ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ကောင်းကင်ကိုမော့ကြည့်မိခြင်း

Posted 7:49 AM by ကိုနော in Labels:
 ကောင်းကင်ကို မော့ကြည့်မိတယ်…
`ငါ တစ်ယောက်တည်းမဟုတ်ဘူး´ဆိုတဲ့ အသိကလွဲပြီး
ဘာမှ ထွက်ကျမလာ…။
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ရွှေမြန်မာများ…အသေအချာမှားဆဲ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများ
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်ပြေအောင်လုပ်မယ့်လူများကို
အဆင်မပြေအောင်လုပ်နေသူများ
အဆင်မပြေသေး….
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
အဆင်မပြေသူများအကြောင်းပြောနေတဲ့ ကိုနော
အဆင်မပြေသေး…..
ကောင်းကင်ကို မော့ကြည့်မိတယ်…။
 
ကောင်း ကင် ကို မော့….
`ပွဲပြီးမှ သိရမယ့် အဖြေမျိုး ကျမလာပါစေနဲ့….´
ကောင်း ကင် ကို မော့ ကြည့် မိ တယ်…။

ကိုနော
၁၀.၅.၂၀၁၀
 
(မှတ်ချက်…ကဗျာဆရာကောင်းကင်ကိုကတော့ မော့မယ်မထင်ဘူး)


1 comment(s) to... “ကောင်းကင်ကိုမော့ကြည့်မိခြင်း”

1 comments:

Crystal said...

တခါတလေ ကောင်းကင်ကို မော့ကြည့်မိတယ် စိတ်ဓာတ်တွေ ပြိုလဲမိတဲ့အခါ။ ကြည့်မိတော့ အားရှိသလို ခံစားရတယ်။