ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

အိမ်

Posted 3:08 AM by ကိုနော in Labels:
ငါတို့ အိမ်ပြန်လမ်း ပျောက်နေကြတယ်…။
ငါတို့ အိမ်ပြန်လမ်း မေ့နေကြလေရဲ့ နေ့တိုင်း …
ငါတို့ကို အိမ်မှာ မတွေ့လို့  လိုက်ရှာနေသူအတွက်
နှစ်တွေသာ ရှေ့တိုးနေခဲ့ပေါ့…

အိမ်ကို လွမ်းတယ်
ရေနစ်နေတဲ့ သင်္ဘောလို
အိမ်အလွမ်းက လှုပ်ခါဆဲ…
အိမ်ကလေးလည်း စီးမျောဆဲ….

ငါတို့ အိမ်ယာမဲ့ဘ၀နဲ့ အိမ်ပြန်လမ်း
ပျောက်သွားပြီးတဲ့နောက်
စုဆောင်းထားတာလေးတွေ
အလုပ်ဖြစ်သွားတဲ့အခါမှာတော့
ငါတို့စိတ်ကို ပလာစတာကိုင်လိုက်ကြတယ်။

(က၀ိတာ အဂ်ျကလ်ကဗျာစာအုပ်မှ နီလာဘ်၏ ဃား(ရ်)ကိုပြန်ဆိုပါသည်။)

ကိုနော
၂၆.၃.၂၀၁၀


0 comment(s) to... “အိမ်”

0 comments: