ဟိန္ဒီဘာသာပြန်ကဗျာများ ဘုတ်အုပ်ထုတ်ရန် ကြိုးစားနေပြီဖြစ်ကြောင်းကို အသိပေးသင့်/မသင့် စဉ်းစားနေပါကြောင်း...။

အရာရာ သိဒ္ဓိပေါက် အဆောင်ဂါထာ

Posted 12:58 AM by ကိုနော in Labels:
စွယ်စုံကျော်ထင်ကျမ်းပြု ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ကြီးညွှန်ပြတော်မူသော
အရာရာ သိဒ္ဓိပေါက် အဆောင်ဂါထာ

ကျီးသဲလေးထပ်ဆရာတော်ကြီးသည်ပညာရှင်များအတွက်ခက်ခဲနက်နဲသောကျမ်းဂန်များပြစုရင်းသာမန်လူသား
များအတွက်လည်းလျစ်လျူရှုမထားပေ။ကျီးသဲလေးထပ်ဆရာတော်ကြီးသည်မနောရထပူရဏီအမည်ရှိသော
အဘိဓမ္မာဆိုင်ရာ`သဂြိင်္ုဟ်ခက်ဆစ်အလင်းပြအမေးအဖြေကျမ်းကြီး´ကိုရေးသားပြုစုရင်းအောက်ပါအရာရာ
သိဒ္ဓိပေါက်အဆောင်ဂါထာကိုညွှန်ပြတော်မူခဲ့သည်။ကျီးသဲလေးထပ်ဆရာတော်ကြီးညွှန်ပြတော်မူသောအရာ
ရာသိဒ္ဓိပေါက်အဆောင်ဂါထာနှင့်ညွှန်ကြားချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

ပထမံ သကလက္ခဏမေကပဒံ ၊ ဒုတိယာဒိပဒဿ နိဒဿနတော။ 
သ မ နီ, ဒု နိ မာ, သ မ ဒူ ၊ သ နိ ဒူ ကမတော ၀ိဘဇေ ပထမေန ၀ိနာ။

ပထမံ၊ရှေးဦးစွာသော။ဧကပဒံ၊တစ်ခုသောအနက်အဖို့သည်။သကလက္ခဏံ၊မိမိ၏သဘောလက္ခဏာအနက်
သည်။ဟောတိ၊ဖြစ်၏။ဒုတိယာဒိပဒဿ၊ဒုတိယအစရှိသောအနက်အဖို့ကို။သ,မ,နီ၊သမုဒယ,မဂ္ဂ,နိရောဓသစ္စာ
ကိုလည်းကောင်း။ဒု,နိ,မာ၊ဒုက္ခ,နိရောဓ,မဂ္ဂသစ္စာကိုလည်းကောင်း။သ,မ,ဒူ၊သမုဒယ,မဂ္ဂ,ဒုက္ခသစ္စာကိုလည်း
ကောင်း။သ,နိ,ဒူ၊သမုဒယ,,နိရောဓ,ဒုက္ခသစ္စာကိုလည်းကောင်း။နိဒဿနတော၊ထောက်ထား၍မြင်အပ်သော
ကြောင့်။ပထမေန၊ပထမအနက်နှင့်။ဝိနာ၊ကင်း၍။ကမတော၊အစဉ်အတိုင်း။ဝိဘဇေ၊ဝေဖန်ရာ၏။
                                                                                             (သင်္ခေပ၀ဏ္ဏနာဋီကာ-၂၉၆)

ဤဂါထာသည်တစ်ပါဒတစ်ပါဒ၌သဂိုဏ်းလေးခုစီရှိသောဋောဋကဂါထာတည်း။လေနတ်စောင့်သောသ..ဂိုဏ်း
ချည်းဖြစ်၍၎င်း၊သစ္စာအနက်(၁၆)ချက်အနက်သဘောမှန်ကန်သည်ဖြစ်၍၎င်း၊အာနုဘော်ထက်မြက်လှသည်။
အကျိုးများစွာပေးနိုင်သည်။ထို့ကြောင့်ရှေးသူဟောင်းတို့အဆောင်အရွက်ပြုကြကုန်သည်။

မှတ်ချက်။          
ဤဂါထာကိုအမြဲမပြတ်ရွတ်ဖတ်သရဇ္ဈာယ်ကထင်ထင်ရှားရှားအကျိုးထူးခံစားခွင့်များရနိုင်ပေသည်။
(မနောရထပူရဏီကျမ်း-၃၁၇-၈)

ကျော်ကြားလှသောစွယ်စုံကျော်ထင်,ဇိနတ္ထပကာသနီ,မဟာဝင်စသောကျမ်းပေါင်းများစွာကိုပြုစုတော်မူပြီး လောကီလောကုတ်နှစ်ဌာနလုံး၌ကျွမ်းကျင်တော်မူသောဆရာတော်ကြီးး၏လမ်းညွှန်ချက်ဖြစ်၍ယုံယုံကြည် ကြည်ရွတ်ဖတ်ပွါးများခြင်းဖြင့်အခက်အခဲများကျော်လွှားနိုင်ကြပြီးအရာရာပြီးစီးအောင်မြင်ကြပါစေကြောင်း ဆန္ဒကောင်းဖြင့်တင်ပြလိုက်ရပါသည်။

ကိုနော
၁-၁၂-၂၀၀၈


0 comment(s) to... “အရာရာ သိဒ္ဓိပေါက် အဆောင်ဂါထာ”

0 comments: