ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

နေပူလည်း ခဏပါ ကလေးရယ်….၊

Posted 6:45 AM by ကိုနော in Labels:
 မင်းလေးက
ကိုယ့်အိပ်မက်ပါကွယ်…
ကိုယ့်ဆီမလာချင်ပါနဲ့
မခေါ်ရက်ဘူး…။

ဆက်ပျံလိုက်ပါ…
သင့်တော်ရာ သွား
အမြင့်ပေါ်မှာ နားပါ….၊
ကိုယ့်အရိပ် ၀င်မခိုပါနဲ့
ခရီးဖင့်သွားလိမ့်မယ်….။

ဆက်ပျံလိုက်ပါ….
ဟော…ဟိုမှာ တောအုပ်….
အပင်တိုင်း ကြိုနေလိမ့်မယ်….နော့
နေပူလည်း ခဏပါကွယ့်….။

ဒီအပင်က
အရိပ်လှပေမယ့်
စိတ်မချရဘူး ကလေးရယ်…။
 
ကိုနော
၁၂.၅.၂၀၁၀ 
၁။ ၀ုန်း….ဖုန်း…..ဒိုင်း….ဗြန်း….
၂။ ဝေါ….ဝေါ….ရှလော…ဟော…ဗြော….
၃။ ဂြီး…ဂီြး…ဂီး…ဟီး…ဟီး…..
၄။ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀..။
အဖွင့်….၁-သည် ကိုနောအသည်းပေါက်ကွဲသံဖြစ်၍….၂-ကား မျက်ရည်ကျသံဖြစ်သည်။
၃-မှာ ငိုသံဖြစ်ပြီး….၄-ကား ဇီးရိုးမဟုတ် ၀လုံးများဖြစ်သည်။



3 comment(s) to... “နေပူလည်း ခဏပါ ကလေးရယ်….၊”

3 comments:

မော်ကွန်းသစ် said...

နုတော့နုချင်တယ်..သိပ်မနုရဲ့ဘူး...။ မေမေသိရင် ဆူလိမ့်မယ်....။



မဗေဒါ said...

ဟလို

မိုက်.. ဟုတ်ဘူး.. တခါတလေလည်း..

မလှပေမဲ့ အရိပ် ကကောင်းတော့ ဝင်ခိုမိပြန်ပါရော..။

ခစ် ...ခစစစစစစစစစစစစစ်..။ အစာ တစ်နေတာပါ..။

မဗေဒါ



shwezinu said...

ကိုနော ရေ

ကဗျာလေးကမိုက်တယ် ပြောရရင် ရွှေစင်ဦး ခံစားတတ် တယ်ပေါ့ဗျာ

ရွှေစင်