ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

 စိတ်ကူးတွေ တောင်ပံဖြန့်
တိမ်များနဲ့အတူ ၀ဲပျံရင်း…
မြေပြင်ပေါ်လျှောက်တဲ့
ခြေလှမ်းများကတော့
ယိမ်းတိမ်းယိုင်တိုင်….၊
 
ရိုက်ချက်ပြင်းတဲ့
ဘ၀အပူလှိုင်းတွေကြောင့်
ခြောက်သွေ့ရင်း…
အဖူးအငုံအားလုံး
ပန်းဖြစ်ဖို့ မျှော်လင့်နေခဲ့….။

ဝေးနေသေးလား….?
နှလုံးသားက
သာလာယံဇရပ်တစ်ခု
ဖြစ်သွားရင်တော့….
ဘယ်သူ လာလာ…
ဘယ်သူ သွားသွားပေါ့…။
 
ကိုနော
၂၉.၄.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ရာဂ်ျကူးမားရ်ဆိုက်နီး၏ ကယားဖရတ်ပရသားဟဲကို ပြန်ဆိုပါသည်။)


တစ်နေ့....မောင်ထွေး အိမ်မက်ထဲ ဘုရားသခင်ရောက်လာသည်။
`လိုရာဆုတောင်စေဗျား´
`အလုပ်တစ်ခုရချင်တယ်…ကားကြီးကြီးတစ်စီး...အဲဒီကားထဲမှာ ကောင်မလေးတွေ အများကြီးပါစေ့ချင်
တယ်´
`တောင်းတဲ့အတိုင်းပြည့်စေဗျား´
ဘုရားသခင်ပျောက်ကွယ်သွားသည်။
အခု…မောင်ထွေး အမျိုးသမီးကောလိပ် ဘတ်(စ်)ကားမှာ လက်မှတ်ရောင်းနေပြီတည်း..။

ကိုနော
၂၉.၄.၂၀၁၀
(၂၉.၄.၂၀၁၀နေ့ထုတ် compactသတင်းစာမှ ပြန်ဆိုပါသည်)

ဆုရန်ဂျန် လက်ဘက်ရည်သောက်ချင်စိတ် မပျောက်သေး..၊အိပ်ယာထဲမှထပြီး အပေါက်ဘက်လျှောက်လာ
သည်။မျက်နှာမသစ်ပဲ လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်နေသည်။မာယာ့အသံ မကြားရတော့…၊
ဒီကောင်မလေး ဘယ်ရောက်သွားပြီလဲ…?ဆုရန်ဂျန် အချိန်တော်တော်ကြာအောင် သွားတိုက်နေသည်။
အိမ်မှာ အခုပဲ တစ်ယောက်ယောက်သေထားသလို ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
အခုပဲ မိုးကြိုးပစ်တော့မည်။အားလုံးကိုယ့်သေမင်းကို ကိုယ်စောင့်နေကြသည်။
ဆုရန်ဂျန် လက်ဘက်ရည်သောက်ရနိုး ဆုဓာမိုက် အခန်းလျှောက်လာသည်။ကုတင်ပေါ်၌ ခြေလေးဆန့်ပြီး
အနားယူနေသည်။
`မာယာ ဘယ်မှာလဲ…?´
ဆုရန်ဂျန်အမေးကို ဘယ်သူမှ မဖြေကြ…၊
ကိရန်းမယီ ပြတင်းပေါက်နားတွင် မှိုင်နေသည်။ဘာမှမပြောဘဲ တိတ်တဆိတ်မီးဖိုချောင်ဘက် ထသွားသည်။
ဆုဓာမိုက် မျက်နှာကျက်ကို စိတ်မပါဘဲကြည့်နေသည်။
မျက်လုံးမှိတ်ြပီး တစောင်းလှဲနေလိုက်သည်။
ဘယ်သူမှ သူ့ကို အရေးလုပ်ပြီး မပြောချင်ကြ…၊သူ သိလိုက်ပြီ..သူ လုပ်သင့်တာကို မလုပ်မိ..။
မိသားစုကိုခေါ်ပြီး တနေရာ ထွက်ပြေးကြရမည်…၊သူ ဒီလို မလုပ်ချင်…၊
 
ဆုရန်ဂျန် သိသည်။
မာယာဟာ ဂျဟန်ဂီးရ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ကြိုက်နေတယ်။အခွင့်အရေးရလျှင် သူ့ကို သွားတွေ့
လိမ့်မယ်...၊တစ်ခါ အိမ်က ထွက်သွားတာလည်း ဒီကိစ္စပဲ..။
ပြဿနာတစ်ခုဖြစ်လျှင် ဟိန္ဒူမိသားစုများရဲ့အခြေအနေကို မူစလင်များက မေးမြန်းလေ့ရှိတယ်..။ဒါလုပ်ရိုး
လုပ်စဉ်တစ်ခုပဲ။
ဒီနည်းကို ဂျဟန်ဂီးရ်လည်း သုံးလိမ့်မယ်...၊မာယာက သူ့ကို ကျေဇူးတင်မယ်…၊တစ်နေ့နေ့မှာ မာယာက
လက်ထပ်ဖို့ပြောရင်တော့ ဒီကောင်လေး ဘယ်ယူလိမ့်မတုံး…၊
ဆုရန်ဂျန် အတွေ့အကြုံအရသိနေသည်။သူကိုယ်တိုင်လည်း ပရဗီးနဲ့လက်ထပ်ဖို့ပြင်ဆင်သေးသည်။
ပရဗီးကပြောသည်..၊
`မင်း မူစလင်ဘာသာပြောင်းလိုက်ပါ´တဲ့…၊
`ဘာသာပြောင်းဖို့ လိုအပ်လို့လား…ငါတို့ ကိုယ့်ဘာသာကို ကိုယ်ကိုးကွယ်လို့ရတာပဲ´..။
ဒီအဆိုကိုပရဗီးရဲ့မိသားစုကလက်မခံဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ပရဗီးကိုအိမ်ထောင်ချပေးခဲ့ကြသည်။
ပရဗီးလည်း  ငိုယိုပြီးမင်္ဂလာမဏ္ဍပ်ကိုရောက်ခဲ့ရသည်...။

ဆုရန်ဂျန် စိတ်မကောင်းစွာဖြင့် ၀ရန်တာတစ်ဘက်သို့ ကြည့်လိုက်သည်။ဒါ ငှါးထားတဲ့ အိမ်ပဲ…နေရာလွတ်
မရှိဘူး..လမ်းလျှောက်စရာမြေမရှိဘူး…။
ကိရန်းမယီ လက်ဘက်ရည်ခွက်ကိုင်ပြီး အခန်းထဲရောက်လာသည်။
အမေ့ဆီက လက်ဘက်ရည်ခွက်ကို ယူပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။
`ဒီဇင်ဘာတော့ ရောက်ပြီ..ဆောင်း မရောက်သေးဘူး…ငယ်ငယ်တုန်းကတော့ ဆောင်းရာသီရဲ့မနက်ခင်း
တွေမှာ စွံပလွန်ရည်သောက်ရတယ်´…။
ကိရန်းမယီက သက်ပြင်းအရှည်ကြီးချလျက် ပြောသည်။
`သူများဆီက ငှါးထားတဲ့အိမ်မှာ စွံပလွန်ရည်ဘယ်ကရမလဲ…ကိုယ်တိုင်စိုက်ထားတဲ့ သစ်ပင်ဝါးပင်ရှိတဲ့အိမ်

ကို ရေတန်ဖိုးနဲ့ရောင်းခဲ့ရတယ်…။´

ဆုရန်ဂျန် လက်ဘက်ရည်ခွက်ကို အငမ်းမရယူလိုက်သည်။သူ သတိရလိုက်သည်။စွံပလွန်ပင်လှီးသူသည်
အရည်ကိုမြေအိုးနဲ့ခံရသည(ရှင်သန်ခွင့်...ကြည့်)မာယာနဲ့သူ သစ်ပင်အောက်ရပ်လျက်ခိုက်ခိုက်တုန်အောင်
ချမ်းနေကြသည်။စကားပြောလျှင် ပါးစပ်မှ အခိုးများထွက်နေသည်။သူတို့ ကစားကွင်း,သရက်,သပြေ,ပိန္နဲပင်
တွေရှိတဲ့ ခြံကလေး အခု ဘယ်ရောက်သွားပြီလဲ..`ဒါ မင်းတို့ရဲ့ဘိုးဘွားပိုင်မြေ…ဒီမြေကိုစွန့်ပြီးဘယ်မှမသွား
ကြနဲ့´ဟု အဖေပြောဖူးသည်။

နောက်ဆုံးတော့...ဒီအိမ်ကို ရောင်းရန်အကြောင်းဖန်လာသည်။မာယာ ခြောက်နှစ်အရွယ်တုန်းကပါ..၊
တစ်နေ့…မာယာကျောင်းက ပြန်လာတော့ လူစိမ်းများက သူ့ကိုခေါ်သွားကြသည်။တစ်မြို့လုံးလိုက်ရှာသော်
လည်း သတင်းမရ…၊အမျိုးတွေအိမ်လည်းမသွား…၊အသိအကျွမ်းအိမ်တွေဆီလည်းမရောက်…၊အတော်စိတ်ပူ
ကြရသည်။မာယာပျောက်တဲ့သတင်း ရလိုရငြား ကျောင်းပေါက်သွားပြီး ကလေးတွေနဲ့ရောကာ စုံစမ်းလည်း
မထူး…၊
နှစ်ရက်ကြာတော့ မာယာတစ်ယောက်တည်း အိမ်ပြန်ရောက်လာသည်..။ဘယ်က ပြန်လာတယ်,ဘယ်သူ
တွေခေါ်သွားတယ်ဆိုတာကို မေးမြန်း၍မရ..။နှစ်လလောက်အထိ မာယာ၏အမူအရာများထူးခြားနေသည်။
အိပ်ပျော်နေရင်းလန့်နိုးနေတတ်သည်။လူတွေ့တိုင်းကြောက်တတ်လာသည်။ညညဆိုတစ်အိမ်လုံးကိုစိတ်မချ
ဖြစ်နေသည်။
`မာယာကို ပြန်ပေးဆွဲမည့်အကြောင်း,အသက်ရှင်ချင်လျှင် ပိုက်ဆံပေးရမည့်အကြောင်း´နာမည်မပါသော

စာတစ်စောင်ရောက်လာသည်။ထိုအခက်အခဲကို ရဲစခန်းသွားတိုင်သော်လည်း နာမည်,လိပ်စာလောက်သာ
မှတ်သားပြီး ဘာမှထူးခြားမှုမရှိချေ..။
ကောင်လေးတွေ အိမ်ဝင်းအတွင်းဝင်လာပြီး ခြံကလေးထဲမှ အသီးများခူးကြသည်…၊ဖြစ်ထွန်းနေသောအသီး

အရွက်ပင်များကို ဖျက်ဆီးကြသည်…၊ပန်းများကို ချေဖျက်ကြသည်…၊ဘယ်သူမှ ဘာမှမပြောနိုင်ကြ….၊
ရပ်ကွက်ကလူတွေရှေ့မှာဖြစ်သော်လည်းအကျိုးမထူးချေ…။
သူတို့က`ငါတို့ဘာတတ်နိုင်မှာလဲ´တဲ့…။တစ်ယောက်ယောက်က သူတို့ကိုညွှန်ကြားနေတာပါ..။
ဆုရန်ဂျန်က သူငယ်ချင်းတွေခေါ်ပြီး ပြဿနာကို ဖြေရှင်းချင်သည်။ပြေလည်အောင်လည်းဖြေရှင်းနိုင်သည်။

ဒါပေမယ့် ဆုဓာမိုက်က လက်မခံ…။အိမ်ရောင်းပြီး မယမန်ဆင်းမှ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ထားသည်။
 

အိမ်ရောင်းဖို့ နောက်အကြောင်းတစ်ခု ရှိသေးသည်။ ဤအိမ်နှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရသည်မှာ
အတော်ကြာချေပြီ…၊အိမ်နားက သူဋ္ဌေးအလီဂျာလီက တရားစွဲပြီး ဤအိမ်ကိုသိမ်းပိုက်ဖို့ ကြိုးစားနေသည်။
ဒါကို တားဆီးရန် တရားရုံးသို့ သွားချီပြန်ချီလုပ်နေရင်း အခု ပြဿနာပေါ်လာသည်။
အိမ်ရောင်းမယ့်ကိစ္စကိုဆုရန်ဂျန် အားမပေးပါ…၊သူသည် ကောလိပ်တက်တုန်း သွေးဆူတုန်းလည်းဖြစ်သည်၊

ကျောင်းသားရွေးကောက်ပွဲတွင်လည်း အနိုင်ရထားသည်။ ဒီလူယုတ်မာတွေကို ရင်ဆိုင်နိုင်သော်လည်း
ဆုဓာမိုက်က ရောင်းဖို့ရန်သာ အားသွန်နေသည်။
`ငါတို့ ဒီမြို့မှာ မနေတော့ဘူး…ဒါကာ သွားကြမယ်´တဲ့….။
 

ဒီမြို့မှာ ဆရာဝန်လုပ်ရသည်မှာလည်း အဆင်မပြေလှ…၊တိုင်းရင်းသားဈေးတွင် ညနေဘက်ဆေးဆိုင်ထိုင်
သော်လည်း လူနာမလာကြ….၊လာပြန်တော့လည်း ဟိန္ဒူဆင်းရဲသားနှစ်ယောက်သုံးယောက်…သူတို့ဆီက
ပိုက်ဆံယူရတာလည်း စိတ်မဖြောင့်…။
ဆုဓာမိုက်အားသွန်နေသဖြင့် ဆုရန်ဂျန် ကန့်ကွက်မနေတော့…။အခုထိ ကျယ်ပြန့်တဲ့မြေပေါ်ဆောက်ထားတဲ့

ကိုယ်ပိုင်အိမ်ကို သတိရနေသည်။ထိုချိန်က ဆယ်သိန်းတန်အိမ်ကို နှစ်သိန်းတည်းဖြင့် ဆုဓာမိုက်က ရိုက်စ်
ဥဒ္ဒီးကို ရောင်းလိုက်သည်။ပြီးတော့....ကိရန်းမယီကို ပြောလိုက်သည်။
`သွား..သွား..ပစ္စည်းတွေထုပ်..ထည့်..အဆင်သင့်ပြင်´..။
ကိရန်းမယီယူကြုံးမရထငိုတော့သည်။
`သူတို့တတွေ ဒီနေရာကအမှန်တကယ်ထွက်သွားရမယ်ဆိုတာ´ဆုရန်ဂျန် မယုံကြည်နိုင်လောက်အောင်ဖြစ်

နေသည်..။မွေးကတည်းက သိခဲ့တဲ့ပတ်ဝန်းကျင်,ချက်မြုပ်ရာ,ဗြဟ္မပုတ္တရမြစ်,မိတ်ဆွေသူငယ်ချင်းများကိုခြွဲပီး
မသွားချင်…။
မာယာကလည်းတရှုတ်ရှုတ်ဖြင့်`ဆူဖီယာကိုမခွဲနိုင်ဘူး´ဟုချည်းပြောနေသည်။
ဆိုဖီယာသည် အိမ်နီးချင်းမာယာ၏သူငယ်ချင်းဖြစ်သည်။ညနေတိုင်း အိမ်ဝင်းအတွင်းကစားနေကြဖြစ်သည်။

ဆိုဖီယာကလည်း မာယာကိုခင်တွယ်သည်။
သို့သော်....ဆုဓာမိုက် ဘယ်သူ့စကားမှ နားမထောင်ချေ…။
တကယ်တော့....ငဲ့ကွက်စရာ သူ့မှာ ပိုများသေးသည်။
ဆုဓာမိုက်ခပ်ပြတ်ပြတ်ပြောလိုက်သည်။
`ကျန်တဲ့ဘ၀တစ်လျှောက်..နောက်ဆုံးအချိန်အထိ ကလေးတွေနဲ့အတူ ပိုသေချာတဲ့ဘ၀ကို ဖြတ်သန်းချင်

တယ်´..။
 
`သေချာတဲ့ဘ၀ကို ဖြတ်သန်းဖို့ ဘယ်မှာဖြစ်နိုင်သလဲ….?
ဒါ မဖြစ်နိုင်ဟု ဆုရန်ဂျန် သဘောပေါက်ထားသည်။
ဒါကာမြို့ကိုသွားရဖို့သေချာသွားပေပြီ…၊
ဒါကာမြို့….
လွတ်လပ်သောနိုင်ငံတစ်ခု၏မြို့တော်…
ဆုဓာမိုက် ဒိုတီကိုချွတ်၍ ဘောင်းဘီဝတ်ရတော့မည်…၊
ဆုရန်ဂျန် အဖေ့ဝေဒနာကိုကိုယ်ချင်းစာနိုင်သည်။
သူတို့ကို ထုတ်ဖေါ်မပြောနိုင်သောတံတိုင်းတစ်ခုကာဆီးထားသည်။
ဆုရန်ဂျန် သဘောပေါက်သည်…
ဘယ်လောက်ကြိုးစားကြိုးစား ဒီတံတိုင်းကို ကျော်လွှားဖို့မလွယ်….ဆုဓာမိုက်လည်း မတတ်နိုင်…ဆုရန်ဂျန်

လည်းမတတ်နိုင်…။

ကိုနော
၂၈.၄.၂၀၁၀


















လေတွေ တရကြမ်း တိုက်သွားတယ်…
မင်း ကြားလား…?
သူ ရေခဲဖြစ်သွားပြီ….၊

အခုပဲ….
နေ့တွေကို သိမ်းဆည်း….
တစ်မြို့လုံး အလင်းရောင်တွေကို
ငြှိမ်းသတ်လိုက်ပြီ….။

သစ်ရွက်တွေအပေါ်မှာ
ဒုက္ခတွေ တိတ်တဆိတ် ဖြစ်ထွန်း….
မွန်းကြပ်မှုတွေအပေါ်
အိပ်ပျော်နေတဲ့ သစ်ပင်ရဲ့
လက်ချောင်းကလေးတွေ
ထုံထိုင်းနေခဲ့ပေါ့….။

ငိုကြွေးသံတွေ ရပ်တန့်….
ဆူညံသံများ စတင်….
ကိုယ်ကိုယ်တိုင် မီးထဲထည့်ကြိုကြည့်တော့….
ညဉ့်ငှက်တွေက
ကိုယ့်အသိုက်ကိုယ်
မီးတင်ရှို့လိုက်ကြတယ်….။

အိပ်မက်ထဲမှာ အိပ်ပျော်…
အိပ်ပျော်ခြင်းထဲမှာ အိပ်မက် မက်ပြန်တော့…
ကိုယ်တိုင်ပဲ ပွင့်ပွင့်လင်းလင်း
ထုတ်ပြောလိုက်တယ်….
`နားထောင်ကြ….
အိမ်ပြန်ကြတော့….
အခု…......သူ
အတော်လေး ရူးနေပြီ…´။

ကိုနော
၂၈.၄.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ ဟေမန္တကုကရေးသီး၏ ပါဂဲပန် ဗဟွတ်ထုဝါးကို ပြန်ဆိုပါသည်။)



 လက်တွဲပြီး ခရီးဆက်ကြမယ်ဆိုတော့
မထိနဲ့…တဲ့
မပြောရသေးတဲ့ အကြောင်းအရာထဲက
အသုံးအနှုံးကို စိတ်ဆိုးနေတဲ့ ကောင်မလေးက….၊

စကားလုံးနောက်မှာ
သူ့စိတ်ရှိတယ်….၊
ရှေ့ဆက်ဖို့ ခက်နေတဲ့ ငါဟာ ကဗျာတွေပေါ့…၊
မိန်းမရဲ့စာရင်းရှင်းတမ်း,
ဥပေက္ခာနေ့ရက်များဟာ
ပုံပြင်တွေ ဖြစ်ခဲ့…။

ဘ၀ရဲ့ အမှတ်အသားတွေဖန်တီးကြဖို့
လက်တွဲကြဖို့
ဘယ်လိုရှေ့ဆက်ကြမလဲ….?
ဘ၀နဲ့အတူ
သူ့ကို မုန်းတီးခဲ့…။

လွန်ခဲ့တဲ့ နှစ်သစ်မှာ
မုန်းတီးမှုဖြောင့်ချက်ကာဒ် ရောက်လာတယ်…
`အခုထိ စိတ်ဆိုးတုန်းပါပဲ..´တဲ့….။

အို….ဘုရားသခင်…..
မိုးကောင်းကင်ဆီက
ကျနုပ် တောင်းဆုဆိုပါ၏်….
`လွတ်မြောက်မှု၏
သတ်မှတ်ချက်မှန်သမျှ
ကောင်မလေး လက်ချောင်းများအထိ
အရောက် ပို့ပေးတော်မူပါ…´။

ကတိပြုလိုက်တယ်…
`တစ်ဘ၀လုံး
အဆိပ်သောက်လိုက်မယ်…
ပြီးတော့မှ….
ကောင်းကင်ကနေ မင်းကို
ကိုယ်ထင်ပြမယ်…။´

ကိုနော
၂၇.၄.၂၀၁၀
(က၀ိတာအဂ်ျကလ်မှ လာလ်တူး၏ နာရာ့ဂ်ျလရကီးကေ ဗာရေးမေ စိုကျတေးဟုယေးကို ပြန်ဆိုပါသည်)










 ဝေသမျှ မကြွေတဲ့ ပန်းပါ
မင်း မနမ်းချင်လည်း ပွင့်ခဲ့ပြီလေ…၊
 
စိမ့်ထွက်သမျှ မခန်းတဲ့ စမ်းပါ
မင်း မသောက်ချင်လည်း စီးခဲ့ပြီလေ…၊
 
ဆိုနေသမျှ မဆုံးတဲ့ တေးပါ
မင်း မကြားချင်လည်း သီခဲ့ပြီလေ…၊
 
မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်း အိပ်နေလည်း လင်းခဲ့ပြီလေ…၊
 
တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်….၊
မျက်နှာမသစ်တောင်မှ
(မင်း မောတဲ့အခါ)
ခြေဆေးလို့ ရအောင်ပေါ့….။

မောင်စိန်ဝင်း(ပုတီးကုန်း)


 (က)  အိပ်ယာကို အမြဲခင်းမထားရ….၊
 (ခ)  အိပ်ယာတစ်ဝိုက်သေးငယ်သောပစ္စည်းများမထားရ…၊
 (ဂ)  အိပ်ယာကိုကိုယ်တိုင်ခင်း၍အိပ်ပါ….၊
(ဃ)  အသက်အရွယ်ကြီးသူများ ခေါင်းမူးလျှင် တန်းမအိပ်(မလှဲ)ရ…။

 စမ်းချောင်းကလေး...
သူ့ကို ထောင့်ကလေးမှာ
မသိမသာ ချီနှောင်ပြီး
ခရီးသွားနေသူပါ…။
ငါ့ ခရီးက ဝေးလှ….၊

ဒီနား ခဏ နားမယ်…၊
ချောင်းကလေးကို နည်းနည်းသောက်လိုက်မယ်…၊
လမ်းခရီးအတွက် ထပ်ဖြည့်ရဦးမယ်…။

ချောင်းကလေးကို
ခရီးလမ်းပန်း မေးရဦးမယ်လေ…..၊
ခရီးလမ်းမှာ
တောင်ကွယ်နေလား…?
ကန္တာရ ခြားနေလား…?
စိမ်းစိမ်းစိုစိုကော ရှိရဲ့လား…?
ဘယ်လို သွားပြီး,
ဘယ်လို နေရမလဲ….?
ဒီကြားမှာ နောက်ထပ် ချောင်းရှိသေးလား….?
ငါ့ဆီမှာကော နောက်ထပ် ချောင်းရှိသေးလား….?

ကိုနော
၂၆.၄.၂၀၁၀
(အဂ်ျကလ်က၀ိတာမှ ဆုန္ဒရကျန္ဒဌာကူးရ်၏ နဒီကို ပြန်ဆိုပါသည်။)







 ရချင် ပိုင်ချင်,ချမ်းသာချင်,အလွန်ကိုက်တဲ့ချင်…။
သာချင် နိုင်ချင်,လွှမ်းမိုးချင်,အလွန်ဆိုးတဲ့ချင်…။
ချစ်ချင် မုန်းချင်,လှပချင်,အလွန်ကမြင်းတဲ့ချင်…။
သတိ-တစ်လုံး,လက်ကိုင်သုံး,ချင်တွေ ပြုတ်ပြုတ် ပြုန်း….။
 
ကိုနော
၂၆.၄.၂၀၁၀

သဒ္ဓမ္မောပါယနံ
(သာမန်လူသား နိဗ္ဗာန်သွား)
----------------------
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

    အမြိုက်လမ်းညွှန်ပြ ဂုဏ်ပေါင်းခတဲ့ မြတ်အရှင်,
အရှင်ရဲ့စကား ,အရှင့်သား
အားရပါးရ ကန်တော့ပါ၏ ။ [၁,၂]

ဗုဒ္ဓသောမ ချစ်လှအဆွေ
ဖိအားတွေ ပေးတာကြောင့်
တရစပ် မနှေး အပြတ်ရေးလိုက်ရပါပေါ့
သဒ္ဓမ္မောပါယန ကျမ်းရွှေစာ...
ကိုယ့်အမည်က အာနန္ဒာ...။ [၃]

ရခဲတဲ့ အခြေအနေတစ်ရပ် ရရှိထားတယ် မဟုတ်လား...?
ပြုလိုက်တော့ ကောင်းမှု...
တွေးတတ်သူ ဆိုရင်ပေါ့....။(၄)

အမှန်တရားများ လင်းလက်ဆဲ....၊
စွမ်းအားများလည်း ပိုင်ဆိုင်ဆဲ....၊
ဓားလည်းထက်တုန်း...အားလည်းသွက်တုန်း မဟုတ်လား...?

လေးပါးအပါယ် လွတ်နေတဲ့ အိုလူသား...
ရုပ်မရှိသူလည်း မဟုတ်ခဲ့...
ရုပ်သက်သက်လည်း မဟုတ်ခဲ့...
ဆွံ့ အ နားမကြားသူလည်း မဟုတ်ခဲ့...
လက်လှမ်းမမီတဲ့အရပ်လည်း မဟုတ်ခဲ့....
အကြောင်းအကျိုး အကောင်းအဆိုးလည်း
သိသားနဲ့ကွယ်.....။(၅,၆)

ငရဲစခန်း,ပွဲကြမ်းတဲ့ဘ၀မှာ….
အမြဲပြေးလွှား,ချောက်ချားတဲ့ဘ၀မှာ….
ငတ်မွတ်လှ,ပေတတို့ဘ၀မှာ….
နာကြားခွင့်ကင်း,ထက်ဖျားဘုံမှာ….
လမ်းညွှန်သူမဲ့,ခေါင်းပါးတဲ့အရပ်မှာ….
ဗီဇဖျင်း,ဉာဏ်ကင်းတဲ့ဘ၀မှာ….
အကြောင်းအကျိုးပယ်,လွဲနေခဲ့အယူမှာ….
ဘုရားမပွင့်,အမှောင်နစ်တဲ့ကမ္ဘာမှာ….
ကုသိုလ်ဆို ဘယ်မှာရ ဝေးလှသည်ပင်…..။
                ကောင်းမှုဝေးတဲ့ ထိုခဏ `ဆုံးရှုံးရတဲ့ဘ၀´….။ (၇-မှ-၁၅အထိ)

ကောင်းလိုက်တဲ့ ကာလ,အကျိုးရှိအောင်အသုံးချ,
မေ့နေကြရင် ငတုံးငအ….။
ဗုဒ္ဓလမ်းပြ,ပြည့်စုံတဲ့ လူ့ဘ၀,နိဗ္ဗာန်တိုင်အောင် အသုံးချကြ…။
ဘယ်လိုကြည့်ကြည့် အနှစ်ပြည့်တဲ့လူ့ဘဝ
အဲဒါ ရခဲစွ…..။
လူ့ဘ၀ရကြောင်း ကုသိုလ်ပေါင်း ကြိုးစားပြုသင့်လှ…။
ကောင်းတာ အခက်,မခက်တာ အဖျက်,
ဒါသိလျက် မမိုက်နဲ့…။(၁၆-မှ-၂၀အထိ)

မကောင်းတဲ့ဘက်မှာ စိတ်ပျော်ကြ….မရိုသေခြင်းက စခဲ့တာပါ့..။
ကောင်းတာကျတော့ စိတ်ကမသွား…ပြုဖို့အခက်သား…။

အကုသိုလ်အကျိုး တမျိုးမြင်လွယ်၊
ကုသိုလ်တန်ခိုး အတွေ့ခက်တယ်။

အပေါက်တစ်ခုမှ ပုရွက်ဆိတ်ဗရပွ ခုန်က ထွက်သလို
လူသားများက သံသရာအပေါက်မှ ထွက်နိုင်ပါ့မလား..?

ကောင်းမှု ပြုခက်,လူ့ဘ၀ရဖို့ခက်၊
မျိုးစေ့ မရှိ အသီးမရှိ။

လောကမှာ လူ့ဘ၀ရရှိခြင်းဟာ တန်ဖိုးကြီးဆုံးပဲနော်…။

 `မြင့်မြတ်တဲ့ကောင်းမှုဟာ နိဗ္ဗာန်ကိုဦးတည်နေတယ်´
ဒီလိုနားလည်သူကတော့ ကောင်းတာမှန်သမျှ သိမ်းကျုံးလုပ်ပြီပေါ့..။
ရခဲတဲ့ လူ့ဘ၀,လွဲချော်ခဲ့ရင် နစ်နာလှပေါ့…။
နိမ့်ကျသူများ လူ့ဘ၀ရအောင်ကြိုးစားကြ…။
အဲဒါ ကိုယ့်အတွက်ဗျ…။
မြင့်မြတ်သူများ အများအကျိုးဆောင်ကြ,
အပြောလွယ်သလောက် ခက်တယ်ဗျ….
ပမာပြစရာ ရှာမရ….။

ကိုယ်ကောင်းဖို့ သားကို ဒုက္ခပေးနိုင်တဲ့လောက,
အများအကျိုးဆောင်ဖို့ဆိုတာ အားပါးပါး…မလွယ်ဘူးဗျ…။

သဗ္ဗာသ၀၀ိနိမုတ္တံ ၊ သဗ္ဗသာဓုဂုဏာကရံ။
သဗ္ဗလောကဂရုံ ၀ီရံ ၊ ဟိတံ အမတမဂ္ဂဒံ ။ (၁)

သဗ္ဗာဒရေန ၀န္ဒိတွာ ၊ သမ္မာသမ္ဗုဒ္ဓမာဒိတော ။
အထ ဓမ္မဉ္စ သံဃဉ္စ ၊ သဒ္ဓါယ မုဒ္ဓနာ အဟံ ။ (၂)

သဒ္ဓမ္မောပါယနံ ကိဉ္စိ ၊ ရစယိဿာမိ ပေသိတုံ ။
နာမတော ဗုဒ္ဓသောမဿ ၊ ပိယသဗြဟ္မစာရိနော ။ (၃)

အဋ္ဌက္ခဏ၀ိနိမ္မုတ္တံ ၊ ခဏံ ပရမဒုလ္လဘံ ။
ဥပလဒ္ဓေန ကတ္တဗ္ဗံ ၊ ပုညံ ပည၀တာ သဒါ ။(၄)

တယော  အပါယာ အာရုပ္ပါ - သညံ ပစ္စန္တိမမ္ပိ စ ။
ပဉ္စိန္ဒြိယာနံ ဝေကလ္လံ ၊ မိစ္ဆာဒိဋ္ဌိ စ ဒါရုဏာ ။(၅)

အပါတုဘာဝေါ ဗုဒ္ဓဿ ၊ သဒ္ဓမ္မာမတဒါယိနော ။
အဋ္ဌက္ခဏာ အသမယာ ၊ ဣတိ ဧတေ ပကာသိတာ ။(၆)

ကာရေန္တော ကမ္မကရဏံ ၊ နိရယေ အတိဒါရုဏံ ။
ဘယာနကံ ဘုသံ ဃောရံ ၊ ကထံ ပုညံ ကရိဿတိ ။(၇)

သဒ္ဓမ္မသညာရဟိတေ ၊ သဒါ ဥဗ္ဗိဂ္ဂဇီဝိတေ ။
တိရစ္ဆာနဘဝေ သန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၈)

ဂန္တွာန ပေတ္တိဝိသယံ ၊ သန္တာပပရိသောသိတော ။
ခုပ္ပိပါသာပရိဿန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၉)

အာရုပ္ပါသညာလောကေပိ ၊ သ၀ဏောပါယ၀ဇ္ဇိတော ။
သဒ္ဓမ္မသ၀ဏာဟီနော ၊ ကထံ ပုညံ ကရိဿတိ ။(၁၀)

အစ္စန္တာဓမ္မဗဟုလေ ၊ မုနိန္ဒသုတ၀ဇ္ဇိတေ ။
ပစ္စန္တ၀ိသယေ ဇာတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၁)

ဇလော မူဂါဒိကော ၀ါပိ ၊ ၀ိပါကာဝရဏေ ဌိတော ။
ဂဟဏောပါယရဟိတော ၊ ကထံ ပုညံ ကရိဿတိ ။(၁၂)

ပက္ခန္တော ပါပိကံ ဒိဋ္ဌိံ ၊ သဗ္ဗထာ အနိဝတ္တိယံ ။
သံသာရခါဏုဘူတော ဟိ ၊ ကထံ ပုညံ ကရိဿတိ ။(၁၃)

ဗုဒ္ဓါဒိစ္စေ အနုဒိတေ ၊ သိဒ္ဓိမဂ္ဂါဝဘာသကေ ။
မောဟန္ဓကာရေ ၀တ္တန္တော ၊ ကထံ ပုညံ ကရိဿတိ ။(၁၄)

ယံ ဘာဝနာမယံ ပုညံ ၊ သစ္စာဘိသမယာဝဟံ ။
တဿ အနောကာသဘာဝေန ၊ ဧတေ အက္ခဏသမ္မတာ ။(၁၅)

အဋ္ဌက္ခဏ၀ိနိမုတ္တော ၊ ခဏော ပရမဒုလ္လဘော ။
တံ လဒ္ဓါ ကော ပမဇ္ဇေယျ ၊ သဗ္ဗသမ္ပတ္တိသာဓကံ ။(၁၆)

အဝေကလ္လမနုဿတ္တံ ၊ ဗုဒ္ဓါဒိစ္စာဘိမဏ္ဍိတံ ။
သုဒုလ္လဘတရံ တမှိ ၊ ခဏေ နိဗ္ဗာနသိဒ္ဓိယာ ။(၁၇)

ဟေတုဒုက္ကရတော စေ၀ ၊ သာရတော စ မဟဂ္ဃတော ။
မဟာသာရံဝ ရတနံ ၊ မနုဿတ္တံ သုဒုလ္လဘံ ။(၁၈)

မနုဿတ္တဿ ဟေတု ဟိ ၊ ပုညံ တံ အတိဒုက္ကရံ ။
လောကေ ဟိ ပုညကာမာနံ ၊ မန္ဒတာ တဿ သာဓိကာ ။(၁၉)

ပုညဿ ဒုက္ကရတ္တဉ္စ ၊ အပုညသုကရတ္တနံ ။
ဃရံ ကတွာန ဒါနေန ၊ ဒဟနေန စ ဝေဒိယံ ။(၂၀)

ပါပေ အနာဒရေနာပိ ၊ သတတံ ၀တ္တတေ မနော ။
ပုညေ အစ္စာဒရေနာပိ ၊ နဒိယာ သာဓိတဗ္ဗကံ ။(၂၁)

ယထာ ဒိဿန္တိ သမ္ပုဏ္ဏာ ၊ အပုညာဖလဘူမိယော ။
တထာ ပုညာ န ဒိဿန္တိ ၊ ပုညာနံ ဖလဘူမိယော ။(၂၂)

ပိပီလိကာနံ ပုဉ္ဇော ဟိ ၊ ဗိလာ ဧကာ ၀ိနိဂ္ဂတော ။
ကိံ နု သော နာတိရိစ္စေယျ ၊ မနုေဿ ဇမ္ဗုဒီပကေ ။(၂၃)

ပုညဿ ဒုက္ကရတ္တာ စ ၊ မနုဿတ္တံ သုဒုလ္လဘံ ။
ဗီဇာဘာဝေ ဖလာဘာဝေါ ၊ အလံ တံ ပဋိဘာဝိတုံ ။(၂၄)

ယံ ယံ ဟိ သမ္မတံ လောကေ ၊ တတ္ထ တံ သာရသညိတံ ။
တတော သာရံ မနုဿတ္တံ ၊ သာဓုသမ္မတဘာဝတော ။(၂၅)

ဥဠာရဖလဒံ ကမ္မံ ၊ နိဗ္ဗာနာဝဟမေ၀ စ ။
ဣဓ ဣဇ္စ္ပျတိ သဗ္ဗံ တိ ၊ ဉေယျာ ဧတ္ထမဟဂ္ဃတာ ။(၂၆)

ဧ၀မာဒီဟိ ဟေတူဟိ ၊ မနုဿတ္တံ သုဒုလ္လဘံ ။
တဿာလာဘေ တု သဂ္ဂါဒိ ၊ သမ္ပတ္တိ စေ၀ ဒုလ္လဘာ ။(၂၇)

အစ္စန္တလာမကာယာပိ ၊ အတ္တတ္ထပဋိပတ္တိယာ ။
လဘနီယံ မနုဿတ္တံ ၊ ယဒိ ဧ၀ံ သုဒုလ္လဘံ ။(၂၈)

အထော အစ္စန္တသေဋ္ဌာယ ၊ ပရတ္ထပဋိပတ္တိယာ ။
ဒုက္ကရတ္တဿ ဥပမာ ၊ တိလောကေပိ န ၀ိဇ္ဇတိ ။(၂၉)

ပုတ္တဿ ဒုက္ခံ ကတွာပိ ၊ လောကေ အတ္တသုခတ္ထိကေ ။
ပရတ္ထံ ပဋိပဇ္ဇန္တော ၊ ကော ဟိ နာမ ဘ၀ိဿတိ ။(၃၀)

 လုံးဝအိုကေ,အဆင်ပြေစဉ်မှာ,
မင်း ငါ လူရင်း,အချင်းချင်းဟု,ရိုင်းပင်းသယောင်,ဟန်ပန်ဆောင်လည်း,
ရှောင်ရန်ခက်ခဲ,ဒုက္ခပွဲများ,ကြုံတွေ့ငြားသော်,
စိတ်ထားအမှန်,ချက်ချင်းပြန်သည်,
ဧကန် ရန်သူအလားတည်း….
မဟန် ကျန်လူ နွားတည်း…။

(လူ့သဘာဝရှိတတ်တာကို ရည်ရွယ်ပုံရပါတယ်...သတိထားနှလုံးသွင်းကြဖို့ပေါ့နော်)
[ဦးနှောက်ပိုင်းဆိုင်ရာ အနည်းငယ် ချွတ်ယွင်းမှုရှိနေပါသဖြင့် `ထကန်လိုက်မယ်,ဘာမှတ်လဲ´တရားတော်မှ
ကောက်နှုတ်ချက်ကိုသာ တင်ဆက်လိုက်ရပါကြောင်း]
ကိုနော
၂၆.၄.၂၀၁၀


မှတ်စုစာအုပ်ထဲရှိနေတဲ့ အတိုအစများကို မျှဝေလိုက်ပါတယ်…..ကဗျာဆရာများကိုတော့ အလွန်အကျွံအား
နာမိပါသည်။
ဤစာသားများကို ဘယ်ဆရာရေးသော,ဘယ်ကဗျာထဲက မှန်းမသိတော့ချေ…ဗာရာဏသီ ကိုနောက
တော့ တင်ပြလိုက်ချေပြီတည့်…။ကဗျာဆရာနဲ့ မူရင်းကဗျာများကို တင်ပြပေးကြပါက အလွန်အကျွံနှစ်ပြန်
ကျေးဇူးတင်ပါမည်..။
တစ်ပုဒ်နဲ့တစ်ပုဒ် ဘာမှမဆိုင်ဘူးနော်….။လှလွန်းလို့ပါ…။
(၁)
တောအုပ်ဖြစ်ခွင့် မပေးချင်နေ,
ရှင်သန်ကြီးထွားခွင့်သာ
ညီညီမျှမျှ ရွာချစေချင်တယ်….။

(၂)
ဘ၀နာပေမယ့်
လသာတဲ့ညမို့ ရင်ခုန်တယ်…။

(၃)
ကြယ်တွေ မရိုးမရွ
ကောင်းကင်ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရင် ကောင်းမလား…?

(၄)
တွေ့ဆုံချိန် ကာလနည်းပေမယ့်
အပြစ်ရှာစရာ အနာက မရှိလေတော့
ချစ်လာတာ ကိုယ့်အပြစ်လားကွယ်….(ဟီ..ဟီ)

(၅)
ချစ်မိသူတိုင်း အစပိုင်းမှာ လူမသိ သူမသိရူးကြတယ်…
အဆုံးမှာတော့ လူသိ သူသိ ရူးကြတယ်…။(အမွန်)

(၆)
အလွမ်းချစ် ပန်းအဖြစ် ပွင့်ခဲ့ရင်တောင် မနမ်းဝံ့ပါဘူး…။

(၇)
ဒီဘ၀မှာတော့ ညီမျှမှ တော်ကာကျမှာမို့
တေးသီခါ ဖော်ကာပြချင်ပေမယ့်
အဝေးဆီသာ မျှော်ကာ တ,ရတယ်...
အချစ်ရယ်....
တော်ရာကပဲ လွမ်းနေမယ်....။

(၈)
ကောင်းကင်ကို မော့ကြည့်လိုက်ပါ မိတ်ဆွေ
အရောရော အထွေးထွေး ပြေးလွှားနေကြပေမယ့်
တိမ်တွေက သတ်သတ်
လေက သတ်သတ်
ကောင်းကင်ကြီးက သတ်သတ်
နေထိုင်ကြတာ မဟုတ်ဘူးလား...?

(၉)
လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ်ဆိုပေမယ့်
လွမ်းဖို့ ကိစ္စမှာတော့
ကာယကံမြောက် ချစ်သူမရှိလည်းဖြစ်တယ်...။

(၁၀)
အနက်ရှိုင်းဆုံးနေရာထိ တိုးဝင်လေလေ
အမှောင်ဆုံးဘ၀ကို ရောက်လေလေလား...?
ဆက်လျှောက်လိုက်ပါမယ် ချစ်သူရယ်...
လမ်းဆုံးလို့ ရွာတွေ့ရင်
ပြန်သင့်တယ်ဆို ပြန်ပါ့မယ်...။

(၁၁)
သမ်းသမ်းမဲမဲ,အိပ်ပျော်ခဲ,မဲဇလီနှင့်ဆား...။

(၁၂)
နည်းပညာဆန်းသစ်မှုနဲ့ နည်းပညာတော်လှန်ရေးကြောင့်တော့ ဆရာ,ဆရာမများရဲ့အခန်းကဏ္ဍလျော့ပါး
လာပြီလို့ ကျွန်တော်မယူဆဘူး…။
(အိန္ဒိယသမ္မတဟောင်း အမ္ဗဒူကလမ်း)

(၁၃)
မိဂဒါဝုန်,တောမြိုင်စုံကား,အကုန်ပျက်စီး,ကျောက်တိုင်ကြီးနှင့်,ကျောင်းကြီးဝိဟာ,အုတ်ပုံသာတည်း..။

(၁၄)
(က) မိမိ ဂိုးသွင်းနိုင်ခြင်း,မသွင်းနိုင်ခြင်းထက် အသင်း အမှတ်ရရှိရေးသာ အဓိကကျတယ်။
(ခ) ကစားပုံကောင်းဖို့ထက် ရလဒ်ကောင်းဖို့ ပိုအရေးကြီးတယ်..။
(ဒရော့ဘာ)

(၁၅)
ငါ့မှာ ဘိနပ်မရှိပေမယ့် ခြေထောက်တွေရှိနေသေးတယ်..။

(၁၆)
ချိုးးငှက်တွေ ဘယ်လောက်ကူကူ
တောမီးလောင်နေတဲ့အခါ မသာယာဘူး…။

(၁၇)
(က) သည်းခံကြောင်း မပြောတဲ့ထိ သည်းခံပါ..။

(ခ) ခံစားရသမျှကို မျိုသိပ်,ခပ်မဆိတ် နှုတ်ပိတ်ထားတတ်ပါစေ…။

(ဂ) အ,တယ် ထင်သမျှကို တကယ် အ,သယောင် ဟန်ဆောင်တတ်ပါစေ…။

(၁၈)
သတိတရ တမ်းတစိတ်တွေနဲ့
ရွှေချထားတဲ့ စကားလုံးတွေ မပါပဲ
ရိုးရိုးပဲ ငါ လွမ်းလိုက်တော့မယ်..။

(၁၉)
အနာဂတ်ရဲ့ ညနေတစ်ခုမှာ
လှပစွာ မင်း ပြုံးနိုင်ဖို့အတွက်
မျက်ရည်တွေနဲ့ ငါ ပျော်မွေ့ဆဲပါ….။

(၂၀)
စစ်နည်းဗျူဟာ,ဘယ်လိုသာလည်း,စွဲကိုင်လက်နက်,ဘယ်လိုထက်လည်း,
ပြည်သူ့နှလုံး,မသိမ်းကြုံးလျှင်,
ပြည်သူ့ခွန်အား,မကိုးစားလျှင်,
ဓားသွားလည်းကြွေ,လှံလည်းခွေအံ့…။
(နန္ဒိသေနပျို့)

(၂၁)
(က) ဒီနေရာမှာ ရွှေအိုးရှိမှန်း သိရက်သားနဲ့ တူရွင်းရိုးကျိုးမှာစိုးလို့ မတူးရင် မိုက်ရာကျမှာပေါ့….။
(ဆရာတော် ဦးရန်ကုန်)

(ခ) ကံကြမ္မာဆိုသည်မှာ ကောင်းစွာပြင်ဆင်ထားသောစိတ်ဓာတ်ကိုသာ မျက်နှာသာပေးတတ်သည်။

(၂၂)
(က) ဘယ်လိုပြင်ဆင်မှုမျိုးနဲ့ဖြစ်ဖြစ် ရိုးသားစွာ အိုမင်းတတ်ဖို့လိုတယ်…။
 
(ခ) စမ်းချောင်းပေါ် ကြွေရုံနဲ့ ပန်းတွေ ပင်လယ်ထိ မရောက်ဘူး…။




 တဒင်္ဂပေမယ့်
ရင်ဝကို လာမှန်တဲ့ဆူး
အဆိပ်လူးလို့ မူးခဲ့တယ်
ရူးရပြီကောကွယ်…။
 
(မျိုး-မော်လမြိုင်)
(ထုံးစံအတိုင်းပဲ....သူများကဗျာဆိုရင် ကောင်းတာများတယ်)

 အမှားတစ်ခါ မတရားတာ မဟုတ်ပေမယ့်
အမှားမိုးပေါက် တဖျောက်ဖျောက်ကျတဲ့အခါ….
နှစ်ထပ်ဘ၀ကို
ချုပ်ရိုးမပေါ်အောင် ချုပ်စပ်လို့မရတဲ့အခါ….
မာယာကိုရှောင်ကွင်းဖို့
မာယာကို အသုံးပြုမိတဲ့အခါ….
အကြွေးဆပ်ဖို့ အကြွေးထပ်ယူမိတဲ့အခါ….
ကဗျာဟာ မုန်တိုင်းဖြစ်သွားတယ်…။
 
ကိုနော
၂၂.၄.၂၀၁၀


ဆုဓာမိုက်မျက်စိထဲပုံရိပ်တွေထင်တုန်းဖြစ်သည်။
ဦးကြီး,အဒေါ်ကြီး,ဦးလေး,အဒေါ်လေးအားလုံးတစ်ယောက်ပြီးတစ်ယောက်နိုင်ငံကိုစွန့်ပြီးထွက်ခွါနေကြသည်။
မယမန်ဆင်းဘူတာမှဖူးလ်ဘာရီဘက်သို့ရထားထွက်ခွါနေပြီ..။
ဥသြဆွဲသံအတူမီးခိုးလုံးကြီးများလွှတ်ထုတ်၍ခရာတွတ်သံကြားရသည်။ရထားတွဲမှကြေကွဲဖွယ်ရာငိုကြွေးသံ
များထွက်နေသည်။ဆွေမျိုးသားချင်းများအပြေးအလွှားလိုက်မှာတမ်းခ္ဈေနေကြသည်။

`သုကုမားရ်….သွားလေ…၊ဒါဟာမူစလင်တိုင်းပြည်…ဒီမှာကိုယ့်ဘ၀ကိုဘယ်သူမှအာမ,မခံနိုင်ဘူး..´
`ကိုယ့်မွေးရပ်မြေမှာမှ အာမခံချက်မရှိရင် ကမ္ဘာ့ဘယ်နေရာမှာ အာမခံချက်ရှိမလဲ…ကျွန်တော်ကတော့
ကိုယ့်နိုင်ငံကထွက်မသွားနိုင်ဘူး..၊ခင်ဗျားတို့သွားချင်သွားကြ,ဘိုးဘွားပိုင်မြေကိုစွန့်ပြီးဘယ်မှမသွားဘူး….၊
အုန်း,ကွမ်းခြံလေး,လယ်ကွင်းကျယ်ကျယ်,အမွေရထားတဲ့မြေ,တစ်ဧကနီးပါးရှိတဲ့မြေပေါ်မှာဆောက်ထားတဲ့
အိမ်,ဒါတွေအားလုံးကိုစွန့်ပြီး ဆိယာလ်ဒဟဘူတာကိုမလာချင်ဘူး…´
 
ထိုစဉ်က ဆုဓာမိုက်အသက်(၁၉)နှစ်ရှိပေပြီ…။
ကျောင်းကသူငယ်ချင်းများ သူတို့ရှေ့မှာပင်သွားနေကြသည်။
သူတို့က`မင်းအဖေ နောက်မှ နောင်တရလိမ့်မယ်´…တဲ့..။
`ကိုယ်နိုင်ငံကို စွန့်ပြီးဘာဖြစ်လို့ အခြားနေရာကိုသွားရမှာလဲ…?သေရင်လည်းဒီနိုင်ငံမှာပဲသေမယ်…
အသက်ရှင်နေရင်လည်း ဒီမှာပဲ´
အဖေသင်ထားတဲ့အတိုင်း ဆုဓာမိုက်ပြန်ပြောလိုက်သည်။
၁၉၄၇-ခုနှစ် ကောလိပ်များပိတ်သည်။
မသွားရသေးသူများလည်း သွားမယ်ပြောနေကြသည်။
လက်ချိုးရေတွက်၍ရသောအရည်အချင်းရှိသောမူစလင်ကျောင်းအချို့နှင့်လက်ရွေးစင်ဟိန္ဒူဆင်းရဲသားများ
နှင့်အတူကောလိပ်စာမေးပွဲအောင်းပြီးနောက် ဆုဓာမိုက် လိတန်မယ်ဒီကယ်ကောလိပ်၌ အလုပ်ရသည်။

၁၉၅၂-ခုနှစ်တွင် သွေးပူတုန်း(၂၄)နှစ်ရှိနေပေပြီ…၊
`နိုင်ငံ့ဘာသာ ဘင်္ဂလားဖြစ်ရမယ်´ကြွေကြော်သံကိုကိုင်စွဲပြီး ဒါကာမြို့၏လမ်းမများအပေါ်ထွက်ကြတဲ့အခါ

တစ်နိုင်ငံလုံး တက်တက်ကြွကြွပါဝင်ကြသည်။
မိုဟာမက်အလီဂျိန်နာ၏ ပါကစ္စတန်၏နိုင်ငံ့ဘာသာသည် အူရဒူသာဖြစ်ရမည်ဟူသောအယူအဆကိုကြားရ
ပြီး ရဲရင့်တက်ကြွသောဘင်္ဂါလီလူငယ်များအုံကြွကြသည်။
ဘင်္ဂလားကို နိုင်ငံတော်ဘာသာပြုလုပ်ရန်ဟူသောတောင်းဆိုချက်ကိုစွဲကိုင်ပြီး ပါကစ္စတန်အုပ်ချုပ်ရေးအဖွဲ့

ကိုခေါင်းမော့ရင်ကော့၍ရင်ဆိုင်ကြသည်။
ပဋိပက္ခဖြစ်ပြီး ရဲများ၏သေနတ်ရှေ့မှာ အသေခံကြသည်။သွေးချောင်းစီးသွားသည်။
သို့သော် `ဘင်္ဂလားကိုနိုင်ငံတော်ဘာသာပြုလုပ်ရေး´အဆို ဘယ်သူမှမစွန့်လွှတ်ကြချေ…။
ဆုဓာမိုက်သည် ထိုအချိန်ကတက်ကြွစွာပါဝင်ခဲ့သည်။လူထုရှေ့မှ`ဘင်္ဂလားအလိုရှိသည်´ကြွေးကြော်သံဖြင့်
ချီတက်ခဲ့သည်။
အဲဒီနေ့က ရဖိဆလာမ်,ဗားကတ်,ဂျဗ်ဗားတို့ ရဲလက်ချက်ကြောင့် အသက်ဆုံးရှုံးကြရသည်။
ဆုဓာမိုက်လည်း ထိုလူအုပ်ထဲ၌ရှိနေသည်။ သူလည်းသေနတ်စာမိပြီး နိုင်ငံ၏မြင့်မြတ်သောအာဇာနည်
တစ်ယောက်အပါအ၀င်ဖြစ်သွားနိုင်သည်။

၆၉-အရေးတော်ပုံတုန်းကလည်း ဆုဓာမိုက် အိမ်တွင်ထိုင်မနေပေ…၊
ထိုအချိန်က အယုဗ်ခန်း၏ညွှန်ကြားချက်ဖြင့် ရဲကလူအုပ်ကြီးအကြမ်းဖက်ဖြိုခွင်းလိုက်သည်။
`ဂျာရဟ၀ီဒဖာ´အဆိုကို စွဲကိုင်ရင်း အသေခံကြသည်။အာလာမ်ဂီးရ်မန်ဆူ,မိန်တူးတို့၏အလောင်းကိုထမ်း၍

မယမန်ဆင်းလမ်းမများအပေါ်လှည်လှည်ခဲ့ကြသည်။ပါကစ္စတန်စစ်တပ်ကိုဆန့်ကျင်၍ချီတက်ကြသည်။
(အရေးတော်ပုံအမျိုးစုံနှင့်အကိုးအကားများကိုကျော်လိုက်ကြစို့…)

၁၉၄၇မှ ၁၉၇၁အထိ ဘင်္ဂါလီအမျိုသားများအမြောက်အများသွေးချောင်းစီးခဲ့ပြီးအခက်အခဲအမျိုးစုံခံစားခဲ့ကြ
ရသည်။၁၉၇၁၌ နောက်ဆုံးလွတ်မြောက်ရေးစစ်ပွဲဖြစ်သည်။ဘင်္ဂါလီသုံးသိန်းတို့၏သွေးနှင့်ရင်း၍ရသော
လွတ်လပ်ရေးက`တရားမျှတမှုသည်ဘယ်တော့မှလူမျိုးစုလွှမ်းမိုးရေးအုတ်မြစ်၌တည်မနေကြောင်း´သက်သေ
ထူလိုက်သည်။ဘာသာယဉ်ကျေးမှု,သမိုင်းစသည်သည်လူမျိုးစုလွှမ်းမိုးရေး၏အခြေခံဖြစ်သည်။
ဒါဟာအမှန်ပါပဲ….။
ပန်ဂျာဗီနှင့်မူစလင်,ဘင်္ဂါလီနှင့်မူစလင်တို့ကိုပါကစ္စတန်တစ်နိုင်ငံတည်းထူထောင်လိုက်သည်။
သို့သော့်…ဟိန္ဒူ,မူစလင်နှစ်မျိုးခွဲခြမ်းရေးအယူအဆကို စွန့်လွှတ်၍ ဘင်္ဂါလီများကလက်ခံခဲ့ကြသည်။
ပါကစ္စတန်ရှိမူစလင်များနှင့်သဘောတူညီခဲ့ကြသည်မဟုတ်…။
 
၇၁-ခုနှစ်တွင် ဆုဓာမိုက်သည် မယမန်ဆင်း၏ဆေးရုံတစ်ခု၌ ဆရာဝန်ဖြစ်နေသည်။ သူသည်အိမ်တွင်း,
အိမ်ပြင်အလုပ်ရှုပ်နေသည်။ ညနေဘက်တိုင်းရင်းသားဈေး၌ဆေးဆိုင်ထိုင်သည်။ ကိရန်းမယီ၏ရင်ခွင်၌
ခြောက်လသားကလေးငယ်ရှိနေသည်။ သားအကြီးဆုရန်ဂျန်ကတော့(၁၂)နှစ်ရှိနေပေပြီ…။
သူ့တာဝန်ကားမသေးလှ..။ဆေးရုံတွင်လည်းတစ်ယောက်တည်းဦးစီးနေရသည်။အားလပ်ချိန်လေးရရင်တော့ ရှရိနှင့်စကားစမြည်သွားပြောတတ်သည်။
မတ်လခုနစ်ရက်(သို့မဟုတ်)ရှစ်ရက်ဖြစ်လိမ့်မည်။ရေဆ်ကိုဆ်ကွင်း၌ရှိတ်မူဂျီ၏မိန့်ခွန်းကိုနားထောင်ခဲ့သော

ရှရိ,ဗတ်ဗလူး,ဖိုင်ဂျူး,နိမိုင်းတို့ ည(၁၂)နာရီလောက်တွင် ဗြဟ္မဖုလ္လီရှိဆုဓမိုက်၏အိမ်ကို တံခါးလာခေါက်ကြ
သည်။
`တစ်ယောက်တည်းဆိုသေနတ်နဲ့သွား…,အကယ်၍..ကျနုပ်(သို့မဟုတ်)တစ်ယောက်ယောက်အသတ်ခံရ
တယ်ဆိုရင်…ခင်ဗျားတို့ကို ကျနုပ်ပန်ကြားချင်တယ်…အိမ်တိုင်းကိုခံတပ်လုပ်ကြ…၊အနားမှာရှိတာကိုယူပြီး
တိုက်ပွဲဝင်ကြရမယ်…ငါတို့ရဲ့တိုက်ပွဲဟာလွတ်မြောက်မှုတိုက်ပွဲပဲ…၊ငါတို့ရဲ့တိုက်ပွဲဟာလွတ်လပ်ရေးတိုက်
ပွဲပဲ…´
ရှိတ်ခ်ျမူဂျီဘူရ်ဟမာန်သည်လူထုကိုနှိုးဆော်နေသည်။
သူတို့ဒေါသကြောင့်တုန်နေကြသည်။
စားပွဲကိုပုတ်ပြီးပြောသည်။
`သတိထားကြပါ….တစ်ခုခုလုပ်ရတော့မယ်…ထိုင်နေလို့ဘာမှ ဖြစ်မလာဘူး…´
ဒါကိုတော့ ဆုဓာမိုက်လည်း သဘောပေါက်နေသည်။
ထိုနောက်….မတ်(၂၅)ရက်နေ့….မှောင်မိုက်သောညရောက်လာသည်။
အမှောင်ထဲ၌ပါကစ္စတန်စစ်တပ်ကအိပ်ပျော်နေသောဘင်္ဂါလီများကိုရုတ်တရက်ပုတ်ခတ်ပြောဆိုလိုက်သည်။
မိတ်ဆွေများရောက်လာပြီး ဆုဓာမိုက်၏အိမ်ကိုတံခါးခေါက်ကာ တိတ်တဆိတ်ပြောဆိုကြသည်။
`တိုက်ကြရတော့မယ်…အခြားနည်းမရှိဘူး…´

မိသားစုတစ်လုံးကိုစွန့်ပြီးတိုက်ပွဲဝင်ရမယ်…ဘယ်တိုက်ပွဲမှာသေမယ်ဆိုတာမသိနိုင်ဘူး…၊
ဆေးရုံကိုလည်းစိတ်မ၀င်စားတော့…၊ကော်ရစ်ဒါတွင်တစ်ယောက်တည်းလမ်းလျှောက်နေသည်။တိုက်ပွဲဝင်ချင်
စိတ်ပြင်းပြနေသည်။အိမ်ကိုလည်းစိတ်မချ..၊
`ကိရန်း…အိမ်ကိုမင်းတစ်ယောက်တည်းထိန်းနိုင်တယ်မဟုတ်လား…?ဂရုစိုက်…ငါတနေရာရာသွားရမယ်´
ကိရန်းမယီကိုပြောလိုက်သည်။
ကိရန်းမယီ သံသယဖြင့်ပြန်ပြောသည်။
`သွားပေါ့…အိန္ဒိယတွေသွားနေကြတယ်…အိမ်နားနီးချင်းအိန္ဒိယတွေအားလုံးသွားနေကြပြီ…´၊
ဆုဓာမိုက်ကိုယ်တိုင်လည်းတွေ့နေရသည်။
ဆုကန္တ,ဆုဓန်ရှ,နိရမ်လန္ဒူး,ရန်ဂျန်…အားလုံးသွားနေကြသည်။
၄၇-တုန်းကသွားသလိုသွားနေကြသည်။သူတို့ကို`ငကြောက်´ပြောပြီးကဲ့ရဲ့ကြသည်။

တစ်နေ့မှာ…နိမိုင်းက ဆုဓာမိုက်ကိုပြောသည်။
`ဟေ့…မြို့ထဲကလမ်းတွေမှာစစ်တပ်တွေလှည့်နေတယ်…ဟိန္ဒူတွေကိုဖမ်းနေတယ်..သွားကြစို့..ထွက်သွား
ကုန်ကြပြီ..၊´
၄၇-တုန်းက ဆုကုမားရ်ပြောသလို ကိုယ်တိုင်ပြန်ပြောလိုက်သည်။
`မင်းသွားချင်ရင်သွား…ငါကထွက်းပြေးမဲ့အကောင်မဟုတ်ဘူး…ပါကစ္စတန်ခွေးကောင်တွေကိုသတ်ပြီး
လွတ်လပ်ရေးရအောင်လုပ်မယ်..အဲဒီအချိန်ဟာ ဖြစ်လာလိမ့်မယ်…၊´

ဆုံးဖြတ်ချက်ချကာ ဖူးလ်ပူရ်မှာရှိတဲ့ ဖိုက်ဂျူးအိမ်မှာ ကိရန်းမယီကိုထားခဲ့ပြီး ရှရိ,ဗတ်ဗလူး,ဖိုက်ဂျူးတို့နဲ့အတူ

နာလိတာဗာရီးဘက်ကိုထွက်မယ်၊သို့သော်…..ပါကစ္စတန်စစ်များသားက ဖမ်းလိုက်သည်။

သော့ဝယ်ရန်ထွက်ခဲ့သည်။ကျာပရာကွေ့မှာသော့ရနိုင်မှာပဲ…ရရင်တော့အိမ်ကိုသော့ခတ်ပြီးအမှောင်ထဲက
နွားလှည်းပေါ်တက်လိုက်မယ်…၊သူတို့တက်ကြွနေကြသည်။မြို့သည်တစပြင်ကဲ့သို့တိတ်ဆိတ်နေသည်။
ဆိုင် တစ်ဆိုင်နှစ်ဆိုင်တံခါးတစ်ဝက်ပွင့်နေသည်။
ရုတ်တရက်`ရပ်´ဆိုပြီးသူ့ကိုလှမ်းဆွဲထားသည်။သူတို့သုံးယောက်ဖြစ်သည်။နောက်မှတစ်ယောက်က
ကော်လာကိုကိုင်ပြီးမေးသည်။
`မင်း နာမည် ပြောစမ်း..၊´

ဆုဓာမိုက်....ဘာနာမည်ပြောရင်ကောင်းမလဲ…?
ကိရန်းမယီပြောဖူးသည်ကိုသွားသတိရသည်။
`သူ့ကို အိမ်နားနီးချင်းတွေကပြောတယ်…အသက်ရှင်နေဖို့အတွက်နာမည်ပြောင်းထားရမယ်…
ဖာတိမာအက်ခတားရ်လိုနာမည်မျိုးမှည့်ထားရမယ်…´တဲ့ ၊
`သူ့ရဲ့ဟိန္ဒီနာမည်ဟာ အခုချိန်မှာ အန္တရာယ်များတယ်…ဆိုတာတွေးမိသဖြင့် ကိုယ့်နာမည်,အဖေ့နာမည်

ဆုကုမားရ်ဒတ္တ,ဦးလေးနာမည် ဂျိုတိမိုက်ဒတ္တဆိုတဲ့နာမည်တွေကို ခဏမေ့ထားလိုက်သည်။
ကိုယ့်ကိုယ်ကိုနာမည်ပေးပြီးအသာလေးရွတ်ကြည့်ကာထိန့်လန့်စွာပြောလိုက်သည်။
`ဆိရာဂျုတ်ဒီးဟူစိန်….´။
နာမည်ကြားရတော့…တစ်ယောက်ကအသံလေးကြီးဖြင့်ငေါက်ပြော ပြောသည်။
`ပုဆိုးချွတ်စမ်း´
ဆုဓာမိုက်ပုဆိုးမချွတ်ပါ..။
သူတို့ဆွဲချွတ်လိုက်သည်။

နိမိုင်း,ဆုဓာန်းရှ်,ရန်ဂျန်တို့ ဘာကြောင့်ထွက်ပြေးကြသလဲဆိုတာ ဆုဓာမိုက်သဘောပေါက်လိုက်သည်။
အိန္ဒိယပြည်ကြီးကိုခွဲခြမ်းပြီးနောက် ဟိန္ဒူတော်တော်များများ နိုင်ငံကိုစွန့်ခွါကြသည်။လူမျိုးရေးအပေါ်
အခြေခံ၍ အိန္ဒိယ-ပါကစ္စတန်ခွဲခြားပြီးနောက် နယ်စပ်ကို ဖွင့်ထားသည်။
ထိုချိန်၌ ဟိန္ဒူအများအပြား,အထူးသဖြင့်..အထက်တန်းစားနှင့်အလယ်လတ်တန်းစားပညာတတ်ဟိန္ဒူများ
အိန္ဒိယပြန်သွားကြသည်။

၁၉၈၁-ခုနှစ်သန်းခေါင်စာရင်းအရ...ဤနိုင်ငံ၌ဟိန္ဒူဘာသာဝင်တစ်ကုဋေငါးသိန်းခုနစ်သောင်းခန့်…
လူးဦးရေ၏ ၁၂.၁ ရာခိုင်နှုန်းရှိသည်။လွန်ခဲ့သောနှစ်တွေအတွင်းဟိန္ဒူအရေအတွက်တိုးလာပြီးတစ်ကုဋေခွဲ
ဖြစ်သွားသည်။ဤခန့်မှန်းသည် အစိုးရ၏စာရင်းဖြစ်သည်။ဟိန္ဒူဦးရေသည် ဒီထက်ပိုလိမ့်မည်ဟု ဆုဓာမိုက်
ယူဆသည်။နှစ်ကုဋေ၀န်းကျင်ရှိနိုင်သည်။နှစ်ရာခိုင်နှုန်းသည်ဟိန္ဒူများဖြစ်သည်။
[ဤနေရာ၌ ခုနှစ်အလိုက် ဟိန္ဒူများအတိုး,အဆုတ်စာရင်းကိုချန်လှပ်ခဲ့ပါသည်။ပျင်းနေမည်စိုးသောကြောင့်
ဖြစ်သည်။ကိုနောကတော့ ကျော်ဖတ်မှာ သေချာသည်။]

၉၀-ပြည့်နှစ်နောက်ပိုင်းဟိန္ဒူအရေအတွက်နည်းသွားသလား…?၉၂-ခုနောက်ပိုင်းကကော…?
ဆုဓာမိုက် ရင်ဘတ်ဘယ်ဘက်ကနာကျင်နေသည်။ဒါ သူ့ရောဂါဟောင်းဖြစ်သည်။
ခေါင်းတစ်ခြမ်းလည်းကိုက်နေသည်။သွေးတိုးနေတာဖြစ်နိုင်သည်။ဗာဗရီဗလီအကြောင်းလာနေသောCNN
သတင်းကိုပိတ်ပစ်လိုက်သည်။ဆုဓာမိုက်မှန်းဆကြည့်သည်။
`ဒီသတင်းကိုကြည့်တဲ့လူတွေဟိန္ဒူတွေကိုတိုက်ခိုက်လိမ့်မယ်…ဒီအတွက်အစိုးရကကရုဏာသက်နေတယ်…
ဒဏ်ရာရရင် ပြန်တိုက်ခိုက်တတ်တာ သူတို့အလေ့အထပဲ…သူတို့ RCNသတင်းကို စောင့်ကြည့်နေကြ
မလားပဲ…?
ဆုဓာမိုက် ဘယ်ဘက်ရင်ဘတ်ကိုဖိပြီးလှဲနေလိုက်သည်။
 
မာယာကတော့ အခုချိန်အထိ စိတ်လှုပ်ရှားလျက်ဝရန်တာ၌ခေါက်တုံ့ခေါက်ပြန်လျှောက်နေတုန်း...၊
သူတစ်နေရာရာသွားချင်နေသည်။ဆုရန်ဂျန် မထတော့ ဘယ်မှသွား၍မရဖြစ်နေသည်။ဆုဓာမိုက်ဝရန်တာ၌
နေပူထွက်လှုံသည်။တစ်ယာက်တည်းဖြစ်နေသည်။
မာယာ့အရိပ်ကအတော်ရှည်နေသည်။ကိရန်းမယီအထီးတည်းထိုင်နေသည်။သူ့မျက်လုံးနဲ့တောင်းပန်နေသည်။
`သွားကြ…အသက်ရှင်ဖို့သွားကြ…သူများတွေသွားနေကြတယ်…ဒါပေမယ့်…အိမ်ကိုထားခဲ့ပြီးဘယ်ကိုသွားရ

မှာလဲ…ဆုဓာမိုက်..ရေ….၊´
ဒီအသက်ဒီအရွယ်မှာ အရင်တုန်းကလို ထွက်ပြေးဖို့ဖြစ်နိုင်ပါ့မလား…?အရင်ကဆို ဒီလိုလူအုပ်ကိုကြည့်ပြီး

ပြေးပြီးသွားနိုင်တယ်…အိမ်ကသူတို့ကို မတားနိုင်ဘူး…အဲဒီတုန်းကသတ္တိတွေဘယ်ရောက်ကုန်ပြီလဲ…?
 

သူတို့ထင်ထားသည်။
`လွတ်လပ်ပြီး လူမျိုးရေးမခွဲခြားတဲ့ ဘင်္ဂလားဒေရှ်မှာ ကိုယ်ပိုင်နိုင်ငံရေး,စီးပွားရေး,လူမှုရေးနဲ့ဘာသာရေး

အခွင့်အရေးရလိမ့်မယ်လို့…၊´
ဒါပေမယ့်…နိုင်ငံမှာ ဘာသာရေးမျှတမှုတွေ တဖြည်းဖြည်းပျောက်ဆုံးနေတယ်၊အခု..နိုင်ငံ့ဘာသာဟာ

အစ္စလာမ်ဖြစ်နေတယ်…၊တစ်ယူသန်လူမျိုးရေးအုပ်စုတွေက ၇၁..ခုလွတ်မြောက်ရေးတိုက်ပွဲကိုဆန့်ကျင်ခဲ့ကြ
ပြီးလွတ်လပ်ရေးရပြီးတဲ့နောက်..အတွင်းအောင်းနေကြတယ်…အခု..သူတို့ အတွင်းထဲက ခေါင်းပြူထွက်လာ
ကြပြီ…အခု ဂုဏ်ယူပြီး လမ်းလျှောက်နေကြ,လှည့်လည်နေကြ,အစည်းအဝေးထိုင်နေကြတယ်…။
၉၀-ပြည့်...အောက်တိုဘာမှာဖြစ်တဲ့အနိုင်ကျင့်မှုမှာ သူတို့တွေပဲ ဟိန္ဒူတွေရဲ့ဘုရားကျောင်းတွေ,အိမ်တွေကို

လုယက်ဖျက်ဆီးမီးရှို့ခဲ့ကြတာ...။

ဆုဓာမိုက် မျက်လုံးကလေးမှိတ်ပြီးလှဲနေသည်။ဒီတစ်ကြိမ်ဘာဖြစ်လာမယ်ဆိုတာ မသိသေး…၊
အစွန်းရောက်ဟိန္ဒူများက ဗာဗရီဗလီကြီးကို ဖြိုချလိုက်သည်။သူတို့မကောင်းမှုရဲ့အကျိုးကိုအခုဘင်္ဂလားဒေရှ်
က ဟိန္ဒူတွေခံရတော့မယ်…၊ဘင်္ဂလားဒေရှ်၏လူနည်းစုဖြစ်သော ဆုဓာမိုက်တို့မှာ (၉၀)ပြည့်နှစ်အနိုင်ကျင့်မှု
၏ဒဏ်ရာဒဏ်ချက်များ မပျောက်သေး..၊
အခု(၉၂)ခုနှစ်မှာ ဘယ်လိုကြုံတွေ့ရဦးမလဲ…? ဒီတစ်ကြိမ်မှာလည်း ကြွက်များလိုသွားပုန်းနေရလိမ့်ဦးမယ်။
ဟိန္ဒူတွေပဲလားဆိုတော့…။ဟိန္ဒူတွေက အိန္ဒိယမှာ ဗလီဖြိုလိုက်တယ်…အဲဒီအကျိုးးဆက်က ဆုဓာမိုက်ကို
ဘာ့ကြောင့်လုပ်ရမှာလဲ…?
သူ ၀ရန်တာရောက်နေသော မာယာ၏အရိပ်ကို ကြည့်လိုက်သည်။အရိပ်လှုပ်နေသည်။တစ်နေရာထဲတွင်

ရပ်မနေ…၊အရိပ်က လှုပ်လှုပ်နေပြီး ရုတ်တရက်ပျောက်သွားသည်..၊
မာယာ အဖေ့အခန်းထဲဝင်လာသည်။သူမကြောက်နေသည်။မာယာကစိတ်ဆိုးပြီးပြောသည်။
`ဒီလိုဆို….အဖေတို့ ဒီမှာ နေကြ…ကျွန်မတော့ သွားပြီ....´
`ဘယ်သွားမှာလဲ´
ကိရန်းမယီက ငေါက်ပြီးမေးလိုက်သည်။
`ပါရူးလ်တို့အိမ်…အမေတို့ အသက်မရှင်ချင်ကြတော့ဘူးဆိုတော့…ကျွန်မဘယ်တတ်နိုင်မလဲ..အစ်ကိုလည်း

ဘယ်မှ သွားမှာမဟုတ်ဘူးလို့ထင်တယ်…´
မာယာက ဆံပင်များကို ခပ်သွက်သွက်စည်းရင်းပြောသည်။
`ဒါဆို…မင်းရဲ့ နီလန်ဂျနာဒတ္တဆိုတဲ့နာမည်က ဘာလုပ်ဦးမှာလဲ´
အနေအထားကိုထိန်းရန် ဆုဓာမိုက်က မေးလိုက်သည်။
ချက်ချင်းပဲသူ့ရဲ့ဆိရာဂျုတ်ဒီးဆိုတဲ့နာမည်ကို သတိရလိုက်သည်။
 
မာယာက အသံကလေးတုန်ပြီးပြန်ပြောသည်။
`လာ အိလာဟာ အိန်လာလာဟု မုဟမ်ဒူးရ် ရဆုလုလ္လာဟ်လို့ဆိုလိုက်ရင်မူစလင်ဖြစ်သွားနိုင်တယ်…
ကျွန်မလုပ်လိုက်မယ်..နာမည်ကိုလည်း ဖိရိုဂျာဂေမ်လို့ ပြောင်းလိုက်မယ်´တဲ့..။
`မာယာ´
ကိရန်းမယီ မာယာကို တားချင်သည်။
မာယာက အမှားအယွင်းမရှိတဲ့လူတစ်ယောက်လို လည်းပင်းလေးကိုကိုင်းပြီးကိရန်းမယီကိုကြည့်လိုက်သည်။
ဆုဓာမိုက်က ချောင်းအရှည်ကြီးဆိုးပြီး မာယာနှင့်ကိရန်းမယီကို တစ်လှည့်စီကြည့်နေသည်။
မာယာကတော့ (၄၇)ခုနှစ် နိုင်ငံခွဲခြမ်းတာကိုလည်း မမီလိုက်…၊ (၅၀)ခုနှစ်အုံကြွမှုနဲ့(၇၁)ခုနှစ်လွတ်မြောက်
ရေးတိုက်ပွဲကိုလည်းမမီလိုက်…၊သူ သိတတ်တဲ့အချိန်မှာ အစ္စလာမ်ဟာ နိုင်ငံတော်ဘာသာဖြစ်နေပြီ….၊
သူနဲ့ သူ့မိသားစုအပါအ၀င် အင်အားနည်းတဲ့လူမျိုးစုများဟာ အဖွဲ့အစည်းများနဲ့နည်းလမ်းမျိုးစုံနဲ့နားလည်းမှု
ရနေတာကိုသာ သူ တွေ့ရတယ်။(၉၀)ပြည့်နှစ်က ကြောက်စရာကောင်းတဲ့မီးကိုတော့သူတွေ့လိုက်ရတယ်။
ဒီတော့ ကိုယ့်ဘ၀လုံခြုံရေးအတွက် စိန်ခေါ်မှုအားလုံးကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်…။မာယာဟာ

အမှောင်ထဲမှာ မီးမထွန်းချင်ဘူး….။
မျက်လုံးထဲ အသုံးမကျတဲ့ မာယာကို အတော်မျိုသိပ်ထားရသည်။သူ့ကို ဘယ်သူမှတားလို့မရဘူးလို့ သူ့ရှေ့
တွင် ပြောသွားသေးသည်။ဆုဓာမိုက် ရင်ဘတ်ထဲက ပြင်းထန်တဲ့ဝေဒနာက ပိုဆိုးလာသည်။

  ကိုနော
၂၄.၄.၂၀၁၀





 ငါကြောက်တတ်တာ ငါ သိတယ်
ကြောက်ရွံ့မှုရဲ့ လိုအပ်ချက်ကို ငါ သိတယ်
ကြောက်ရွံ့မှုမှ ကာကွယ်ဖို့ ကိုယ်ကိုမတ်လိုက်တယ်
တံခါးပေါက်တိုင်းမှာ ဒရ၀မ်လိုအပ်တယ်လေ….၊
ငါ့ကိုယ်ငါ ငါဖြစ်ကြောင်းသက်သေပြဖို့
နေ့တိုင်း ငါ့အိပ်ကပ်ထဲမှာ ငါ့သက်သေတွေ ထည့်ထားတယ်….။

လူတွေထဲက လူသားဖြစ်ကြောင်းသက်သေတွေ
ငါ့ဆီမှာ မရှိဘူးဆိုတာ ငါသိတယ်..။
ဒရ၀မ်မျက်လုံးတွေကိုကျော်ပြီး
အထဲဝင်ဖို့ အမြဲကြံစည်နေတာကို
ငါမျက်လုံးတွေက ပြသလိုက်တယ်….၊
မျက်လုံးတွေပြလို့
ဒရ၀မ်ကြောက်မသွားတာကို သဘောမကျဘူး….၊
ခြိမ်းခြောက်မှု,တပ်မက်မှုတွေကြောင့်
အရောင်ထွက်ပြီးစိန်ခေါ်နေတဲ့
ဒရ၀မ်ရဲ့မျက်လုံးတွေ ခေါင်းငုံ့သွားစေချင်တယ်…၊

လူသားဖြစ်ကြောင်းသက်သေတွေပြပြီး
ဒရ၀မ်ကို မကြောက်ရအောင် ငါ တည်ဆောက်ချင်တယ်….။

ကိုနော
၂၁.၄.၂၀၁၀
[က၀ိတာအဂ်ျကလ်မှမိထိလစ်ရှ်ရှရီဝတ်စတော၏အာဒမီဟိုနေးကာပရ်မာန်းကိုပြန်ဆိုသည်။]

ဆုရန်ဂျန် အိပ်ယာမှ မထသေး…။
`အစ်ကို ထတော့…လုပ်စရာရှိတာ လုပ်လေ…နောက်ကျနေရင် ဂွိသွားမယ်….၊´
မာယာ အထပ်ထပ်ပြောနေသည်။
ဘာလုပ်ရမယ်ဆိုတာ ဆုရန်ဂျန် သဘောပေါက်သည်။ တနေရာရာ သွားပုန်းနေရချေမည်။
ကြွက်များလိုပါပဲ…ကြောင်ကိုကြောက်ရင်ပုန်းနေလိုက်…အကြောက်ပြေရင်ကြောင်ရှေ့ဖြတ်ပြေးလိုက်ပဲပေါ့။
သူတို့လည်း အခြေအနေအေးချမ်းရင် ထွက်လာကြသပေါ့။
ဘာဖြစ်လို့ အိမ်ကိုစွန့်ပြီးထွက်ပြေးရမှာလဲ…?
သူက..ဆုရန်ဂျန်ဒတ်,သူ့အဖေ..ဆုဓာမိုက်ဒတ်,သူ့အမေ..ကိရန်းမယီဒတ်,ညီမလေး...နီလံဂျနာဒတ်။
ဘာကြောင့် အဖေ အမေနဲ့ညီမလေးကို ထားခဲ့ရမှာလဲ…?
လွန်ခဲ့တဲ့နှစ်တွေတုန်းကလိုပဲ..ကမာလ်,ဗေလား..ဒါမှမဟုတ်..ဟိုက်ဒါးတို့အိမ်မှာမှေးနေလို့ရရဲ့မဟုတ်လား…?
အောက်တိုဘာတစ်မနက်မှာပေါ့….
ကမာလ်ဟာ..အိစ်ကိုတန်ရှိ..သူ့အိမ်မှသုတ်သီးသုတ်ပျာရောက်လာပြီးအိပ်ယာမှနှိုးပြီးပြောသည်။
`မြန်မြန်လုပ်ဟေ့…အ၀တ်အစား…နှစ်ထည်,သုံးထည်လောက်ယူပြီးငါနဲ့လိုက်ခဲ့…မကြာစေနဲ့...အမြန်လုပ်´။
ကမာလ်သည်ဧည့်ဝတ်အတော်ကျေသူဖြစ်သည်။မနက်ဆိုကြက်ဥရုတီ,နေ့လည်ကျငါးဟင်းထမင်း,ညနေဘက် မြက်ခင်းပေါ်ထွေလီကေလာပြောကြ,ညဘက်အိပ်စရာကတော့ ဇိမ်ပဲဗျို့ ။
ဒါပေမယ့်...ဘာဖြစ်လို့ ကမာလ်အိမ်မှာသွားနေရမှာလဲ...? 

ကမယလ်က..ငယ်သူငယ်ချင်းဆိုတော့ရင်းနှီးမှုအရ...နှစ်ရက်သုံးရက်သူ့အိမ်မှာနေလို့ဖြစ်တာပေါ့...။
အကြာကြီးဘယ်နေမလဲ...?
ဘာဖြစ်လို့...ကိုယ့်အိမ်ကိုထားပြီးသွားရမှာလဲ....?ကမာလ်ကကော...ဘာဖြစ်လို့ထွက်မသွားတာလဲ...?
ဒီနိုင်ငံကို ကမာလ်ပိုင်သလောက် သူလည်းပိုင်တာပဲလေ...။
နိုင်ငံသားအခွင့်အရေး နှစ်ဦးလုံးမှာ အညီအမျှရှိသင့်တာပေါ့...။
ဒါပေမယ့် ဘာဖြစ်လို့ ကမာလ်လို ခေါင်းမော့ပြီးမနေနိုင်တာလဲ...?
`ငါဟာ...ကမ္ဘာမြေရဲ့ရင်သွေးဖြစ်တယ်၊ငါကို...ဘယ်သူမှ....ဖျောက်ဖျက်ပစ်လို့မရဘူး´ဒီလိုစကားမျိုး
ဘာဖြစ်လို့ထုတ်ဖေါ်မပြောရဲတာလဲ...?


ဆုရန်ဂျန်အိပ်ယာထဲမှမထ၊
မာယာကတော့စိတ်လှုပ်ရှားလျက်ဟိုဘက်အခန်းဒီဘက်အခန်းခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
`ပြဿနာဖြစ်ပြီးလို့ဒုက္ခရောက်နေသူတွေဆီကဘာအကျိုးအမြတ်တွေရရှိမှာလဲ´ဆိုတာသူသိချင်နေသည်။


CNN,TVမှဗာဗရီဗလီကြီးပြိုကျသွားပုံကိုပြသနေသည်။
TVရှေ့၌ဆုဓာမိုက်နှင့်ကိရန်းမယီတို့မတုန်မလှုပ်ထိုင်နေကြသည်။
သူတို့စဉ်းစားနေကြသည်။
`၁၉၉၀ပြည့်နှစ်၊အောက်တိုဘာတုန်းကလိုပဲအခုလည်းဆုရန်ဂျန်ကိုမူစလင်တစ်ယောက်ယောက်အိမ်မှာသွား
ဝှက်ထားရမယ်။ခက်တာက…ဆုရန်ဂျန်ကဘယ်မှမသွားချင်ဘူး၊တစ်နေကုန်အိပ်နေမယ်၊ကမာလ်(သို့မဟုတ်)
တစ်ယောက်ယောက်လာခေါ်လျှင်လည်း`အိမ်ကိုစွန့်ပြီးဘယ်မှမသွားဘူး၊ဖြစ်လာတာကိုကြည့်ရှင်းမယ်´တဲ့။
ယနေ့ဒီဇင်ဘာ(၇)ရက်နေ့…။
မနေ့နေ့လယ်က အယုဒ္ဓမြို့ဆရယူမြစ်ကမ်း၌အမှောင်လွှမ်းသွားခဲ့သည်။
ဟိန္ဒူအစွန်းရောက်များကနှစ်ပေါင်း(၄၅၀)ကြာပြီဖြစ်သောဗလီကြီးတစ်လုံးကိုဖြိုချပစ်လိုက်ကြသည်။
ကမ္ဘာ့ဟိန္ဒူကောင်စီမှမညွှန်ကြားခင်(၂၅)မိနစ်လိုကတည်းကစတင်ဖြိုကြလေသည်။ဟိန္ဒူအစွန်းရောက်များက
(၅)နာရီနီးပါးလောက်ကြိုးစား၍ထိပ်လုံးကြီး(၃)လုံးနှင့်တကွအဆောက်အအုံကြီးတစ်ခုလုံးကိုအုတ်ပုံဖြစ်အောင်
ပြုလုပ်လိုက်ကြလေပြီ…။
အားလုံးကိုBJPပါတီ,ကမ္ဘာ့ဟိန္ဒူကောင်စီ,RSS,ဗဂျရန်းဂပါတီမှခေါင်းဆောင်များကဦးဆောင်ကြပြီးဗဟိုလုံခြုံ
ရေးတပ်,PRC,နှင့်UPပုလိပ်တို့ကလည်းမတားမြစ်ကြဘဲဟိန္ဒူအစွန်းရောက်များအပေါ်မယုံကြည်နိုင်အောင်ဖြစ်
နေကြသည်။
နေ့လယ်(၂း၄၅)မိနစ်တွင်ထိပ်လုံကြီးတစ်ခုပြိုကျသွားသည်။(၄)နာရီတွင်ဒုတိယထိပ်လုံးကြီးပြိုကျသွားပြီး
(၄း၄၅)မိနစ်တွင်တတိယထိပ်လုံးကြီးကိုဖြိုချလိုက်ကြသည်။ဗလီကြီးဖြိုချရာ၌ဟိန္ဒူအစွန်းရောက်(၄)ဦးသေဆုံး
ပြီးတစ်ရာကျော်ဒဏ်ရာရရှိသည်။


ဆုရန်ဂျန် ကုတင်အပေါ်၌လှဲလျက်သတင်းစာများကိုလှန်လှောကြည့်နေသည်။ ယနေ့သတင်းစာအားလုံး၏
မျက်နှာဖုံးမှာဗာဗရီဗလီကြီး၏အပျက်အစီးများသာဖြစ်သည်။
သူ အယုဒ္ဓယကိုမရောက်ဖူး…ဗာဗရီဗလီကြီးကိုလည်းမမြင်ဖူးချေ…။
ဘယ်မြင်ဖူးမှာလဲ…?
သူ့နိုင်ငံရဲ့အပြင်ဘက်ကိုခြေတစ်လှမ်းမှမထွက်ဖူးတာ…။
ရာမဘုရားဘယ်တုန်းကမွေးတယ်,ဗလီများကိုမြေကြီးကိုတူးပြီးတည်ဆောက်တာမဟုတ်,မဟုတ်..သူ..
မသိချေ..။ဒါပေမယ့်..သူသဘောပေါက်ထားတာက...(၁၆)ရာစုကလက်ရာတစ်ခုကိုဖျက်ဆီးလိုက်တာဟာ...
အိန္ဒိယရှိမူစလင်များသာနစ်နာမှာမဟုတ်ဘူး…ဟိန္ဒူအားလုံးလည်းနစ်နာတာပဲ…။
တကယ်ကတော့…အိန္ဒိယနိုင်ငံ,အကျိုးစီးပွါးလိုလားသူများနဲ့လူမှုရေးအတွေးအခေါ်အပေါ်မှာလည်းထိခိုက်မှာ
ပဲ…။
ဗာဗရီဗလီပြဿနာဟာဘင်္ဂလားဒေရှ်ကိုလည်းကူးစက်တော့မယ်,ဟိန္ဒူဘုရားကျောင်းတွေဖျက်ဆီးခံရတော့
မယ်,ဟိန္ဒူအိမ်တွေမီးလောင်တော့မယ်,ဆိုင်တွေအလုခံရတော့မယ်ဆိုတာဆုရန်ဂျန်သိနေသည်။


BJPပါတီအားကိုးနဲ့အစွန်းရောက်များကဗာဗရီဗလီကြီးကိုဖျက်ဆီးပြီးအခြားသောအစွန်းရောက်အုပ်စုများကို
ဖိအားပေးလိုက်ခြင်းဖြစ်သည်။်`ဒီအရူးအနှမ်းလုပ်ရပ်ဟာအိန္ဒိယနိုင်ငံအပြင်ဘက်ကိုရောက်မှာမဟုတ်ဘူး´လို့
ကမ္ဘာ့ဟိန္ဒူကောင်စီ,BJPပါတီနှင့်အပေါင်းပါအုပ်စုများကထင်ထားပုံရသည်။


အိန္ဒိယ၌လူမျိုးရေးအဓိကရုဏ်းကြီးထွားလာပြီးသေဆုံးသူဦးရေငါးရာ,ခြောက်ရာမှတစ်ထောင်အထိတိုးသွား
သည်။အချိန်တိုင်းတွင်သေဆုံးသူဦးရေတိုးလာနေသည်။
ဘင်္ဂလားဒေရှ်ရှိ(၁၅)သန်းထက်မနည်းသောဟိန္ဒူများ၏လုံခြုံရေးအတွက်ဘာမှန်းမသိရချေ။
ဘင်္ဂလားဒေရှ်၌သာမဟုတ်(များသောအားဖြင့်)အနောက်အာရှအပါအ၀င်နိုင်ငံအားလုံး၌ဟိန္ဒူများရှိနေသည်။
သူတို့တွေဘာဖြစ်သွားမယ်ဆိုတာဟိန္ဒူအစွန်းရောက်များစဉ်းစားမိကြရဲ့လား…?
အိန္ဒိယသည်သီးခြားဇမ္ဗူဒိပ်ကျွန်းမဟုတ်ဘူးဆိုတာBJPပါတီကသိထားသင့်သည်။
အကယ်၍အိန္ဒိယ၌အနာထဲအဆိပ်ထည့်မိပါကထိုအနာကိုအိန္ဒိယတစ်နိုင်ငံတည်းခံစားရမည်မဟုတ်,
တစ်ကမ္ဘာလုံး(အနည်းဆုံး)အိမ်နီးချင်းနိုင်ငံများသို့ပြန့်နှံ့သွားလိမ့်မည်။


ဆုရန်ဂျန်မျက်လုံးမှိတ်ပြီးမှေးနေသည်။
`မင်း...ထမှာလား..?မထဘူးလား…?ပြော….၊အမေကြီး,အဖေကြီးတို့က..မင်းကိုအားကိုးပြီးထိုင်နေကြတာ´
မာယာက သူ့ကို တွန်းလှုပ်ပြီးပြောလိုက်သည်။
ဆုရန်ဂျန် အကြောဆန့်ရင်းပြောလိုက်သည်။
`မင်းသွားချင်သွား…ငါကတော့ ဒီအိမ်ကတစ်လှမ်းမှ မခွါနိုင်ဘူး´
`လူကြီးတွေကကော´
`ငါမသိဘူး´
`တစ်ခုခုဖြစ်သွားရင်တော့´
`ဘာဖြစ်မှာလဲ´
`မှတ်ထား…အိမ်ကိုလုမယ်..မီးရှို့မယ်..မင်း အဲဒါတွေပြီးတဲ့အထိထိုင်နေမှာလား…?´
`ထိုင်မနေဘူး…အိပ်နေမှာ´
ဗိုက်ဆာနေသောဆုရန်ဂျန်...စီးကရက်တစ်လိပ်မီးညှိလိုက်သည်။လေးလိပ်ဆက်တိုက်သောက်ပစ်လိုက်သည်။
သူ့ကို အမေကမနက်တိုင်းလက်ဘက်ရည်တစ်ခွက်တိုက်နေကြဖြစ်သည်။
ဒီနေ့..အခုထိမသောက်ရသေး…၊အခုအချိန်မှာ...။သူ့ကိုလက်ဘက်ရည်ပူပူတစ်ခွက်ဘယ်သူတိုက်မှာလဲ…?
မာယာကိုပြောလည်းထူးမှာမဟုတ်ဘူး…၊ဒီကောင်မကအိမ်ကထွက်ပြေးဖို့ကလွဲပြီးဘာမှစဉ်းစားနေမှာမဟုတ်
ဘူး။ဒီအချိန်လက်ဘက်ရည်ဖျော်ဖို့ပြောရင်ခုနစ်ချီအသံနဲ့ပြန်အော်လိမ့်မယ်။ကိုယ်တိုင်ထဖျော်ဖို့ကလည်းပျင်း
တယ်။ဟိုဘက်အခန်းကTVဖွင့်ထားသည်။CNNသတင်းလည်းမကြည့်ချင်တော့။
`အစ်ကိုကအိပ်ယာထဲမှာသတင်းစာဖတ်နေတယ်,သတိလွတ်နေပြီ´ဟုဟိုဘက်အခန်းမှ..
မာယာကအော်ပြောနေသည်။


ဆုရန်ဂျန် သတိမလွတ်ချေ…။
တစ်ချိန်ချိန်မှာတံခါးဖျက်ပြီးလူတစ်စုအိမ်ထဲဝင်လာနိုင်တယ်,သိတဲ့လူလည်းပါမယ်,မသိတဲ့လူလည်းပါမယ်,
အိမ်ထဲကပစ္စည်းတွေကိုဖျက်ဆီးလုယက်လိမ့်မယ်,တောက်လျှောက်အြိမ်တွေကိုမီးရှို့လိမ့်မယ်´ဆိုတာ
သူ သိနေသည်။ဒီအခြေအနေမှာ ကမာလ်နှင့်ဟိုက်ဒါးတို့ကိုလည်းအကူအညီမတောင်းချင်ဘူး၊
ငါတို့မှာ နေစရာမရှိဘူး,ဒါပေမယ့် သူတို့ဆီသွားရမှာရှက်တယ်။


မာယာ အော်ပြောနေသည်။
`မင်းတို့...မသွားရင်..ငါတစ်ယောက်တည်းသွားမယ်,ပါရူးလ်အိမ်သွားမယ်,အစ်ကိုကတစ်နေရာရာခေါ်သွား
မလားပဲ.....၊သူက အသက်မရှင်ချင်တော့ဘူး…၊ငါလေ…၊´
ဘာကြောင့်ပဲဖြစ်ဖြစ်…ဒီနေ့သူတို့ကို...ဆုရန်ဂျန်ကတစ်နေရာရာမှာသွားဝှက်ထားမှာမဟုတ်ဘူးဆိုတာ
မာယာသဘောပေါက်သွားပြီ….။
နည်းလမ်းမရှိတော့…။ကိုယ့်လုံခြုံမှုအတွက်ကိုယ့်ဘာသာကိုယ်စဉ်းစားရချေပြီ…။
`လုံခြုံမှု´ဟူသောစကားလုံးသည်  ဆုရန်ဂျန်ကို အတော်ဒုက္ခပေးသည်။
၉၀-ပြည့်အောက်တိုဘာတုန်းကလည်း လုံခြုံမှုမရှိခဲ့..၊
နာမည်ကျော်ဒါကေရွှရီဘုရားကျောင်းကိုမီးရှို့လိုက်ကြသည်။ရဲများကပွဲတော်တစ်ခုလိုရပ်ကြည့်နေကြသည်။
ဘယ်သူမှမတားဆီးကြ…၊အဓိကအဆောင်ကြီးပြာကျသွားသည်။
အတွင်းပိုင်းဝင်လာကြပြီးနတ်သား,နတ်သမီးများအဆောင်ကိုဖျက်ဆီးကြသည်။သူတို့သည်နဋ်ဘုရားကျောင်း,
ရှီဝဘုရားကျောင်း,ဧည့်သည်ဆောင်,အ၀ိုင်းထဲရှိနေသောရှရီဒါမ်ဃောရှ်စသောနေရာများစွာကိုဖျက်ဆီးပြီး
ရှိသမျှပစ္စည်းများကိုလုယက်သွားကြသည်။
နောက်....မာဓ၀ဂေါက်ရီယ၀တ်ကျောင်း၏မူလကျောင်းကြီးကိုဖျက်ဆီးလိုက်ကြပြန်သည်။
ဇယကာလီဘုရားကျောင်းလည်းတစ်စစီဖြစ်သွားသည်။ဈေးသစ်ရှိဘုရားကျောင်းကိုလည်းဖျက်ဆီးလိုက်ကြ
သည်။ရှံခရီဈေးအရှေ့ရှိဟိန္ဒူဆိုင်ငါးဆိုင်ကိုလုယက်ဖျက်ဆီးပြီးမီးတင်ရှို့လိုက်ကြသည်။လောင်ဒရီ,
စားသောက်ဆိုင်မှစ၍ဟိန္ဒူဆိုင်မှန်သမျှအလွတ်မပေးချေ…။
ရှံခရီဈေးကွေ့၌ဖျက်ဆီးပွဲကြီးကိုခပ်လှမ်းလှမ်းမှပင်မြင်နေရသည်။အကောင်းဟူ၍ဘာမှမတွေ့ရတော့..။
အိမ်နှစ်ရာသုံးရာခန့်အလုခံရသည်။
(ဤနေရာ၌လုယက်ဖျက်ဆီးခံရသောစာရင်းများလွန်းသဖြင့်ကိုနောလည်းဦးနှောက်ခြောက်သလိုလိုရှိရကား
မသိမသာကျော်လိုက်ပါသည်။ဟိန္ဒူတို့၏ဘုရားကျောင်းများနှင့်ပိုင်ဆိုင်မှုအများအပြားဖျက်ဆီးခံရသည်ဟုသာ
မှတ်သားကြပါရန်….)
 
၉၀-ပြည့်နှစ်တုန်းကြောက်စရာကောင်းလှသောလုယက်ဖျက်ဆီးမှုမြင်းကွင်း….ဆုရန်ဂျန်..မျက်စိထဲတရေးရေး
ပေါ်နေသည်။
၉၀-ပြည့်နှစ်..အဖြစ်အပျက်ကိုအုံကြွမှုလို့ဆိုနိုင်သလား…?
အုံကြွမှုဆိုတာက…အုပ်စုတစ်ခုနဲ့တစ်ခုတိုက်ခိုက်ကြတာ…။
တကယ်တော့….၉၀ပြည့်နှစ်..အဖြစ်အပျက်ကိုအုံကြွမှုလို့မဆိုနိုင်ဘူး…။ဒါက..အုပ်စုတစ်ခုအပေါ်မှာအုပ်စု
တစ်ခုကအနိုင်ကျင့်တာ…။
ပြတင်းပေါက်မှနေပူက ဆုရန်ဂျန်နဖူးကိုလာထိသည်။ဆောင်းနေပူဖြစ်သည်။
ဒီနေပူကခန္ဓာကိုယ်ကိုမလောင်ကျွမ်းနိုင်….။
အိပ်ယာထဲလှဲရင်းလက်ဘက်ရည်သောက်ချင်နေသည်။


ကိုနော
၁၈.၄.၂၀၁၀

 






 




























































ယခုနှစ်သင်္ကြန်၌အမိရွှေပြည်ကြီးသည်၎င်း,ကိုနောသည်၎င်းအရေးမကြီးသောအရေးတကြီးကိစ္စများ,မလုပ်
လည်းဖြစ်သောမလုပ်မဖြစ်ကိစ္စများဖြင့်စနစ်တကျရှုပ်ထွေးနေပါသဖြင့်အခြားခြားသောBLOGများကဲ့သို့လှပ
သောစကားလုံးများဖြင့်မကြိုနိုင်,နှုတ်ခွန်းမဆက်နိုင်ဖြစ်ရသည့်အတွက်ပရိတ်သတ်အပေါင်းတို့အားတောင်း
ပန်လိုက်ပါသည်။
ယခုလောလောဆယ်ဆယ်တွင်အရှက်ဝတ္ထုကြီးကိုပြီးဆုံးအောင်ပြန်ဆိုရန်နှင့်ဟိန္ဒီဘာသာပြန်ကဗျာများကို
မကြာမကြာတင်ဆက်နိုင်ရန်ရည်ရွယ်ထားပါသည်။အရှက်ဝတ္ထုကြီးပြီးဆုံးပါကအလွန်ရှည်လျားလှသောခရီး
တစ်ခုသွားရမည်ဖြစ်၍ကိုနောခရီးသွားခြင်းဆောင်းပါးရှည်တစ်ပုဒ်ဖြစ်လာစရာရှိပါသည်။
(သို့မဟုတ်)အခြားမထင်မှတ်သောအကြောင်းအရာများလည်းဖြစ်လာနိုင်ပါသည်။

ယခုအရွယ်ရောက်နေပြီဖြစ်သောကိုနောBLOGသည်နုစဉ်အခါကကဲ့သို့ ထွင်လုံးများလာနိုင်တော့မဟုတ်ပါ
ကြောင်းကိုလည်း အသိပေးအပ်ပါသည်။
နှစ်သစ်မှစ၍တစ်သက်တာပတ်လုံးအကောင်းများကိုသာတွေ့ကြုံကြရပြီးကျန်းမာချမ်းသာစွာဖြင့်နိုင်ငံအကျိုး
သယ်ပိုးနိုင်ကြပါစေ......

မေတ္တာဖြင့်....ကိုနော
၁၈.၄.၂၀၁၀

 လေထဲက နှင်းပွင့်များလို
မင်းတို့ကို ငါ တွေ့လိုက်တယ်...။
လမင်းက တဖြည်းဖြည်း ငုတ်ဝင်နေတယ်...။
အေးလို့ မဟုတ်ဘူး
ဆာလောင်လို့ မဟုတ်ဘူး
မုန်တိုင်းကြောင့် မဟုတ်ဘူး
ကြောက်လို့ မဟုတ်ဘူး....။
မျှော်လင့်ချက်မဲ့တဲ့
မင်းတို့ လုပ်ရပ်တွေကြောင့်
ငါ ပုန်းနေရတာပါ...။

အေးချမ်းမှုပေးမယ့်
ကျစ်လစ်တဲ့ သံကြိုးတစ်ချောင်း
ငါ ကျစ်နေတယ်
မင်းတို့အတွက်....။
လှပ ကြည်နူးဖွယ် သစ်ရွက်များလို
မင်းတို့အတွက်
အကျိုးမဲ့ ပျော်ရွှင်မှုဟာ ငါ ပေါ့...။
တစ်စုံတစ်ဦးအတွက်
မင်းတို့ အိပ်စက်နေလိုက်ပါ...။

အနိုင်ကျင့်တတ်တဲ့ လမင်း
တဖြည်းဖြည်း ငုတ်ဝင်နေတယ်...။
ငါ့ကိုယ်ငါ ရရှိလိုက်တယ်
အစေခံတစ်ယောက်လို
မင်းတို့ကိုရောပဲ....။

    ငါတို့ ကောင်းကင်ကို မော့မကြည့်အောင် 
မတားဆီးနိုင်တဲ့...
 ငါတို့ အချစ်တွေကို မတားဆီးနိုင်တဲ့...
ငါတို့ သောကတွေကို မတားဆီးနိုင်တဲ့...
ငါတို့ကို အသုံးမချနိုင်တဲ့...
သူ အားလုံး
ငါတို့ကို
ကျေဇူးတင်ထိုက်တယ်.....။

ကိုနော
၁၅.၄.၂၀၁၀
[၀ါး.....နှစ်နာရီအထိ မစောင့်နိုင်တာ့ဘူး..။]

(က၀ိတာအဂ်ျကလ်မှ ဗောဓိဆတ်တွ၏ ရာတ်ကေဒိုးဗဂျေးကိုပြန်ဆိုပါသည်။)

ဒီစာအုပ်ကုန်အောင်ပြန်ဆိုဖို့ဆုံးဖြတ်ထား၍သာပြန်ဆိုနေခြင်းဖြစ်သည်။နားလည်လှသည်မဟုတ်။
ခံစားလို့ရရင် လက်တို့ကြဦးနော်...။

















 တစ်ယောက်တည်းနေသောကိုနောအနေဖြင့်သင်္ကြန်လည်းတစ်ယောက်တည်းကျရပေတော့မည်။
`တိတ်တဆိတ် ကခုန်လိုသူအတွက် ဘာဗုံမှမလိုအပ်ဘူး´တဲ့...။
တကယ်တော့ ဗုံမရှိဘဲ ကခုန်ဖို့ရာမလွယ်ကူလှပါ...။
ဒီသင်္ကြန်မှာ ဘယ်လို ကရင်ကောင်းမလဲ....?

အမှတ်မထင်..ကိုနောဆီကိုယ်စားလှယ်ခြောက်ဦးရောက်လာကြသည်။နတ်ပြည်ခြောက်ထပ်မှတစ်ဦးစီဖြစ်
သည်။ဆရာ့ဆရာတို့နည်းနာအတိုင်း(ဘယ်အကြောင်းကြောင့်ဖြစ်စေ)ကိုယ့်ဆီရောက်လာသူကိုသြ၀ါဒပေး
ရချေတော့မည်။
ကဲ...ကဲ...ကြုံတုန်း...သြ၀ါဒအနည်းငယ်ချီးမြှင့်လိုက်မယ်...နောင်ဆုံချင်မှဆုံမယ်...မင်းတို့နတ်ပြည်ကအရင်
လိုဗီဇာလွယ်တော့တာမဟုတ်ဘူး...၊ငါကတခြားသွားချင်သွားနေရမှာ...ဘယ်သူမှသာသနာပြုမကြွချင်တဲ့
နေရာပေါ့...။အဲဒီမှာသိပ်ပူတယ်ဆိုပဲ...။ဘာရယ်ညာရယ်မဟုတ်ဘူးလေ....။ဘက္ထရီကုန်တော့မယ်...၊
မီးပြန်လာဖို့မသေချာသေးဘူး...၊
`အေးအေး...ကောင်းကောင်းနေကြ...လိမ်လိမ်မာမာနေကြ....ကုသိုလ်ရအောင်နေကြ....
ငါလိုမမိုက်ကြနဲ့ပေါ့...ဟုတ်ပလား...´။

ကိုနော
၁၄.၄၂၀၁၀




 ချက်ပြုတ်ပြီးကာမှ
တစ်ဘ၀လုံးသွန်လိုက်ရတယ်
ငန်လွန်းလို့....။

ဘော်ဒါတို့...ရေ
မြန်မာ့သတင်းစာရဲ့
အမှန်ဆုံးစာမျက်နှာကိုလည်း
မျက်ခြေမပြတ်စေနဲ့ပေါ့...။
 ကိုယ့်ဂူ သူ့ဂူ
ရူရူး လာမပေါက်ကြေးနော်....။

ကိုနော
၁၃.၄.၂၀၁၀






 ငါ့မနက်ဖြန်တွေ 
လမ်းမမှားခင်
မင်းလက်တွေနဲ့ ထွေးပွေ့လှည့်ပါတော့.....။

မင်းအချစ်တွေကြောင့်သာ
ငါ့အိပ်မက်တွေ
ချိုခဲ့တာပါ....။

မင်းမွန်လတ်(MK)

[ဘုန်းကြီးရေးရမယ့်စာတော့ မဟုတ်ပေဘူး...။ တတ်နိုင်ဘူး...၊
ဦးနှောက်ထဲမရှိတော့စာအုပ်ထဲရှိတာပဲတင်လိုက်ရတာပေါ့လေ...။]


 နှစ်ဆယ့်ငါးနှစ်
လွဲချော်ခဲ့တဲ့သင်္ကြန်
ဒီနှစ်ကော ဘာများထူးမှာတဲ့လဲ....၊
လွဲလက်စ လွဲပါစေတော့....။

သင်္ကြန်လက်ကျန်လေး မကုန်ခင်
တ တတ ကျန်ခဲ့အောင်
တခုပ်တရ
ဟန်ကျမဲ့အပင်လေးတွေ
ပျိုးခဲ့ဦးမှပဲလေ....။ 

ကိုနော
၁၃.၄.၂၀၁၀



(၁) telephone....ဒူရဘာသယန္တ(နပုံ)၊ ဒူရသံဝါဒယန္တ(နပုံ)။

(၂) teleprinter(teletypewriter)ကြေးနန်းရိုက်စက်....ဒူရမုဒ္ဒဏယန္တ(နပုံ)။

(၃) telephoto...ကြေးနန်းဓာတ်ပုံ....ဒူရစိတ္တ(နပုံ)။

(၄) telescope....ဒူရဒဿကယန္တ(နပုံ)။ ဒူရေက္ခယန္တ(နပုံ)။

(၅) television....ဒူရဒဿနယန္တ(နပုံ)။

(၆) movie.....စလစိတ္တ(နပုံ)။

(၇) actor....နာဋက(ပုံ)၊ အဘိနေတာ(ပုံ)။

(၈) actress....နာဋကီ(ဣတ္ထိ)၊ အဘိနေတီ(ဣတ္ထိ)။

(၉) computer....ဂဏနာယန္တ(နပုံ)၊ သံဂဏကယန္တ(နပုံ)၊ အတ္ထပူရဏယန္တ(နပုံ)၊ ဣစ္ဆာပူရဏယန္တ(နပုံ)၊

(၁၀) international.....အန္တရရဋ္ဌိယ(တိလိင်)။

နောက်ထပ်လာနိုင်ဖွယ်ရာရှိသေးပါကြောင်း....။

ကိုနော
၁၂.၄.၂၀၁၀

 ဘူးသီးမသီးဘူး
ပြန်ရေးစမ်း
ဘူးသီး မသီးဘူး
မဟုတ်သေးဘူး….ပြောင်းပြန်ရေးစမ်း….
ဘူး သီး မ သီး ဘူး
ဘယ်လိုရေးရေး ရသဟ….။

ကြမ်းရှ နွမ်းလျတဲ့ ဒို့ဘ၀တွေ
ပြောင်းပြန်ရေးမိလို့
အဓိပ္ပါယ်ပျက်မသွားအောင်
သတိလေးဆောင်ပြီး
နေကြည့်ဦးစို့….။

မှန်းစမ်း…
ဝ ဘ နော ကို
မလှ…မရ…။
ရှုပ်ပါ့…။

ကိုနော
၁၀.၄.၂၀၁၀


နှစ်ဆယ်လေးပါးမြောက်နှင့်နောက်ဆုံးဂျိန်းဘုရား။

ဂျိန်း
`အဟိံသာ ပရမော ဓမ္မော….
မညှင်းဆဲခြင်းသည်အကောင်းဆုံး´၀ါဒကိုလက်ကိုင်ထားသောအန္ဒိယ၏ဘုရားမဲ့ဝါဒီလုစု၊

မဟတ္တမာ
သူတော်ကောင်း။

သျှီဝ(ရှီဝ)(ပုံ...၂)
ထင်ရှားသောဟိန္ဒူနတ်ဘုရားတစ်ပါး။(အဖျက်စွမ်းအားရှိသည်ဟုယုံကြည်ကြသည်။)

သျှီဝ(ရှီဝ)လိင်္ဂ(ပုံ...၃)
ဘုရားကိုယ်စား သျှီဝ(ရှီဝ)၏ကျောက်သားယောင်္ကျားအင်္ဂါဇာတ်ရုပ်တု။

ဗိဿနို(ပုံ...၄)
ကမ္ဘာကိုစောင့်ရှောက်သောဟိန္ဒူနတ်ဘုရားတစ်ပါး။

ဒုရဂါ(ပုံ...၅)
သျှီဝ(ရှီဝ)ဇနီး….ဘီလူးများကိုနှိမ်နင်းသောနတ်သမီး။(ပါရ၀တီဟုလည်းခေါ်၏)

ကိုနော
၁၀.၄.၂၀၁၀