ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

လောကဓံကို စိန်ခေါ်ခြင်း

Posted 8:49 PM by ကိုနော in Labels:
နှင်းဆီကို ထိုးစိုက်ခဲ့ပြီးမှ
နွေရောက်လို့ ပိတောက်မပွင့်တာ
နောင်တ ရနေဦးမှာလား....?

မမှားဘူး
ကိုယ့်ပန်းကို ကိုယ်နမ်းဖို့
ကိုယ့်လှေနဲ့ လှိုင်းကို ခွဲမယ်....။

ဟောသည်မှာ ချိုချက်တွေ
သည်အတိုင်း အရွယ်ရောက်လာခဲ့
ကြိုးပြတ်အောင် ရုန်းလာတဲ့ နွားသိုး
အနီရောင်မြင်တိုင်း ၀င်ခွေ့မယ်တော့ မထင်ကြေး....။

နွားကွဲလို့ ကျားဆွဲမယ်လား
ချိုကျိုးတောင် ရိုကျိုးဖို့မရှိ
ပကတိအမှန်တရားအတွက်
နံကြားကို လှံသွားဝင်လည်း
နှင်းဆီပင်သည် သွေးနဲ့
နီစွေးစေမယ် ယုံထားလိုက်.....။


ဝါဆိုကိုဦး(ထောင်ကြီး)

သဘောကျ၍ ဝေမျှလိုက်သည်...။လောကဓံကို စိန်ခေါ်ရဲကြပါစေသော်...။
                                                             
                                                              ကိုနော
                                                             ၁.၂.၂၀၁၀




0 comment(s) to... “လောကဓံကို စိန်ခေါ်ခြင်း”

0 comments: