ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

အုတ်မြစ်

Posted 8:14 AM by ကိုနော in Labels:

 အခြေမခိုင်
ယိုင်နဲ့နဲ့ကလေး,
မုန်တိုင်းထန်လာတော့
မေးခွန်းမရှိ,
အမြစ်ပါ ကျွတ်ထွက်သွားပေါ့,
မုန်တိုင်းက ထန်ဆဲ...။

မရှိဖူးတဲ့ ကတိများ
ဘယ်များရောက်သွားပါလိမ့်..?

ကစားပွဲဟောင်းကို ကစားပြီး
မောဟိုက်နေကြလေရဲ့..။
အခြေခိုင်တဲ့ အိမ်တစ်လုံး ရှာဖွေနေဆဲ....။

ပြီးတော့..........
မသေချာခြင်းထဲမှာ
သေချာခြင်းကို ဖွေရှာရင်း
ချာချာလည်ခဲ့ရပေါ့
ကလေးဆော့တဲ့ မီးသီးလေးလို....။

ကိုနော
၂၀.၁.၂၀၁၀
(က၀ိတာ အဂ်ျကလ်-စာအုပ်မှ ဆနေဟမယီ ကျောက်ဓရီ ၏ နိန်း(၀်)ကို ပြန်ဆိုသည်။)

ကိုနောအာဘော်
ဘာသာပြန်ဆိုချက်ကို အားမရသေးပါ၊ဤထက်ကောင်းလည်း အစွမ်းနိုင်တော့သဖြင့်စိတ်အားငယ်စွာဖြင့်ပင် တင်ဆက်လိုက်ရပါသည်။အဆက်မပြတ်ကြိုးစားနေပါသည်။အကြောင်းမှာ- တခြားဘာမှ မလုပ်တတ်သော ကြောင့်ဖြစ်သည်။ကြွားတာများပါသွားရင် ခွင့်လွှတ်တော်မူကြပါရန်.....။















0 comment(s) to... “အုတ်မြစ်”

0 comments: