ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ဂလု ဂလု ကိုနော

Posted 8:24 AM by ကိုနော in Labels:
 အချိန်နဲ့ကစားရတာ ပွဲတစ်ဝက်နဲ့ မောသကွာ
၇၅-နဲ့အတူ စီးခဲ့တဲ့ မြစ်ပါ…။
အဇ္ဈတ္တအာသာ
ပေါ် ပေါ်သမျှ ပလုံးပထွေး မျို မျိုချခဲ့ရ…
လိုင်စင်မဲ့ ဒုက္ခတွေပေါ့….။

ကျောပိုးအိတ်လွယ် ဆိုင်ကယ်လေးနဲ့လမ်းသလားမယ်…
ကောင်မလေးတစ်သိုက် နောက်ကလိုက်
ဆိုက်ဂိုက်လေးတော့ ပြချင်တယ်…..
ဂလု ဂလု….ဂလု
`ဧတံ မင်္ဂလမုတ္တမံ…မုတ္တမံ´….။

စိမ်းစိမ်းစိုစို တက္ကသိုလ်တေး
ခြေဆင်းလေးဖြစ်ဖြစ် သီချင်သေး…
အဓိပတိလမ်းဆိုလား….မထိတထိအနမ်းဆိုလား….
ဂလု ဂလု…..ဂလု
`တေန  ခေါ ပန သမယေန…..သမယေန´……။

မနေ့က ခင်လေး
ဒီနေ့ ပိုလှလို့ပါလား…..
မြန်နှုန်းမြင့်အချစ်
သံစဉ်မစစ်လည်း အလုပ်ဖြစ်တယ်…
ဆံတော်ရှင်ထံပါး
သစ္စာစကား တိုင်ချင်တယ်…..
ဂလု ဂလု……ဂလု
`မနက်ဖြန် ရအောင်ကျက်ခဲ့ကြ…..ကျက်ခဲ့ကြ…..။´

`ငအေးသား မလေးရှားမှာ အဆင်ပြေသတဲ့´
မရှိမရှား ငါးပိစားတဲ့ အမေ့အိမ်လေး ပြင်ချင်တယ်…
ဂလု ဂလု….ဂလု
`ဒီကျမ်းမှာ ဒီလို ဆိုသဗျ….ဟိုကျမ်းမှာ…ဟိုလို…´။

မင်းကိုနိုင်ပုဆိုး တစ်ရေးနိုး ထလျှော်မယ်
သံခမောက်ရရင် ဒီပဲယင်းခဏသွားချင်တယ်
ဂလု ဂလု…..ဂလု
`အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ…..အနန္တသတ္တ၀ါတို့…..´။

ဝေါဟာရဈေးကွက် ပွဲတစ်ဝက်က ၀င်နွှဲမယ်
ဂလု အဲ အဲ မဂလုဘူး…
ဒါလေးတော့ မြည်းကြည့်ဦးမှပဲ…
အား ပါး ပါး….စပ်လှသဟ
ထွေးပစ်ရနိုး….
မျိုရနိုး….
အခြေအနေကောင်းရင် လက်တို့ဦး(အုံး)……။

ကိုနော
၂၇.၃.၂၀၁၀















2 comment(s) to... “ဂလု ဂလု ကိုနော”

2 comments:

မော်ကွန်းသစ် said...

ဂလု တွေ လုပ်ရတာ များလွန်းလို့  အာခြောက်တယ်။ ခင်လေးကြောင့်လည်း ဂလုတယ်။ လကုန်လို့ လည်း ဂလုတယ်။ ကုလား တို့ ထိ မှုကြောင့်လည်း ဂလုတယ်။ အော်.....ဘုရားရှီခိုးနေတဲ့ အခိုက်မှာ တောင် ဂလုတယ်။ ဂလု.. ဂလု...ဂလု....



ဓမ္မဂင်္ဂါ said...

Glu, Glu
(ဂလုအကြီးကြီး)