ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

ရန်ကုန်ဓာတ်ပြား

Posted 10:02 PM by ကိုနော in Labels:
 ကားရေဆေးထားလိုက်
ငါ့ ဆိုက်ကားလေး ပြန်အပ်လိုက်ရပြီကွာ
ဒီမယ် ခင်ဗျားကား ဘယ်လောက်တန်လို့လဲ
အကြွေနှစ်ဆယ်လောက်ပါရင် ကားခလေး ပေးခဲ့ပါလား။

သိန်းနှစ်ရာပဲ ရှုံးတာပါ  မပြောပလောက်ပါဘူး။
ကန်စွန်းရွက်နှစ်စီး ငါးဆယ်ထားပါလား
ဒေါ်လာတစ်ရာပဲဗျာ စကားထဲ ထည့်ပြောလို့
အိမ်လခသုံးသောင်းကြီးများတောင်တဲ့
မန်ယူဘက်ကနေ ခုနစ်ပုံးတင်လိုက်ကွာ
ပိုက်ဆံနှစ်ထောင်ကျပျောက်သွားလို့တဲ့
အင်ဗာတာဖွင့်လိုက်ပါလား
မနေ့က ဖယောင်းတိုင်အတိုလေး ထွန်းလိုက်ပါလား
ILBC မှာ တက်နေတာလေ
မနက်ဖြန်ကလေးတွေ ကျောင်းအပ်ဖို့ ငွေလိုလို့ပါ
ဂျန်းရှင်းအိပ်လေးလွှာမှာ နေတာပါ။
ရှစ်နာရီကျော်ရင် ယုဇနကားတွေ မရှိတော့ဘူး
ဘိလိယက်ခုံမှာ ရှိမှာပေါ့
လက်ပွေ့ဂျာနယ်တွေ လိုက်ရောင်းနေရတယ်
ဘီယာနှစ်ဂျားပေးပါ
ဘီအီးတစ်ပိုင်းနဲ့ ရိုးရိုးရေတစ်ဘူး ပေးပါ
ဟိုအလယ်မှာ အချောင်ကြီး ရှေ့နည်းနည်းတိုးပါဦး
ခေါင်းမူးရင် ဆိုဖာပေါ် လှဲအိပ်လိုက်ပါလား
`ကျွီ´
ဘုရား...ဘုရား
သေချင်လို့လား.....
ဘယ်ညာနှစ်ယောက်ဆင်းမယ်
ကျဆိမ့်ဝမ်း ချိုပေါ့တူးမယ်ဟေ့
ခုနစ်ရာတန်းတွေ ရှစ်ရာနဲ့ရမယ်
တစ်ထောင်ဖိုးနှစ်ထည် ရွေးထား ရွေးထား
လန်ဒန်တစ်ပွဲပေးပါ
မြန်မာဆေးနဲ့ ငါးဆယ်ဖိုးလောက်
ဆူးလေ....ဆူးလေ
ဟာကွာ မီးပျက်သွားပြန်ပြီ
ပဲပြုတ်.....။

ဥတ္တရာအောင်

ပန်ကြားချက်
ဤကဗျာသည် ဆရာဥတ္တရာအောင်၏(၂၀၀၅)ခုနှစ်,သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင် ဖေါ်ပြထားသော ကဗျာဖြစ်သည်။သဘောကျလွန်းသဖြင့် မျှဝေလိုက်သည်။ဆရာဥတ္တရာအောင်အား ပန်ကြားခွင့်မရရှိသည့်
အတွက် စိတ်မကောင်းပါ။ မုဒိတာဖြင့်နားလည်ပေးစေလိုပါ၏..။ ရွှေမြို့တော်အား လွမ်းဆွတ်ကြစေ ကုန်ရာ သော်..။
 ကိုနောကတော့ ဟိန္ဒီကဗျာရွေးဆဲဖြစ်သည်။က၀ိတာ အဂ်ျကလ်စာအုပ် မကုန်မခြင်းပြန်ဆိုပါမည်။
`မသိသူကျော်သွား သိသူခုန်လွှား´ကြရန်သာဖြစ်ပါကြောင်း....။

                                                                    ကိုနော
                                                               ၃၁.၁.၂၀၁၀









0 comment(s) to... “ရန်ကုန်ဓာတ်ပြား”

0 comments: