ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ဆေးယုံ

Posted 3:53 AM by ကိုနော in Labels:
 လူကို ယုံလို့ ဟုတ်ဘူး
ဆေးကို ယုံလို့ လာခဲ့တာ....
ငှက်ဖျားဖြစ်ဖြစ်....ဆင်ဖျားဖြစ်ဖြစ်
အပြတ်ရှင်းပေးရမှာပေါ့....။

ခြေချော် လက်ချော်ဖြစ်ခဲ့ ရင်
ဘယ်သူ့ တာဝန်လဲ....?
ငါ့ ကံကြမ္မာလား
ဆေးလား
ဆရာဝန်လား
ငွေလား
တစ်ခုခုကြောင့်ဖြစ်မှာပေါ့...။

အေး...အခုတော့...
အေးဆေးပဲလေ....
ဗာရာဏသီ ပုံနားများအတွက် 
သတင်း မထူးသေးဘူး...

ဟဲလို.....
ကိုနော....ပါ
အပိုမပြောဘူး
အားလုံး ပုံမှန်အတိုင်းပါ...
ဦးနှောက်ထဲ ပိုးဝင်သွားတာက လွဲလို့ပေါ့....။

ကိုနော
၂၉.၅.၂၀၁၀










1 comment(s) to... “ဆေးယုံ”

1 comments:

Crystal said...

ဦးနှောက်ထဲ ပိုးဝင်တာတောင်မှ ကဗျာရေးနိုင်သေးရင် တကယ်ကောင်းတယ် သေချာပါတယ်။