ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ကိုနောအတ္ထုပ္ပတ္တိ(သို့မဟုတ်)သီသူမဲ့တေး

Posted 9:08 AM by ကိုနော in Labels:
သမ၀ါယမ...
ဆွေဇင်ထိုက်...
ညအခါ လသာသာ ...
မို့မို့မြင့်အောင်...
ယံ မင်္ဂလံ...
 မင်းကွန်းဆရာတော်...
 ဘာသာဋီကာ...
ပထမကျော် အရှင်ဆန္ဒာဓိက...
ဤခရီးနီးသလား...
အောင်ဆန်းစုကြည်...
သဒ္ဓမ္မဇောတိက...
သခင်သန်းထွန်း၏နောက်ဆုံးနေ့များ...
ရွှေမန်းသန်းနိုင်...
ရူပသိဒ္ဓိဋီကာ...
ဗိုလ်ချုပ်မျိုးညွန့်...
နည်သစ်အင်္ဂလိပ်သဒ္ဒါ...
သီတာပြုံး...
သီတဂူဆရာတော်...
သူလိုလူ...
နာလန္ဒာတက္ကသိုလ်...။

ဒီဂရီများနဲ့နံရံ
လှပနေဆဲ...။

`ဟေ့ ဘယ်လဲ..?
သိက္ခာခြယ်ဖို့
ဆေးရှာနေတာလေ....။

ဟိုဘက်ရုံကလည်း
လူပြည့်နေပြီထင်ပါ့...။
အင်း....အဲ...ဘယ်လိုပြောရမလဲ..ပေါ့ နော်..
အဲသလိုမျိုးပေါ့...။
ဒီလိုနဲ့
ထီးထမ်းပြန်လာခဲ့တယ်...။

ဘယ်တော့များလည်းကွယ်...?
ကိုယ့်အလှည့်က.......။

ကိုနော
၃၀.၁.၂၀၁၀








2 comment(s) to... “ကိုနောအတ္ထုပ္ပတ္တိ(သို့မဟုတ်)သီသူမဲ့တေး”

2 comments:

ဓမ္မဂင်္ဂါ said...
This comment has been removed by the author.


ဓမ္မဂင်္ဂါ said...

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေကြီး ထွေလီကေလာကိုနော၏ ဘလော့ဂါအမှတ် ၂၀၁၀ မိဂဒါဝုန်လမ်း(ယခု ဆာရနာ့ထ်လမ်း)လမ်းသို့ ကျွန်ုပ်၏ လွန်စွာမှကော်နက်ရှင်းစုတ်ချာလှသော ဘီအက်စ်အန်အယ်လ်အင်တာနက်မိုဒမ်ဖြင့် ပြတ်တောင်းပြတ်တောင်းရောက်ရှိလေသည်တွင် ကွန်ုပ်၏မိတ်ဆွေကြီး ထွေလီကေလာကိုနောသည် သူ၏ တိုတောင်း၍ ထိမိလှသော အတ္ထုပ္ပတ္တိတော်ကြီးကို ရေးနေကြောင်းတွေ့ရှိရလေတော့၏။
“ဟလို အိုင်ဆေး” ဟု ကျွန်ုပ်က ဂျီတော့ခ်တံခါးကို ခေါက်လိုက်လေရာ
ကိုနောက ဘရာမင်ပုဂ္ဂိုလ်ဂျီးတို့ပင် စိတ်ပျက်သွားစေနိုင်လောက်သည့် ဟိန္ဒီအသံထွက်ဖြင့် “ နမာစကားရ်” “ဟု ပြန်လည် နှုတ်ဆက်လေတော့၏။ ထို့နောက် ကျွန်ုပ်က
“အိုင်ဆေးရေးတဲ့ အတ္ထုပ္ပတ္တိတော်ကြီးရဲ့ သဲလွန်စတွေကတော့ ရှားလော့ဟုံးဝင်စားကြတဲ့စုံထောက်ကြီးဦးစံရှားနဲ့ဦးထင်ကျော်တို့၊ အဲဒီအရင့်အမာစုံထောက်ကြီးနှစ်ယောက်ကနေထုဆစ်လိုက်တဲ့ ဆားပုလင်းနှင်းမောင်နဲ့ အိုင်အိုမင်းအောင်တို့ ၊ အဲဒီနှစ်ယောက်နေ စပ်ကြားပေါင်းဖြစ်လာတဲ့ စုံထောက်ကလေး ဆားပုလင်းမင်းအောင်တို့အတွက်တော့ မသိဘူးဗျို့။ ကျုပ်အတွက်တော့
“ခေတ်ဟောင်းခေတ်သစ်ရဟန်းတစ်ပါးနှင့် ထွေလီကေလာကိုနော” ဆိုတဲ့ ကွန်မင့်တစ်ပုဒ်ဖြစ်အောင်ရေးဖို့ ကုန်ကြမ်းရပြီဗျို့” ဟု ပြောလိုက်ရာ
“ အိုင်ပီကတော့ လုပ်ပြီဗျ၊ ကျုပ်အကြောင်းထက် ခေတ်ကို ထင်ဟတ်စေတဲ့ ရဟန်းတစ်ပါးရဲ့ ဖြတ်သန်းမှုကိုသာ ဖွဲ့ပါဗျာ” ဟုဆိုလေတော့၏။
မည်သို့ဆိုစေ ကျွန်ုပ်ကား ကွန်မင့်တစ်ပုဒ်ဖြစ်ရန် ကိုနော၏ အတ္ထုပ္ပတ္တိ (သို့မဟုတ်)သီသူမဲ့တေးဟူသောအမှုတွဲကြီးကို အထပ်ထပ်အခါခါဖတ်ရ၏။ မသိသောစကားလုံးများကို အဘိဓာန်စာအုပ်ထူထူကြီးများတွင် အပြန်ပြန်အလှန်လှန် ရှာဖွေရ၏။ ဆွေဇင်ထိုက်နှင့် မို့မို့မြင့်အောင်ဟူသောအမည်နာမများရေပန်းစားခဲ့ရာ ခေတ်များကို နှစ်တစ်ရာပြက္ခဒိန်နှင့် အနုသုခုမဘုတ်အုပ်များကို တိုက်ဆိုင်စစ်ဆေးရ၏။ ရွှေမန်းသန်းနိုင်သည် ဇာတ်မင်းသားလား၊လူရွှင်တော်လား၊ဆပ်ကပ်ဆရာလား သေချာအောင် သုတေသနပြန်လုပ်ရ၏။ အချို့သောအရာများကား ကျွန်ုပ်လက်လှမ်းမမီ၍ ချန်ထားခဲ့ရ၏။
ဆိုရချေသော်
ကိုနော၏ အတ္ထုပ္ပတ္တိ(သို့မဟုတ်)သီသူမဲ့တေးသည်ကား
တစ်ခါတစ်ရံ၌ သိပ်သည်း၏။
တစ်ခါတစ်ရံ၌ ပွင့်လင်း၏။
တစ်ခါတစ်ရံ၌ ငြီးငွေ့ဖွယ်ကောင်း၏။
တစ်ခါတစ်ရံ၌ ပျော်ရွှင်ဖွယ်ကောင်း၏။
တစ်ခါတစ်ရံ၌ လမ်းပျောက်၏။
တစ်ခါတစ်ရံ၌ ပန်းတိုင်နှင့်ဝင်တိုက်၏။
ဤသည်ပင်လျှင် ကျွန်ုပ်ရေးပြချင်သော “ခေတ်ဟောင်းခေတ်သစ်ရဟန်းတစ်ပါးနှင့် ထွေလီကေလာကိုနော” ဟူသော ကွန်မင့်ကြီးပင်ဖြစ်တော့သတည်း။