တွေ
ပြောင်းပြန်ရေးမိလို့
အဓိပ္ပါယ်ပျက်မသွားအောင်
သတိလေးဆောင်ပြီး
နေကြည့်ဦးစို့….။

မှန်းစမ်း…
ဝ ဘ နော ကို
မလှ…မရ…။
ရှုပ်ပါ့…။

ကိုနော
၁၀.၄.၂၀၁၀




1 comment(s) to... “ဘူးသီးမသီးဘူး”

1 comments:

ကိုနော said...

ကွန့်မန့်ပေးနိုင်ပြီဖြစ်ပါကြောင်း...။
သတိလစ်ဟင်းနေမှုကို ခွင့်လွှတ်တော်မူကြပါရန်...။