ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ပေါင်းစည်းခြင်းကိုအစပြု၍

Posted 6:20 AM by ကိုနော in Labels:
ယနေ့ပြည်ထောင်စုနေ့ဖြစ်သည်။စုစည်းခြင်းသည်အင်အားဖြစ်ကြောင်းလူတိုင်းသိကြလေသည်။အမိမြေတွင်
မပေါင်းစည်းနိုင်ခြင်းကားမဟာဒုက္ခောတည်း။ဘယ့်နှယ်ခရီးဆက်ကြမည်နည်း...?ဘယ်သူလာ၍ကူပါ့မယ်....။ ရှိစေတော့.....။
ရွှေမြန်မာများလူတန်းစားမရွေးအိန္ဒိယရောက်လာနေကြသည်၊အများစုမှာဘုရားဖူးသက်သက်ဖြစ်သည်။ ကောင်းလေစွ..။ခက်နေသည်မှာ...ယူပီနှင့်ဗီဟာ(ရ်)ပြည်နယ်နှစ်ခုတွင်သာရှိနေသောမြင့်မြတ်နေရာများကို
သာဖူးမြင်ပြီးအိန္ဒိယအကြောင်းပြောနေခြင်းဖြစ်သည်။လူအချင်းချင်းပြောကြသည်၊ဓမ္မကထိကများကလည်း
ဟောကြသည်။`အိန္ဒိယဟူသည်သူတောင်းစားပေါသောတောအရပ်များသာတည်း´ဟူသတတ်..။

မွတ်စလင်မင်းအဆက်ဆက်လျစ်လျူရှုခြင်းခံရသောထိုမြင့်မြတ်နေရာများသည်တောအတိပြီးသောရှေး
ဟောင်းမြို့များဖြစ်သည်မှာမှန်ပေ၏၊သို့သော်...အိန္ဒိယကားပြောကျယ်လှစွာ၏တကား....။
ကိုနောကားအိန္ဒိယ၌(၄)ခန့်နေသော်လည်းအိန္ဒိယကိုကောက်ချမချနိုင်သေး...။အိန္ဒိယကားဆန်းကြယ်လှချေ
သည်။ ကိုနောညံ့တာလည်းဖြစ်နိုင်သည်။စိတ်ဝင်စားစရာကောင်းကတော့အမှန်ဖြစ်သည်။
မဟာဘာရတ်ပြည်ထောင်စုကြီးနှင့်သက်ဆိုင်သောအမှတ်အသားတချို့ပို့လွှတ်လိုက်သည်။
စိတ်ဝင်စားကြလေမလားပဲ...အို....သပ္ပုရိသအပေါင်း သူ တော်ကောင်းတို့.....ရွှဲ.....။

နိုင်ငံတော်အလံ 
3:2..ပမာဏရှိပြီး,အ၀ါရင့်,အဖြူ,အစိမ်း,အရောင်(၃)မျိုးနှင့်အစိတ်အပိုင်း(၂၄)ခုပါသောအသောကစက်ဝိုင်း
ပါရှိသည်။(အ၀ါရင့်အရောင်သည်စွန့်လွှတ်ခြင်း,အဖြူရောင်သည်ငြိမ်းချမ်းခြင်း,အစိမ်းရောင်သည်ချမ်းသာခြင်း
အမှတ်အသားဖြစ်သည်။)

နိုင်ငံတော်တံဆိပ် 
ဗာရာဏသီပြည်ဆာရနာထ်အရပ်ရှိ အသောကကျောက်တိုင်ထိပ်ပိုင်းခြင်္သေ့ပုံဖြစ်သည်။
အောက်ခြေ၌ သစ္စမေ၀ ဇာယတေ (အမှန်တရားသာ အောင်နိုင်ရာ )စာတမ်းပါရှိသည်။
နိုင်ငံတော်သီချင်း(လွတ်လပ်ရေး)
(၅၂)စက္ကန့်ခန့်ကြာသော ဂျန်-ဂန်-မန် သီချင်းဖြစ်သည်။
နိုင်ငံတော်သီချင်း(ပြည်ထောင်စု)မှာ`၀န္ဒေ မာတရံ´ ဖြစ်သည်။

နိုင်ငံတော်ပွဲတော်များ
ပြည်ထောင်စုနေ့(၂၆ ဇန်န၀ါရီ),လွတ်လပ်ရေးနေ့(၁၅ သြဂုတ်), ဂန္ဓီဂျယန္တီ(၂ အောက်တိုဘာ)။

နိုင်ငံတော်သားကောင်မှာ ကျား ဖြစ်သည်။
နိုင်ငံတော်ငှက်မှာ ဥဒေါင်းဖြစ်သည်။
နိုင်ငံတော်ပန်းမှာ ကြာပန်း၊ နိုင်ငံတော်အားကစားမှာ ဟော်ကီ၊ နိုင်ငံတော်သစ်ပင်မှာ ညောင်ပင်၊
နိုင်ငံတော်အသီးမှာ သရက်သီး၊ နိုင်ငံတော်အမြင့်ဆုံးဆုတံဆိပ်မှာ ဘာရတ်ရတန်(ဘာရတရတနာ)ဘွဲ့၊
နိုင်ငံတော်မုန့်--ဂျလေဘီ၊ နိုင်ငံတော်ကျမ်း--ဘဂ၀တ်ဂီတာ၊  နိုင်ငံတော်မြစ်...ဂံဂါ၊
နိုင်ငံဖခင်....မဟတ္တမ ဂန္ဓီ၊  နိုင်ငံတော်နှုဆက်စကားမှာ...နမတ်စ်တေး[နမတ်စ်ကာ(ရ်)]ဖြစ်သည်။

နမတ်စ်ကာ(ရ်) ...

                                                     ကိုနော
                                                ၂၆.၁.၂၀၁၀
(ကွန်း ကယား ဟဲ? မှ)


0 comment(s) to... “ပေါင်းစည်းခြင်းကိုအစပြု၍”

0 comments: