ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

အရှက်(၄-ခ)

Posted 3:03 AM by ကိုနော in Labels:



ဆုဓာမိုက် တစ်ခါတစ်ခါတွေးမိသည်။
`ဘာကြောင့် မယမန်ဆင်းကို စွန့်ခဲ့ရသလဲ…အိမ်သံယောဇဉ်က ဘာကြောင့်နှိပ်စက်နေသလဲ.....?
မာယာပြဿနာလား…ဒါ လည်းဖြစ်နိုင်တယ်…ဒီပြန်ပေးဆွဲတဲ့ကိစ္စက ဟိန္ဒူရော,မူစလင်ရောခံနေကြရတာပဲ၊
ဘာလဲ…ကိုယ့်အိမ်ကလုံခြုံမှုမရှိဘူးလို့ခံစားနေရတာလား…?´ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကြည့်နေသည်။

သံသီးဗဂျားရှိ အိမ်သေးသေးတွင်း လှဲရင်းလျှောက်တွေးနေသည်။
`ဘာကြောင့် ကိုယ်ပိုင်အိမ်ကို စွန့်ပြီးတစ်စိမ်းရပ်ကွက်မှာ လာနေရတာလဲ…သူတို့ကို ရှောင်တာလား..
မြေကိစ္စမှာ ဘာကြောင့် ရှုံးမယ်လို့ထင်နေတာလဲ..ဟိုသူဋ္ဌေးက မတရားနဲ့တရားဆင်တာနဲ့ပဲ ရှုံးသွားမှာလား
…ကိုယ်ပိုင်အိမ်…ကိုယ့်အိမ်ကိုယ် တရားစွဲခံရပြီးရှုံးမှာထက် အချိန်ရှိတုန်းသိက္ခာရှိရှိထွက်သွားတာက ပို
ကောင်းတယ်…´
တစ်ဝမ်းကွဲအစ်ကိုတစ်ယောက်လည်း ဒီလိုပဲ ကိုယ့်အိမ်ကိုယ်လက်လွှတ်လိုက်ရတာကို ဆုဓာမိုက်တွေ့ဖူး
သည်။တန်ဂါအီးလ်ရှိ အာကူးရ်ဌာကူးရ်က အိမ်ဖြစ်သည်။ဘေးအိမ်က ဇမီးမုံရှီက မြေလုဖို့ကြိုးစားသည်။
တရားဆိုင်ကြရသည်။ငါးနှစ်ကြာပြီးနောက် ဇမီးမုံရှီ အနိုင်ရသွားသည်။အဲဒီနောက်..အစ်ကိုလည်း အိန္ဒိယ
ထွက်သွားသည်။အစ်ကိုလိုမဖြစ်ရလေအောင် ဘိုးဘွားပိုင်မြေကို ခပ်သွက်သွက်ရောင်းခဲ့ရသည်။သူလည်း
အိန္ဒိယထွက်သွားမယ်ဆိုရင် အခက်အခဲမရှိလှ…အရင်လိုလည်းဂုဏ်သိက္ခာမရှိတော့…မိတ်ဆွေတွေလည်း
လျော့လာသည်…ဟိန္ဒူမိသားစုများသည် အခွင့်အရေးရရင်ရသလို အိန္ဒိယကိုထွက်ခွာနေကြသည်…
တချို့လည်းဆုံးပါးကုန်ပြီ…ကျန်နေတဲ့သူတွေမှာလည်း အနာဂတ်မျှော်လင့်ချက် ဘာမှ ရေရေရာရာမရှိကြ…
မကောင်းဆိုးဝါးတွေက ဘယ်ချိန် လာနှောင့်ယှက်ကြမလဲဆိုတာပဲ အမြဲပူနေကြရသည်..။
 
အားလုံး၏အိပ်မက်သည် အိန္ဒိယဖြစ်သည်။အားလုံးသည် လျှို့ဝှက်နည်းလမ်းများဖြင့် နယ်စပ်ကိုကျော်ဖြတ်ဖို့
အသင့်ပြင်နေကြသည်။ဆုဓာမိုက်ကတစ်ခါတစ်ခါပြောမိသည်။
`ဒီနိုင်ငံမှာ စစ်ဖြစ်တုန်းက ကြောက်လို့ အိန္ဒိယထွက်သွားကြတယ်…လွတ်လပ်ရေးရတော့ သတ္တိရှိသလိုလို
ပြန်လာကြတယ်….ပြောလိုက်ရင် အိန္ဒိယအကြောင်းပဲ…၊´
အဲဒီစကားတွေက သူ့ကို ဒုက္ခပေးတော့သည်။အားလုံးနဲ့ ကန့်လန့်ဖြစ်လာသည်။ဟိန္ဒူမိတ်ဆွေများရော,
မူစလင်မိတ်ဆွေများပါ တဖြေးဖြေးနှင့် ဆုဓာမိုက်ကိုခွာလာကြသည်။ပွင့်ပွင့်လင်းလင်းမပြောမဆိုကြတော့…။
သူတို့အိမ်တွေ ရောက်သွားရင်တော့ ပြောဆိုကြသည်။
`ဆုဓာမိုက် ဧည့်ခန်းထဲ ထိုင်ဦးနော်….ကျုပ် ဘုရားဝတ်ပြုလိုက်ဦးမယ်…´
`ဒီနေ့ မင်းရောက်လာတယ်ဆိုတော့ အိမ်တော့ကျက်သရေရှိသွားပြီဟေ့´စသဖြင့်…။
ဆုဓာမိုက် အဖော်မဲ့လာသည်။ကိုယ့်မြို့အပေါ် အမှတ်ရမှု,စိုးရိမ်းမှု,အာရုံစိုက်မှုများကသူ့ကိုနှိပ်စက်နေသည်။
ထိုကြောင့် ထွက်သွားချင်သည်။နိုင်ငံကိုတော့မစွန့်ချင်….အိပ်မက်မြို့လေးကို စွန့်ချင်လာသည်။ဒီအတွက်မရှူ
နိုင်မကယ်နိုင်ဖြစ်ခဲ့ရသည်။
ဆုဓာမိုက် ဒါကာရောက်စ…...
ခိုသိုက်လို အခန်းကျဉ်းကျဉ်းလေးထဲမှာနေရတာကို စိတ်ပျက်မိသည်။နောက်တော့လည်း အလေ့အကျင့်ဖြစ်
သွားသည်။တက္ကသိုလ်၌ အလုပ်ရသည်။မိတ်ဆွေအသစ်တွေတိုးပြီး အသားကျလာသည်။နိုင်ငံရေးထဲလည်း
ပါလာသည်။အစည်းအဝေးများ,ဆန္ဒပြပွဲများတွင်ဖိတ်ကြားခံရသည်။အဲဒါတွေကို ကိရန်းမယီက သဘောမကျ
ချေ။အစကတည်းက တားမြစ်လာသည်၊အခုလည်းအားမပေး…။
ကိရန်းမယီကတော့ ကိုယ်တိုင်စိုက်ပျိုးထားသောခြံကလေးနှင့်သစ်ပင်ဝါးပင်များအကြောင်းတွေးပြီးမျက်ရည်
ကျနေသည်။
`စိုက်ထားတဲ့ပဲပင်တွေအခုဘယ်လိုဖြစ်နေပြီ….မာလကာပင်….ဒီလောက်ကြီးတဲ့အသီးမျိုး ရပ်ကွက်ထဲ ဘယ့်
သူ့အပင်မှ သီးတာ မဟုတ်ဘူး….အုန်းပင်ခြေမှာ လူတွေဆားရေလောင်းပေးပါ့မလား…´
အဲဒါတွေကိုပဲတွေးပြီး စိတ်ဆင်းရဲနေသည်..။
ဆုဓာမိုက်ကကော…….?
ကိုနော
၁၀.၅.၂၀၁၀


0 comment(s) to... “အရှက်(၄-ခ)”

0 comments: